Pages

Monday, April 23, 2012

ဟာသလေးများ (3)

ဘလောဂ့်မရေးဖြစ်တာအတော်ကြာပါပြီ။ ဘလောဂ့်ဂါတစ်ယောက်ရဲ့ တာဝန်မကျေပွန်တဲ့အတွက် ဘလောဂ့်ဂါအကိုအမတွေ အားလုံးကို တောင်းပန်ပါတယ်။ သင်္ကြန်နီးကတည်းက ဘလောဂ့်ပေါ်မရောက်တော့ပါဘူး။ ဒီနေ့တော့ ဘလောဂ့်ပြန်စရေးရင်း ဟာသလေးတွေ တင်ပေးလိုက်ပါတယ်။ အားလုံးရယ်မောပျော်ရွှင် ခံစားနိုင်ကြပါစေ။

တစ်ဒေါ်လာတန် ယပ်တောင်

လူတစ်ယောက်သည် စတိုးဆိုင်တစ်ခုမှ  ယပ်တောင် တစ်ချောင်း ၀ယ်ယူသွားသည်။
ခဏအကြာ ဒေါသတကြီးဖြင့် ဆိုင်သို့ပြန်ရောက်လာသည်။
ဝယ်သူ- ဒီမှာ ခင်ဗျာတို့ ယပ်တောင်က ၀ယ်သွားတာမကြာသေးဘူး။ အခုကျိုးသွားပြီ။ အဲ့ဒါဘယ်လိုလုပ်မှာလဲ

အရောင်းစာရေး- တဆိတ်ခင်ဗျ။ လူကြီးမင်းက ယပ်တောင်ကို ဘယ်လိုခပ်ပါသလဲ။

ဝယ်သူ- ဘာ..ဘယ်လိုခပ်လဲဟုတ်လား။  မျက်နှာရှေ့မှာ ယပ်တောင်ကို ဟိုဘက်ဒီဘက်ခပ်တာပေါ့  ဗျ။

အရောင်းစာရေး- အဲ့ဒါဆို လူကြီးမင်း မှားနေပြီခင်ဗျ။ ကျွန်တော်တို့ဆိုင်ရဲ့ တစ်ဒေါ်လာတန် ယပ်တောင်က ယပ်တောင်ရှေ့မှာ မျက်နှာကို ဟိုဘက်ဒီဘက်လှည့်ပေးရတာခင်ဗျ။

ခေတ်နဲ့အညီ

တစ်ခါက ကြက်နှစ်ကောင် လမ်းမှာတွေ့ကြသည်။ တစ်ကောင်က စတင်နူတ်ဆက်လိုက်သည်။
''ဟေ့ကောင် ဘယ်က ပြန်လာတာလဲ''
'' ၀ုတ်ဝုတ် ''
'' မင်းဘာပြောတာလဲကွ''
'' ငါနိုင်ငံခြား ဘာသာစကား သင်ထားတာလေ ''

 အရွေးမတော် တစ်လှမ်း

တစ်ခါက လူသုံးယောက်မျက်စိလည် လမ်းမှားပြီး တောအုပ်တစ်ခုထဲသို့ ရောက်သွားကြသည်။ ထိုတောအုပ်တွင် ကြီးစိုးနေသော ဘီလူးတစ်ကောင်က သူတို့သုံးယောက်အား ဖမ်းလိုက်သည်။ ထို့နောက် အခွင့်အရေးတစ်ခုအနေနဲ့ သူတို့သုံးယောက်အား မိမိကြိုက်နှစ်သက်သော အသီးတစ်လုံးစီအား ခူးယူခိုင်းလေသည်။ ပြီး ထိုအသီးများကို အသံမမြည်အောင် မျိုချခိုင်းလေသည်။ ပထမလူက ပန်းသီး မျိုရလေသည်။ အသံမြည်သွား၏။ ထိုလူအား ဘီလူးက သတ်လိုက် သည်။ ထိုလူသေပြီး တမလွန်သို့ ရောက်သွားသည်။ သိပ်မကြာခင် တတိယလူရောက်လာသည်။
ပထမလူ- ဟေ့လူ ခင်ဗျားက ဘာအသီးမျိုလိုက်လို့ ဒီကိုရောက်လာတာလဲ
တတိယလူ- စပျစ်သီးပါ
ပထမလူ- ဟာဗျာ... စပျစ်သီးမျိုတာတောင် အသံမြည်ရတယ်လို့
တတိယလူ- မဟုတ်ပါဘူးဗျာ.. ဒုတိယလူ မျိုတာကိုကြည့်ပြီး ရယ်လိုက်လို့ပါ
ပထမလူ- နေပါဦးဗျ... ဒုတိယလူက ဘာအသီးမျိုလိုက်လို့လဲ..
တတိယလူ- ဒူးရင်းသီးပါ..။


တော်သေးတာပေါ့

တစ်ခါက လူတစ်ယောက်သည် ညအမှောင်ကြီးထဲတွင် လမ်းလျှောက်လာသည်။ တစ်နေရာအရောက် သူရှေ့တည့်တည့်မှာ အပုံတစ်ပုံခံနေလေသည်။ ထိုအပုံမှာ အနံ့တစ်ခုရလေသည်။ ထိုလူက ကျော်မသွားဘဲ ထိုအပုံအား လက်ညိုးဖြင့် ကလော်ကာ လျှာပေါ်သို့ တို့ကြည့်လိုက်သည်။ ပြီးမှ ၀မ်းသာအားရဖြင့်
'' ဟာ ချီးပုံဟ တော်သေးတယ် မတက်နင်းမိလို့ ''

မအိပ်တတ်လို့ပါ

တစ်ခါက စိတ်ရောဂါသည် တစ်ယောက်သည် ဆေးရုံအုပ်ကြီးဆီသို့ လာရောက်တိုင်ကြားလေသည်။
စိတ်ရောဂါသည်- ဆရာကြီး ကျွန်တော်ဘေးခုတင်က ကောင်ကို တခြားအခန်းကို ပြောင်းပေးပါ။
ဆေးရုံအုပ်ကြီး- သူက မောင့်ရင်ကို ဘာတွေနှောက်ယှက်လို့လဲ
စိတ်ရောဂါသည်- အဲ့ကောင်က ညညကျရင် သူခေါင်းက မီးတွေလင်းနေပြီလို့ ထထအော်တယ်
ဆေးရုံအုပ်ကြီး- အဲ့ဒါ မောင့်ရင်အတွက် ဘာအနှောက်ယှက်ဖြစ်လို့လဲ
စိတ်ရောဂါသည်- ကျွန်တော်က မီးလင်းရင် မအိပ်တတ်လို့ပါ။





Saturday, March 17, 2012

ငါ..မှားသလား ?????


ဒီနေရာမှာ

ကမ္ဘာကြီး တစ်ခုခြားနေလည်း

အဲ့ဒါ တို့နှစ်ယောက်ရဲ့ ရွေးချယ်ခွင့်ပဲ

ငါဟာ

မိန်းခလေးတွေကို ဂစ်တာတစ်လက်လောက် မချစ်ဘူးဆိုတာ

မင်းက လွဲရင်ပါ...

ကျေးဇူးပြုပြီး ငါ့ကို မမုန်းနဲ့

မချစ်ဘဲနဲ့လည်း ဟန်ဆောင်မပြုံးနဲ့

သံယောဇဉ်ရှိတောင် တိတ်တိတ်ကလေးနေပေးပါ..

ငါယုံကြည်ပါတယ်

ရောမဓါးတစ်လက်ရဲ့ အနားသတ်မျဉ်းတွေလို

တစ်နေ့မှာ တို့နှစ်ယောက်ဆုံရမယ်

ဒါဟာ ဆုတောင်းပဲ

မင်းလိုအပ်ရင် ဆက်သွယ်ပေါ့

ငါဒီနားမှာ ငြိမ်ငြိမ်လေး ...ရပ်နေမယ်..။

Thursday, March 15, 2012

ကျွန်တော်နှင့် ပင်လယ်နတ်သမီး

(၁)
အဲ့ဒီနေ့က ဘာရယ်မဟုတ်ပါဘူး ကျွန်တော်က ထုံးစံအတိုင်းပဲ ဘတ်(စ်)ကားပေါ်မှာ အိပ်ရင်းနဲ့လိုက်လာတယ်။ ဘ၀ာ်(စ်)ကားကြီးကလည်း ထုံးစံအတိုင်းပဲ အိပဲ့၊ အိပဲ့ နဲ့ မောင်းလို့..။ ကျွန်တော်ဆင်းရမယ့် မှတ်တိုင်ရောက်ခါနီးတော့ မျက်လုံးပွတ်ပြီး ထလိုက်မှပဲ ကျွန်တော်နတ်ပြည်ရောက်နေမှန်းသိရတော့တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့်ဘေးမှာ အရမ်းလှတဲ့ နတ်သမီးလေးတစ်ပါး ထိုင်နေလို့ပဲ။သူမက အဖြူနဲ့ အပြာရောင် ထမီလေးကို ၀တ်ထားပြီး ဆံပင်လေးကို နောက်လှန်ပြီးစုစည်းထားတယ်။ မျက်နှာလေးကလည်း ဘာအကာရံမှမရှိ ရှင်းသန့်ဖွေးနုလို့။နှာတံလေးက စင်းပြီးတော့ မျက်တောင့်လေးတွေက မကော့တကော့လေးတွေ။ သူမလက်ထဲမှာတော့ ဖိုင်တွဲတစ်ခု။ ကျွန်တော်သိလိုက်တယ် ဒါဟာ မဟာ တန်းကပဲဆိုတာ။ ဘယ်မေဂျာလဲတော့ မသိလိုက်ဘူး။ မှတ်တိုင်ရောက်တော့ ၀ရုန်းသုန်းကားနဲ့ ပြေးဆင်းရတာကို။သူမ မျက်နှာလေးကိုတောင် အပြည့်မကြည့်လိုက်ရဘူး။ စပယ်ယာကို စိတ်ထဲမှာကျိန်ဆဲရင် ဒီနေ့ဟာ ကျွန်တော်အတွက် နေ့ထူးနေ့မြတ်တစ်ပါးလို့ မှတ်ယူလိုက်မိတယ်။ သိပ်ချစ်ဖို့ကောင်းတဲ့ ကောင်မလေးတစ်ယောက်ကို ကျွန်တော်တွေ့ခွင့်ရတယ်။ ဒါဟာ ကျွန်တော့်အတွက် သောကြာကြယ် နတ်သမီးရဲ့ အလင်းလက်ဆောင်ပဲ။ ကျွန်တော်ရင်ထဲမှာ တိတ်တိတ်ကလေး ဆုတောင်းမိတယ်။ ကံကြမ္မာကြီးရယ် ကျွန်တော့် သူ့ကို နောက်ထပ်တွေ့ဆုံခွင့်လေး ဖန်တီးပေးပါဦးနော်။
            ကျွန်တော်က ကျောင်းမှာမသွားတတ်မလာတတ်တာတော့မဟုတ်ပါဘူး။ အတော့်ကို နှံ့နှံ့စပ်စပ်ရှိပါတယ်။ ဒါပေမယ့် လူတစ်ယောက်ကို ရှာဖို့ကျတော့ ကျောင်းကြီးက အရမ်းကို ကျယ်လွန်းနေတယ်။ ပြီးတော့ သူမက မဟာတန်းကဆို တော့ တွေ့ဖို့က အရမ်းခက်ခဲပါတယ်။ မဟာတန်းတွေက ကျောင်းတက်တာ နည်းတယ်လေ။ မေဂျာလည်းမသိ။ နာမည်လည်း မသိ။ နှစ်လည်း မသိဘူးဆိုတော့ စုန်းစုန်းမြုပ်ပါပဲ။ ဒါပေမယ့် ကျွန်တော်ကြိုးစားကြည့်ပါတယ်။ သူမကို တွေ့တဲ့နေ့က အချိန်ကိုမှတ်ပြီးတော့ ကားဂိတ်မှာ တစ်ချိန်လုံးထိုင်စောင့်တယ်။ မတွေ့ပြန်ပါဘူး။ မေဂျာစုံက သူငယ်ချင်းတွေကို အကူညီတောင်းပြီး ရှာခိုင်းတယ်။ သတင်းအစနတောင်မရပါဘူး။ ကျွန်တော်ပြောတာလည်း အရမ်းကို တိကျတာကို။ ဆံပင်လေးက နောက်လှန်ပြီးစည်းထားတယ်။ အဲ့ဒါထက်ပိုပြီးတော့ ကျွန်တော်မသိတော့ဘူး။ အဖြူနဲ့အပြာဆိုတဲ့ယူနီဖောင်းက သူ့ရက်နဲ့သူဝတ်ရတာဆိုတော့ ကျန်တဲ့ရက်တွေဆို အပြင်ဝတ်စုံနဲ့ မှတ်မိဖို့မလွယ်ပါဘူး။ ပြီးတော့ ဆံပင်ကလည်း နောက်လှန်ပြီးစည်းထားတာဆိုပေမယ့် ကျန်တဲ့နေ့တွေမှာ ချထားရင်ကော။ နောက်တစ်ခုက ကျွန်တော်က သူမကိုဘေးတိုက်လေးပဲ တွေ့လိုက်တာ။တကယ်တော့ ကျွန်တော့်အဖြစ်က အမှောင်ထဲမှာ အပ်ပေါက်ထဲကို အပ်ချည်ထည့် ရသလိုပါပဲ။ ရင်တွေမောလိုက်တာ။ တစ်ရက်တည်း တွေ့ရပေမယ့် တစ်သက်လုံးစွဲသွား တဲ့ အချစ်မျိုးနဲ့ သူ့မကို ကျွန်တော်ချစ်နေမိပြီထင်တယ်။

(၂)
            ကျွန်တော့်ဘ၀ရဲ့ ကံအကောင်းဆုံး နေ့ရက်တွေထဲက တစ်ရက်ဟာ ရောက်လာပြန်ပါတယ်။ ကျူရှင်ကို အမြဲနောက်ကျတဲ့ ကျွန်တော်က အဲ့ဒီနေ့ကမှ ထူးထူးခြားခြား ကျူရှင်ကို စောစောရောက်သွားတယ်။ ကျွန်တော်တို့ကျူရှင်က ဆက်ရှင်တွေ ခွဲပြီးသင်တာဆိုတော့ ကျွန်တော်ရောက်သွားတော့ ရှေ့အတန်းက မဆင်းသေးပါဘူး။ မနက်ပိုင်းအတန်းက (၁၂)နာရီဆင်း၊ ကျွန်တော်တို့ ညနေပိုင်း အတန်းက (123း0)တက်ရတယ်။ ဒါပေမယ့် ကျွန်တော်ဘယ်တော့မှ အချိန်မှီမရောက်ပါဘူး အနည်းဆုံးစာသင်ချိန် တစ်ချိန်ကျော်လောက်မှာရောက်တယ်။ ကျွန်တော်တို့အတွက်တော့ ကျူရှင်ဆိုတာ သွားစရာမရှိမှလာရတဲ့နေရာလို ဖြစ်နေတယ်လေ။ ကျွန်တော်အခန်းထဲရောက်တော့ စာသင်နေတုန်းပါပဲ ကျွန်တော်လည်း ခပ်တည်တည်နဲ့နောက်ဆုံးခုံမှာဝင်ထိုင်လိုက်ပြီး စာအုပ်တစ်အုပ်ထုတ်လို့ ဟိုလှန်ဒီလှန်လုပ်နေလိုက်တယ်။ ဟိုကြည့်ဒီကြည့်နဲ့ ဒါဟာ ဂုဏ်ထူးတန်းဆိုတာ သိလိုက်ရတယ်။ ဂုဏ်ထူးတန်းကျူရှင်ကလည်း ကျွန်တော်တို့ ကျူရှင်တစ်ခုပဲ သင်တယ်။ ဂုဏ်ထူးတန်းကလည်း အားရစရာ ယောက်ျားလေးဆိုလို့ ကျွန်တော်ရယ်၊ နောက်တစ်ယောက်ရယ် ဒါပဲရှိတယ်။ အဲ့တစ်ယောက်ကလည်း မိန်းကလေးတွေနဲ့ထိုင်နေတော့ ဒီဘက်ခုံမှာက ကျွန်တော်တစ်ယောက်တည်း။ ကောင်မလေးတွေက ကွက်ကြည့်ကွက်ကြည့်နဲ့ တချို့ဆို ပြောင်ပြောင်တင်းတင်းကို လှည့်ကြည့်တယ်။ ကျွန်တော်ထပြန်ချင်စိတ်ကို မနည်းအောင့်အီးထားရတယ်။ ဆရာမကို အားနာလို့သာ။ ဆရာမကလည်း ကျွန်တော်နဲ့ သိနေတယ်လေ။ သိပ်မကြာခင်မှာပဲ ကျွန်တော့်ရဲ့ ပြန်ချင်စိတ်အကုန်လုံး ကို ရပ်တန့်စေမယ့် နတ်သမီးခေါင်းလောင်းထိုးသံလေးကိုကြားလိုက်ရတယ်။ ဒို၊ရေ၊မီ၊ဖာ တွေ ကျွန်တော်နားမလည်ပါဘူး။ ဂီတအကြောင်းလည်း မသိပါဘူး။ ဒါပေမယ့် အဲ့ဒီအချိန်က ကြားလိုက်ရတဲ့ သူမရဲ့အသံဟာ ညသန်းခေါင်ယံမှာ ကောင်းကင်ကထိုးလိုက်တဲ့ တယောသံလေးလိုပါပဲ ဆူညံမှုတွေကြားထဲက ကျွန်တော့် နားစည်ကို ကြည်လဲ့စွာ လာရိုက်ခတ်တယ်။ ကျွန်တော်ရင်ခုန်စွာနဲ့ လှည့်ကြည့်လိုက်တော့ သူမ..။ ကျွန်တော်ရဲ့ ဘယ်ဘက်နံရိုးလေးဟာ အဖြူရောင် ဂါဝန်ဒူးဖုံးလေးနဲ့ ဆောင်းနံနက်ခင်းရဲ့ နှင်းပွင့်လေးတစ်စက်လို့ ဖြူလွှဖွေးလက်လို့ ကျွန်တော်နှလုံးသားတစ်ခုလုံးကို ဆွဲယူသိမ်းပိုက်သွားတယ်။ သူမက ရူပဗေဒ မေဂျာကပဲ။ ဒါဆို ကျွန်တော်နဲ့ အတူတူပဲပေါ့။ ကျွန်တော် အရမ်းပျော်သွားတယ်။ ကျွန်တော့်ရင်ထဲမှာ အာကသကြီးတစ်ခု ၀င်ရောက်နေရာယူသွားသလို ဟာလာဟင်းလင်းကြီး။ ဒါဟာ ဘာဖြစ်တာပါလဲ။ ကျွန်တော်သိသွားတယ်။ ကျွန်တော်သူမကို ချစ်နေတာ သေချာပါပြီ။ တကယ့်ကို မြတ်မြတ်နိုးနိုးနဲ့ပါ။ ဘယ်အရာနဲ့မှ နိုင်းယှဉ်လို့မရတဲ့ ချစ်ခြင်းမျိုး ဆိုတာ ကျွန်တော် သိနေတယ်။ ဒါဟာ ကျွန်တော့်ဘ၀ကို ကိုယ့်ကိုကိုယ် ပထမဆုံး စသိတဲ့ အချိန်ပါပဲ။ ကျွန်တော့်တစ်ကိုယ်လုံး ငြိမ်ပြီးတော့ စာအုပ်ကိုပဲ စူးစိုက်ကြည့်နေမိတယ်။ သူမကို ပြန်မကြည့်ရဲပါဘူး။ သူမက ကျွန်တော့်ကို တစ်ချက်လှမ်းကြည့် ပြီး ဟိုဘက်အထဲခုံမှာ ၀င်ထိုင်ပါတယ်။ ခိုးကြည့်ရမယ့် အခွင့်ရေးလေးကတော့ ဆုံးရှုံးသွားရပြီ။ ကျွန်တော့်စိတ်တွေက ခုနတုန်းနဲ့မတူ ခြားနားစွာ ရင်တွေခုန်ပြီ တစ်စုံတစ်ခုကို ရှက်နေတယ်။ပြီးတော့ ကျွန်တော်အရမ်းဝမ်းသာနေတယ်ဆိုတာပဲ။ကျွန်တော့် သူမကို ဘယ်လိုကြည့်ရမလဲ။ တခြားသူတွေ ရိပ်မိသွားလည်း စိုးရိမ်မိတယ်။ ဒါနဲ့ပဲ မျက်လုံးလေးထောင့်ကပ်ပြီး ကျွန်တော့်ရဲ့ ဧ၀လေးကို လှမ်းကြည့်မိတယ်။ သူမက ဆရာမကို လှမ်းကြည့်လိုက်၊ စာအုပ်ကိုကြည့်လိုက်၊ တစ်ခါတလေ ဘောပင်ကို ပါးစပ်လေးနဲ့ကိုက်လိုက်၊ တစ်ယောက်တည်း အလုပ်ရှုပ်နေပါတယ်။ဆံပင်လေးကို တစ်ဖက်ကိုဖါးလျားလေး ချပြီး၊ တစ်ဖက်ကို နားရွက်နောက်ကို သပ်တင်ထားပါတယ်။ သူမရဲ့ လှုပ်ရှားမှုပုံရိပ်တွေဟာ ကျွန်တော့်အတွက်တော့ ရုပ်ရှင် အနှေးပြကွက်လိုပါပဲ ထင်းကနဲ၊ လင်းကနဲ ရင်ထဲကို တစ်စစ်ခြင်း ထိုးနစ်ဝင်ရောက်နေတယ်။ ကြည့်နေရင်းနဲ့ ကျွန်တော်အားမလို၊အားမရဖြစ် လာတယ်။ သူမကို တစ်ခါတည်း မိတ်ဆက်ပြီး ဘယ်လောက်ချစ်ပါတယ်ဆိုတဲ့အကြောင်း တစ်ခါတည်း ပြောပစ်လိုက်ချင်တယ်။ ဒါပေမယ့် ဘတ်(စ်)ကားပေါ်က စာတန်းလို ဆန္ဒကို သိက္ခာနဲ့ ပြန်ပြန်ထိန်းနေရတယ်။အချစ်ဆိုတာ နွေရာသီမှာထွက်တဲ့ နှပ်ချီးလိုပဲ လူကိုနေရ၊ထိုင်ရ အတော်ခက်စေတယလို့် ကောက်ချက်ချမိတယ်။ ခဏအကြာ တီချယ်က ပုစ္ဆာတစ်ပုဒ်အိမ်စာပေးပြီး အတန်းဆင်းလိုက်ပါတယ်။ အားလုံးစာအုပ်တွေသိမ်းပြီး ထပြန်တော့ ကျွန်တော့်ရဲ့ နတ်သမီးလေးက ထိုင်ရကတောင်မထသေးပါဘူး။ သူမက တစ်စုံတစ်ခုကိုအပြင်းထန် စဉ်းစားနေပုံရတယ်။ တစ်ခါတစ်ခါ မျက်မှောင်ကျုံကျုံပြီးတော့ အလေးနက်စဉ်းစားနေသေးတယ်။ ဘာတွေများ ဒီလောက်အရေးတကြီး တွေးနေပါလိမ့်လို ကျွန်တော်တောင် တအံတသြဖြစ်သွားတယ်။ တီချယ်လည်း စိတ်ဝင်စားသွားပုံရပါတယ်။သူမ အနားကို လာမေးတယ်။
“သမီး..ဘာလုပ်နေတာလဲ..မပြန်သေးဘူးလား”
“သမီး..စဉ်းစားနေတာပါ ချယ်..”  သူမက အေးအေးဆေးဆေးပဲ ပြန်ဖြေတယ်။
“သြော်… ပုစ္ဆာကခက်လို့လား တီချယ်ကိုပြကြည့်လေ”
တီချယ်က ရှင်းပြဖို့ထိုင်ခုံမှာဝင်ထိုင်တော့ သူမက စာအုပ်ကိုပိတ်ပြီး
“ပုစ္ဆာက လွယ်ပါတယ်..ချယ်..သမီးစဉ်းစားနေတာက လူတွေသေရင် ရှေ့မှာဘာလို့ ရေအိုးကို ခွဲကြတာလဲ..သိချင်လို့..စဉ်းစားနေတာ အခုထိမရဘူး..တီချယ်သိရင် သမီးကို ပြောပြပါလားဟင်”
သူမက တကယ်လိုလိုလားလားကို သိချင်တဲ့ပုံမျိုးနဲ့ မေးနေတာ။ တီချယ်လည်း တစ်ချက်အမ်းသွားပြီး နောက်မှ တစ်စုံတစ်ခုကို သတိရသွားသလို မှားပြီ ဆိုတဲ့ ပုံမျိုးနဲ့ ဟိုလှည့်ဒီလှည့်နဲ့ ကျွန်တော့်ကို လှမ်းကြည့်တယ်။ ကျွန်တော်လည်း ကြောင်သွားတယ်။ သူမကပါ ကျွန်တော့်ဘက် လှည့်လာပါတယ်။ တီချယ်က စစ်ကူတောင်းတဲ့အနေနဲ့ ကျွန်တော့်ကို လှမ်းကြည့်ပြီး
“ ရဲထွဋ်ကတော့ ရလိမ့်မယ်..သမီးရဲ့ သူကစာအရမ်းဖတ်တယ်.. တီချယ်ကတော့ စာဖတ်အားနည်းတော့ သိပ်မသိဘူး.. သား..သမီးကို တစ်ချက်ရှင်းပြလိုက်ပါကွယ်.. တီချယ်နောက်တစ်ဝိုင်း ရှိသေးလို့ သွားလိုက်ဦးမယ်”
တီချယ်လည်း မပြေးရုံတမယ်ပဲ ဆင်းသွားတယ်။ ကျွန်တော့်မှာတော့ ကိုယ်ချစ်ရတဲ့ ကောင်မလေးနဲ့ ရင်ခုန်ရမယ့်အစား ချွေးပြန်ချင်လာတယ်။ သူမ ပုံမှန်ရော ဟုတ်ရဲ့လား။ ဘုရား၊ သိကြားမလို့ ကောင်းကောင်းကန်းကန်းလေးဖြစ်ပါစေ။ သြော်…ကြိုမမြင်ရတဲ့ အလွဲဆိုတာ ဒါမျိုးဖြစ်မယ်ထင်ပါ့။ ကျူရှင်မှာလည်း တခြားဘယ်သူမှလည်း မရောက်သေးဘူး။ သူမနဲ့ ကျွန်တော်နှစ်ယောက်တည်း။ သူမပုံစံက ရေအိုးပြဿနာမှ မရှင်းနိုင်ရင် ပြန်မယ့်သဘောမရှိဘူး။ သူမက ကျွန်တော့် အနားကို တိုးလာတယ်။ 

Monday, March 12, 2012

မှန်းရအောင်ဟေ့..ကောင်းကောင်း



ဘယ်ဆိုဒ်လောက်လဲ မှန်းကြည့်ရအောင်

.
အဟဲ..တင်ရင် ကောင်းမလား ၊ မတင်ရင် ကောင်းမလားလို့ စဉ်းစားနေတာနဲ့ အချိန်တွေ ကြာသွားတယ်။ အခုတော့ တင်လိုက်ပြီဗျာ။ အောက်က ပုံလေးကို ကြည့်ပြီး ခန့်မှန်းကြည့်လိုက်ပါ။ ဘယ်ဆိုဒ်လောက်ရှိမလဲဗျ။
34B, 36C, 38D.....or what? တဲ့။




တစ်ခါတစ်လေ မျက်စိ မမြင်ဆိုတာ ကိုယ့်စိတ်ရဲ့ သန္တာန်မှာ စွဲနေတာနဲ့ပဲ ဦးနှောက်ကို အလုပ်မလုပ်ပဲ ဆုံးဖြတ်မိတတ်ကြတယ်။ အခု အဖြေရပြီလားဗျ။ ဘယ် ဆိုဒ်လောက်ဖြစ်မလဲ။ အင်းလေ။ အဖြေမရရင်လည်း အောက်မှာပဲ ကြည့်လိုက်ပါတော့ ၊ ဒါက ဘာပုံလဲ ဆိုတာကို။ ဘာရယ် မဟုတ်ပါဘူး ပြုံးရရုံလေးပေါ့။

အဖြေရပြီလား။ မရသေးရင် မြားလေးကို ဆွဲပြီးသာ အောက်ကို ကြည့်လိုက်တော့...




ဟဲဟဲ..ပျော်စရာလေးပါပဲ။
ပျော်ရွှင်ပါစေဗျာ။

ကိုဇော် ခံစားတင်ပြသည်။

credit: “ www.zaw357.net ”  ကိုဇော်

ကိုကြီးကိုဇော်ဆီက တွေ့လို့ သဘောကျတာနဲ့ မလာလိုက်တာပါ။

Saturday, March 10, 2012

မင်း...သွား...



ငါ့ကိုယ်ပေါ်ကို 

မိုးကြိုး တစ်လုံးလောက် 

ပစ်ချလိုက်စမ်းပါ

ဒီရင်မှာ မည်းနက်သွားလည်း

ချစ်ရသူနဲ့

ဝေးလွင့်ခွဲခွာရခြင်းထက်တော့

ခံသာပါသေးတယ်

မင်ထားခဲ့တဲ့ နေ့ကစပြီး

ငါ့ဘ၀ဟာ အသက်ရှုရင် တစ်ခန်းရပ်သွားပြီ

မင်းဘက်ကို ကြည့်နေရင်း

ငါ့ဘက်ကို ငါမမြင်နိုင်ခဲ့ဘူး......

အိပ်မက်တွေ ပျောက်ရှ

တို့အမှတ်တရတွေလည်း ဖျောက်ဖျက်ပစ်လိုက်ပြီ...

ဒါဟာ...ငြင်သာတဲ့..ငါ့ရဲ့..ကလဲ့စား

ဒီနေရာက ဘယ်မှမသွားဘူး

အခုတော့ နေ၀င်ချိန်ဟာ ငါ့အတွက်ဖြစ်သွားပြီ

မင်းမှန်နေတုန်း ဆိုရင်တော့

နူတ်မဆက်ပါနဲ့ ချစ်သူရယ်

ရင်ခုန်သံကို ဆုံးရှုံး

ငါ့...၀ိဥာဉ်ကို စားသုံးဖို့

နတ်ဆိုးတွေကိုပဲ နိုးလိုက်တော့မယ်
.........


Tuesday, March 6, 2012

ယုံလား


အဲ့ဒီညက

နာရီပြန် နှစ်ချက်တီးထိ

ငါ..စိတ်ကူးကို ထိုင်ငေးကြည့်တယ်

ပင်လယ်အောက်ခြေမှာ

ငါတစ်ယောက်တည်း အထီးကျန်စွာ

ကန္တာရတွေ ...

တစ်ကြောင်းပြီး၊ တစ်ကြောင်း..ရေးချ

ဒို၊ ရေ၊ မီ၊ ဖာ

ငါဘယ်သူ့ကိုမှ ပြန်မပြောပြဘူး

................

ငါ့ရင်ကို 

တိတ်တိတ်ကလေး ဖွင့်ပြီး

ကောင်းကင်နဲ့ တီးတိုးပြောချိန်

ကြယ်စင်တွေ လဲ့ရီဝေဖြာ

 တိမ်စိုင်ထဲမှာ ရင်တွေ အရမ်းခုန်တယ်

.................

ငါသိချင်တယ်

လှောင်အိမ်မှာ တကယ်ပျော်သလား ငှက်ငယ်ရယ်

အချစ်ဆိုတာ

ငါနားမလည်တဲ့ တင်း၊ ကျပ်၊ ပြား ပုစ္ဆာတွေလိုပါပဲ

ဟိုဒီငေးငိုင် ကြည့်ရင်းနဲ့...

နံရံမှာ  ရေးနေကြ စာတစ်ကြောင်းကို သတိရတယ်

ငါနင့်ကို “...........” ။

Friday, March 2, 2012

မိန်းမတို့၏ မာယာ

မိန်းမတို့၏မာယာ ဆိုသည်မှာ မိန်းမတို့၏ လျိုဝှက်သော အပြုအမူသာဖြစ်သည်။မိန်းမတို့၌ မာယာဖြစ်ပေါ်ရခြင်းသည် ပတ်ဝန်းကျင်၏ လှုံဆော်မူ၊ မဟာယောကျာ်းတို့၏ ဖိနှိပ်မူကြောင့်ဟုဆိုနိုင်သည်။ အမှန်မူ မိန်းမသားတို့၌ မာယာဖြစ်ပေါ်ရခြင်းမှာ ယောကျာ်းတို့အား နှိပ်စက်ကလူပြုရန်မဟုတ်။ သူတို့ရင်ထဲ၌ ဖြစ်ပေါ်နေသော အကြောင်းကို မသိမသာ ဖော်ထုတ်ခြင်းသာဖြစ်ပေသည်။ယင်းသို့ မိန်းမသားတို့၏ ရင်တွင်း ဖြစ်ပေါ်မူ မာယာအား အနက်ဖွင့်အမျိုးမည် ခွဲခြားလိုက်လျင် အမျိုးပေါင်း(၄၀) ရှိသည်ဟုတွေ့ရသည်။
၎င်းမာယာ (၄၀)တို့အား ဖော်ပြပါအံ့..။
* မိန်းမမာယာ (၄၀)...

၁။ ၀ိဇမ္ဘတိ။  ။ ဦးခေါင်း၊ခြေ၊ လက်တို့ကို ဆန့်ပြခြင်း။(မိမိချစ်သူ ဝေးရာမှဖြစ်စေ၊ နီးရာမှဖြစ်စေ ဦးခေါင်းခြေလက် လှုပ်ရှားဆန့်ပြခြင်း။

၂။ ၀ိနမတိ။  ။ ခါးကို ရှေ့နောက်ကုန်းကော့ပြခြင်း။(မိမိချစ်သူ မိမိကိုယ်နေဟန်ထားကို စွဲမက်စေရန် ကိုယ်ကာယကို နွဲ့ညွှတ်ပြခြင်း။

၃။ ၀ိလာသတိ။ ။ စောင်း၍လည်းကောင်း၊ ပက်လက်လည်းကောင်း အိပ်ပြခြင်း။ (မိမိချစ်သူ မိမိအားတပ်မက်လာစေရန် ပြခြင်း။)

၎။ ၀ိလဇ္ဇာတိ။  ။ ရှက်စနိုးဟန် မရဲတရဲပြခြင်း။(မိမိချစ်သူအား မချိုမချဉ်မျက်နှာပေးဖြင့် နွဲ့သလို ပြုလုပ်ပြခြင်း။)

၅။ နစေန နခိယဋေတိ။  ။ လက်သည်းခြင်း ထိခိုက်ပွတ်ပြခြင်း။(မိမိချစ်သူရှေ့တွင် မျက်လုံးမှေးစင်းကာ စဉ်းစားသလို လက်သည်းခြင်း ပွတ်ပြခြင်း)

၆။ ပါဒေနပါတံ အက္တမဟိ။  ။ ခြေဖြင့် ခြေဖ၀ါးတစ်ဖက်ကို ဖိနင်းပြခြင်း။(မိမိချစ်သူရှေ့တွင် အလိုမပြည့်ဟန် ဖြင့် ခြေဆောင့်နင်းပြခြင်း)

၇။ ကဠေန ပထ၀ိံငိလေတိ။  ။ တုတ်ဖြင့် မြေကြီးကို ရေးခြစ်ပြခြင်း၊(မိမိချစ်သူရှေ့တွင် အတွင်းဆွေး ဆွေးနေဟန် မြေ၊ သင်ဖျူးကို ရေးခြစ်ပြခြင်း။)

၈။ ဒါရကံ၊ နလ္လဃာလတ။  ။ သူငယ်ကိုမြှောက်ချီပင့်ခြင်း။ (မိမိချစ်သူရှေ့တွင် ကလေးသူငယ်အား မြှောက်ပင့်ချီပြခြင်း။)

၉။ ကိဋတိ၊ ကိဋာလေတိ။  ။ ကလေးနှင့်ကစား၍ ခုန်ပြေးပြခြင်း။(မိမိချစ်သူရှေ့တွင်ကလေးနှင့် ခုန်ပေါက်ပြေးလွှားဆော့ခြင်း။)

္လ၁၀။ ခုမ္ဗတိ၊ ခုမ္ဗပေတိ။  ။ ကလေးကိုနမ်း၏။ နမ်းစေ၏။(မိမိချစ်သူရှေ့တွင် ကလေးကိုနမ်းပြခြင်း၊ နမ်းစေခြင်း)

၁၁။ ကုဉ္စပေတိ။  ။ စားစေ၏။စားသောက်ခိုင်း၏။(မိမိချစ်သူရှေ့တွင် ကလေးကိုစားစေခြင်း၊ စားသောက်ခိုင်းခြင်း)

၁၂။ ပဒါတိ။  ။ လက်ဆောင်ပစ္စည်းပေးကမ်းခြင်း။(မိမိချစ်သူအား လက်ဆောင်ပစ္စည်း ပေးကမ်းခြင်း)

၁၃တ။ ကတံ၊ အနုကယော။  ။ ချစ်သူလုပ်သမျှ အတူလုပ်ပြခြင်း။(မိမိချစ်သူ လုပ်သမျှကို လိုက်၍လုပ်ပြတက်ခြင်း)

၁၄။ နစ္စံတာသတိ။  ။ ချစ်သူဂုဏ်ကို အမြင့်ဆုံး ပြောပြခြင်း။(မိမိချစ်သူအား အမြဲဂုဏ်ယူမြှင့်တင် ပြောခြင်း)

၁၅။ နိစ္စံဘာသတိ။  ။ သူများက ချီးမွမ်းလျင် မိမိက နှိမ်ချပြောခြင်း(သူတစ်ပါး ချီးကျူးသည်နှင့် ဆန့်ကျင်ကာ နှိမ်ချပြောခြင်း)

၁၆။ အ၀ိစ္စံ ဘာသတိ။  ။ ချစ်ကြိုက်ကြောင်းကို ဖွင့်ဟ ဗြောင်ပြောခြင်း။(မိမိချစ်သူအား နှစ်သက်စွဲလမ်းချစ်ခင်ကြောင်း ဖွင့်ဟပြောဆိုခြင်း)

၁၇။ ဇိဝိစ္စံ ဘာသတိ။  ။ ဥပမာ စကားတို့ဖြင့် ချစ်ကြောင်းပြောခြင်း။(မိမိချစ်သူအား စွဲလမ်းချစ်ခင်ကြောင်း ဥပမာတို့ဖြင့် ကွယ်ဝှက်ပြောဆိုခြင်း)

၁၈။ နိစ္စံ။  ။ ကခုန်ပြခြင်း(ချစ်သူရှေ့တွင် ကခုန်တက်ကြောင်း ကပြခြင်း)

၁၉။ ဂီတ။  ။ သီချင်းညည်းခြင်း(ချစ်သူရှေ့တွင် သီချင်းသီဆိုခြင်း)

၂၀ ၀ါဒိတံ။  ။ တီးမှုတ်ပြခြင်း( ချစ်သူရှေ့တွင် တီးမှုတ်ပြခြင်း)


(ဆက်လက်ဖော်ပြပေးသွားပါမည်)

Wednesday, February 29, 2012

သင့်ဘ၀အဖော်မွန် အကြောင်း


သင်၏ချစ်သူရွေးချယ်သောအရောင်မှတဆင့်



အရောင်များမှတဆင့် သင့်ချစ်သူ၏ နှလုံးသားအတွင်းသို့ ၀င်ကြည့်ကြ ရအောင်နော်။ အရင်ဆုံး သင်၏ ချစ်သူကို ဘာအရောင်ကို အကြိုက်ဆုံးလဲလို့ မေးကြည့်လိုက်ပါ။ အဲဒီမှာ သင်၏ ချစ်သူပြောတဲ့ အရောင်ကို ကြည့်ပြီး သင်၏ ချစ်သူရဲ့ စိတ်သဘာဝကို ခန့်မှန်းကြည့်လို့ ရတာပေါ့။ အိုကေနော်။ အောက်မှာ အရောင်တွေက ပြောတဲ့ လူသား တွေရဲ့ စိတ်သဘာဝတွေ။

သင်၏ချစ်သူက အပြာရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

အေးအေးဆေးဆေး နေလိုသူ ဖြစ်တယ်။ ပျော်ပျော်ရွှင်ရွှင် နေလိုသူ ဖြစ်တယ်။ ဆရာသမားတို့ မိတ်ဆွေ အပေါင်း အသင်းတွေအပေါ်မှာ သစ္စာရှိတယ်။ လူတကာကို မေတ္တာထားတတ်သူပေါ့။ အများအကျိုးကို သယ်ပိုးရွက်ဆောင်လေ့ ရှိတယ်။ ပြောရရင်တော့ ပရဟိတ စိတ်ပေါ့။ လူမှု့ ၀န်ထမ်း စိတ်လည်း ရှိတယ်။ နောက်ပြီး ရည်ရွယ်ချက် မြင့်မားတယ်။ ကိုယ့်ရဲ စိတ်ခံစားချက်ကို ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်လှုပ်ရှားမှု့ကို ထိမ်းချုပ်နိုင်သူ တည်ငြိမ်သူလည်း ဖြစ်တယ်။ အိနြေ္ဒသိက္ခာနဲ့လည်း ပြည်စုံတယ်။ ဂတိစကား အလုပ်ကိုင်းစကား နဲ့ ပါတ်သက်လာရင်လဲ ယုံကြည် စိတ်ချရတယ်။ နောက်... သူဟာ ပါတ်ဝန်းကျင်နဲ့လဲ အဆင်ပြေပြေ ဖြစ်အောင် ပေါင်းသင်း ဆက်ဆံတတ်သူပါ။ ကိုယ့်ရဲ့ ချစ်သူအပေါ်မှာလဲ နားလည်ခွင့်လွှတ်တတ်သူ၊ အချစ်ကြီးသူ ဖြစ်တယ်။

သင်၏ချစ်သူက အနီရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

သူဟာ ထက်မြက်တဲ့ တောက်ပြောင်တဲ့ အရည်အချင်း အရည်အသွေးတွေ ပိုင်ဆိုင်ထားသူ ဖြစ်တယ်။ သူ့ရဲ့ အနေအထိုင် အပြေအဆို အပြုအမူတွေဟာ သွက်လက်နေတယ်။ ရမ္မက်တော့ ပြင်းထန်တယ်။ နောက်ပြီး အကောင်းလေးလဲ ကြိုက်တတ်တယ်။ သည်းခံစိတ်နည်းပြီး ဒေါသတော့ နည်းနည်း ကြီးသလိုပဲ။ တစ်ကိုယ်ကောင်း ဆန်တတ်ပြီး လူတစ်ဖက်သားအပေါ် အနိုင်ယူချင်တဲ့စိတ်က များနေတယ်။ သူ့ရဲ့ စိတ်ဓာတ်က ခိုင်မာမယ်။ ရဲစွမ်းသတ္တိကတော့ အတော် ရှိပါတယ်။ နောက်ပြီး သူဟာ ဇွဲတော့ အတော် ကောင်းပါတယ်။ တစ်ခုခုကို မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ သဘောသဘာဝရှိတယ်။ မဟုတ်ရင်တော့ နည်းနည်းလေးမှကို သည်ခံမနေတတ်ဘူး။ မျှော်လင့်ချက်နဲ့ ရည်ရွယ်ချက်လည်း သူတို့က မြင့်မြင့်မားမား စိတ်ကူးလေ့ ရှိတယ်။ စွန့်စား လုပ်ကိုင် ဆောင်ရွက်ရတဲ့ အလုပ်ကိစ္စတွေကို ၀ါသနာပါသူ ဖြစ်တယ်။ ဒါကြောင့် များသောအားဖြင့် ထင်ပေါ်ကျော်ကြားသူတွေ ဖြစ်တယ်။ တော်လှန်တတ်တယ်။ ပုန်ကန်တတ်တယ်။ တိုက်ခိုက်တတ်တယ်။

သင်၏ချစ်သူက အဖြူရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

အဖြူရောင်ကတော့ အေးချမ်းတည်ငြိမ်တဲ့သဘောရှိတယ်။ ဖြူစင်သန့်ရှင်းတဲ့ သဘောရှိတယ်။ ရိုးသားတဲ့ သဘောလည်း ရှိတယ်။ အဲဒီတော့ အဖြူရောင် ကြိုက်သူတဲ့ သင်၏ ချစ်သူကတော့ အေးအေးချမ်းချမ်း သာသာယာယာ နေလိုသူ ဖြစ်တယ်။ သူဟာ သူတစ်ပါးကိုလည်း ဘယ်တော့မှ နစ်နာအောင် မလုပ်တတ်ဘူး။ ကိုယ်မှာ ရှိသလောက်လေးနဲ့ ပျော်ရွှင်နေတတ်တယ်။ လုံးဝ မကြွားတတ်ဘူး။ ဟန်တစ်လုံး ပန်တစ်လုံးလည်း မနေတတ်ဘူး။ လူတွေနဲ့ ဆက်ဆံတဲ့ အခါတွေဆိုရင်လည်း ဘယ်တော့မှ မောက်မောက်မာမာ အထက်စီးက ဆက်ဆံလေ့ မရှိပဲ ကိုယ့်ကို အမြဲ နှိမ်ချ ဆက်ဆံတတ်သူ ဖြစ်တယ်။ ပျော်ပျော်နေတတ်ပေမယ့် စည်းကမ်းတော့ ရှိတယ်။ သူတွေးလိုက်ရင်လည်း ရိုးရိုးရှင်းရှင်းပု တွေးတယ်။ သစ္စာတရားကို တန်ဖိုးထားတတ်တယ်၊ မြတ်နိုးတယ်။ ဘာကိုပဲ ဖြစ်ဖြစ် အရာရာကို အကောင်မြင်တတ်တယ်။ နေတာထိုင်တာ ၀တ်တာ စားတာ အားလုံး သန့်သန့်ရှင်းရှင်း နေတတ် ထိုင်တတ်တယ်။ သူ့ရဲ့ စိတ်ထားဖြူစင်မှု့ကို မြင်နေနရတယ်။ ကိုယ့်ရဲ့ ချစ်သူ ကိုလဲ ဖြူဖြူစင်စင် ချစိတတ်တယ်။

သင်၏ချစ်သူက အစိမ်းရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မယ်။ ဂတိတည်မယ်။ သစ္စာရှိတယ်။ သူတပါးကို ကူညီတတ်တယ်။ သိမ်မွေ့နူးညံ့မယ်။ ဒေါသဖြစ်ခဲတယ်။ စိတ်ဆိုးခဲတယ်။ ကိုယ့်ချစ်သူ အပေါ်မှာလဲ နွေးထွေးမှု့ မရှိပဲ အေးစက်စက် ဖြစ်နေမယ်။ အား မလို အားမရဖြစ်ရမယ်။ ပွင့်ပွင့်လင်းလင်း မရှိဘူး။ အုံပုန်း ဆန်တာပေါ့။ ပါတ်ဝန်းကျင်နဲ့ ဆက်ဆံရေးကလည်း ခပ်ကြဲကြဲပဲ။ လူတွေနဲ့ ရောရောနှောနှော နေလေ့နေထမရှိဘူး။ ဒါကြောင့် သူလိုလူမှာ အပေါင်းအသင်း သိပ်မရှိတတ်ဘူး။

သင်၏ချစ်သူက အနက်ရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

သွေးအေးတယ်။ အရာရာကို လေးလေးနက်နက် သဘောထားပြီး လေးလေးနက်နက်ပဲ လုပ်ကိုင်လေ့ရှိတယ်။ သူလုပ်ရင် ဘယ်တော့မှ ထင်ထင်ပေါ်ပေါ် မလုပ်တတ်ဘူး။ အရာရာကို လျှို့ဝှက်စွာ လုပ်ကိုင်တတ်သူပါ။ တစ်ခုခုကို အမြဲတမ်းလဲ ဖုံးကွယ်ထားတတ်သူ။ နောက်ပြီး လူတကာထက် ပိုပြီး အစွဲအလန်း ကြီးတဲ့ သူဖြစ်တယ်။ ပြီးတော့ မာနကလည်း အတော်ကို ကြီးတာ။ ကိုယ့်ကိုကို ယုံကြည်ချက်ကလည်း ပြင်းထန်လွန်းတယ်။ ငါလုပ်ရင် ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ စိတ် ရှီတယ်။ ခေါင်းမာတယ်။ တယူသန်နိုင်တယ်။ တစ်ယောက်ထဲ သီးသန့် နေလိုစိတ် ရှိတယ်။ မကောင်းတာကို လုပ်ရရင် ပျော်မွေ့တဲ့ စိတ်ရှိတယ်။ ကိုယ်ချစ်သူအပေါ်မှာတော့ လေးလေးနက်နက် စွဲစွဲလန်းလန်း အရူးအမူး ချစ်မယ့်သူပေါ့။

သင်၏ချစ်သူက ခရမ်းရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

ဆွဲဆောင်မှု့တော့ ရှိတယ်။ ပြဿနာတွေ ဘာတွေတော့ မဖြစ်စေနဲ့နော်။ ပြဿနာဖြစ်လာရင်တော့ ခေါင်း ရှောင်သွားလိမ့်မယ်။ ဘာပဲ လုပ်လုပ်သူဟာ လျှို့ဝှက်စွာ လုပ်ကိုင်လေ့ရှိတယ်။ ကိုယ့်အတွက်ကတော့ အရမ်း သိတတ်တယ်။ ဘယ်လိုအခြေအနေ ပဲ ရောက်ရောက် ဘ၀တိုးတက်ဖို့အတွက်ကတော့ အမြဲတမ်း ကြိုးစားအား ထုပ်နေလေ့ ရှိတယ်။ ထူးဆန်းတာ တစ်ခုကတော့ ဂမ္ဘီရ ပညာရပ်တွေကို ထူးထူဆန်းဆန်း စိတ်ဝင်စားလေ့ရှိ တယ်။ နောက်ပြီး သူဟာ အလှအပတို့ အနုပညာတို့ စာပေတို့ကိုလည်း မြတ်နိုးသူ ဖြစ်မယ်။ သူက အဲဒါတွေသာ လုပ်တဲ့လူဆိုလို့ ကတော့ သေချာပေါက်အောင်မြင်မယ်။ ဒါကြောင့် စိတ်ကူးလဲ အရမ်း ယဉ်တတ်တယ်။ လက်တွေ့မကျတဲ့ အိပ်မက်ဆန်ဆန် စိတ်ကူးတွေလဲ သူ့မှာ အပြည့်ရှိတယ်။ နောက်ဆုံး ကိုယ်ချစ်သူကို ချစ်ရင်တောင် သူက စိတ်ကူးယဉ် ဆန်ဆန်နဲ့ ချစ်ခင်တတ်ပါတယ်။

သင်၏ချစ်သူက လိမ္မော်ရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

သူကတော့ အရာရာမှာ တက်တက်ကြွကြွ ရှိမယ်တဲ့။ နေတာ ထိုင်တာ ပြောတာဆိုတာကအစ ပျော်ပျော်ရွှင်ရွှင် နေတတ် ထိုင်တတ်တယ်။ နောက်ပြီး စကားအပြောအဆို ကောင်းသူလည်း ဖြစ်တယ်။ လူတွေကသာ သူ့ကို ဂရုစိုက်လို့ကတော့ သူက အရမ်းကြိုက်။ ဒါပေမယ့် သူဟာ ဘာပဲလုပ်လုပ် ပေါ့ပေါ့တန်တန် လုပ်တတ်တဲ့ သဘောရှိတယ်။ ပြောရရင်တော့ ပေါ့ပေါ့နေ ပေါ့ပေါ့စာဆိုတာ သူလိုလူကို ပြောသလိုပါပဲ။ အပျော်အပါးကတော့ ကြိုက်သလားမမေးနဲ့။ နေရာတကာမှာ ထင်ပေါ်ချင်တယ် ကျော်ကြားချင်တယ်။ အချစ်ဆိုသော အရာကိုတော့ ပေါ့ပေါ့တန်တန် သဘောထားတတ်တယ် ဆိုတော့ အင်း ဒီလိုလူမျိုးကတော့ သတိထားပေါ့နော်။

သင်၏ချစ်သူက အ၀ါရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

အ၀ါရောင်ကို နှစ်သက်တဲ့ သူကတော့ သူဟာ အများအကျိုးကို သယ်ပိုးထမ်ဆောင်လိုတဲ့သူ ဖြစ်တယ်။ ပရဟိတ လုပ်ငန်းတွေကို လုပ်ဆောင်ရတာကို ၀ါသနာ ပါတယ်။ လူတွေကို ဘယ်လို ကူညီပေး၇မလဲ ဆိုတာကိုပဲ စဉ်းစား နေလေ့ရှိတယ်။ လူ့ပါတ်ဝန်းကျင်နဲ့ နွေးနွေးထွေးထွေး ရင်းရင်းနှီးနှီး နေထိုင်တတ်တဲ့ အကျင့်ရှိတယ်။ အပြောင်းအလဲကိုလည်း သဘောကျ လက်ခံတတ်တဲ့လူပေါ့။ သဘောကျ နှစ်ခြိုက်တတ်တဲ့ လူပါ။ သမရိုးကျ လမ်းဟောင်းကို မလိုက်ဘူး လမ်းသစ် ထွင်ဖောက် လျှောက်ချင်တဲ့ လူ။ လက်တွေ့တော့ ကျသား။ သူလည်း အနုပညာကို ၀ါသနာပါပြီး ကိုယ်ချစ်သူအပေါ်လည်း နွေးထွေးစွာ ဆက်ဆံတတ်သူဆိုတော့ ကောင်းပါတယ်။

လောလောဆယ်တော့ ဒီလောက်နဲ့ပဲ နားလိုက်ပါဦးမယ်။ နောက်ကျမှ ကာလာလော်ဂျီနဲ့ ပါတ်သက်လို့ ဒုတိယပိုင်း ဆက်တင်ပေးပါ့မယ်ဗျာ။

သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်

(ဤပို(စ်)့လေးအား ဆရာဟိန်းတင့်ဇော်၏ ဘလောဂ့်(www.heintinzaw.com)မှ ကူးယူးဖော်ပြပါသည်)

Saturday, February 25, 2012

သွေးဗေဒင်

" A "သွေးပိုင်ရှင်များ ၏ထူးခြားချက်

သွေးအမျိုးအစားကို လိုက်ပြီး လူတွေရဲ့ စိတ်နေစိတ်ထားတွေကို ခန့်မှန်းလို့လည်း ရပါတယ်..ဒီနေ့တော့
သွေးအုပ်စု လေးမျိုးထဲက အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားများကို
ဖော်ပြပေးလိုက်ပါတယ်..

အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့ အောက်ပါအတိုင်းပါ..
ငယ်စဉ်ဘ၀မှာတော့ သူတပါးကို စဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့... သူတပါးကို
နောက်ပြောင်ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့... ဒါပေမယ့် ကြီးပြင်းလာတာနဲ့
အမျှ ငယ်စဉ်က စရိုက်သဘာဝများက တဖြည်းဖြည်း ပြောက်ကွယ်သွားပြီး သူများတကာတွေ
အံ့အားသင့်လောက်အောင် အေးဆေးတည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့...
အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့် အရာအားလုံးကို တာဝန်သိစွာ လုပ်ကိုင်တတ်သူများ
ဖြစ်လာပါတယ်တဲ့... တခါတလေ ပတ်ဝန်းကျင် အခြေအနေ မကောင်းတဲ့ အခါမှာ
စိတ်လေလွင့်တတ်ပါတယ်တဲ့... အသစ်အဆန်းတွေကို စမ်းသပ်လုပ်ကိုင်တာထက်
ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း ကျင်လည်ရတာကို
နှစ်သက်သူများ ဖြစ်ကြပါတယ်... အလုပ်တစ်ခုကို
လုပ်ပြီဆိုရင်လည်း အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက် အဆင့်လိုက် တဖြည်းဖြည်းချင်း
ဖြေရှင်းတတ်တဲ့ စတိုင်လ် ပါ... သပ်သပ်ရပ်ရပ် စေ့စေ့စပ်စပ်နဲ့
အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ...
နေ့စဉ်နေ့တိုင်း လုပ်နေကြ အလုပ်တွေကိုပဲ လုပ်နေတတ်လို့ အသစ်အဆန်းကို မရှိဘူးလို့
အပြောခံရတာကိုလည်း ခံရတတ်ပါတယ်... ဒါ့အပြင် ဘယ်လို အခြေအနေမျိုး မဆို
ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ ပြတ်သားလွန်းတာကြောင့်
မာဆတ်ဆတ်နိုင်တယ်... ဘုကြတယ် ဆိုပြီး အပြောခံရတာမျိုးလည်း
ရှိနိုင်ပါတယ်...

အေသွေးပိုင်ရှင်များရဲ့ သူများနဲ့ မတူ ထူးခြားချက်ကတော့ တနေ့တာအတွင်း ပေါ်ပေါက် ရင်ဆိုင်ရတဲ့ အလုပ် မှန်သမျှကို
စနစ်တကျ ဆောင်ရွက်တတ်ပေမယ့် စိတ်ရှုတ်လွယ်တဲ့ လူမျိုးတွေပါတဲ့... ကိုယ်နဲ့
ဆက်ဆံနေတဲ့ လူတွေကို နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး သူတပါကို
ပျော်ရွှင်မှုပေးချင်ကြသူများ ဖြစ်ပါတယ်... တခါတလေမှာတော့ သူများကို
မယုံမကြည် ဖြစ်တတ်လို့ ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောဘဲလည်း
နေတတ်ပါသတဲ့... ဒီလို မယုံကြည်တတ်တဲ့ သဘောထားကြောင့် လူတွေနဲ့
ဆက်ဆံတဲ့အခါမှာ ကန့်လန့်ကာ
တစ်ချပ်ချထားပြီး ဆက်ဆံတတ်ကြပါတယ်တဲ့... ဒီသဘာဝလေးကတော့ သူတို့ရဲ့ မကောင်းတဲ့ အကျင့်လေး တစ်ခုပါတဲ့... ဘ၀ရဲ့
အနှစ်သာရကို တစ်နေရာမှာဘဲ မရှာဘဲ အားလပ်ရက်ကိုလည်း ခုံမင်တတ်ပါတယ်တဲ့...
အားလပ်တဲ့ အခါမှာ လျှောက်လည်ရတာကိုလည်း နှစ်သက်သလို လျှောက်လည်လို့
ကုန်ကျတဲ့ စရိတ်ကိုလည်း
မနှမျောပါဘူးတဲ့... တစ်ယောက်တည်း သီးသန့် ကမ္ဘာလေးကို တည်ဆောက်ချင်သူများ ဖြစ်ပါတယ်... အထက်လူကြီးရဲ့
အဆူခံရတာမျိုးကို ခံပြီးပြီဆိုရင် မေ့လို့ မရဘဲ စိတ်ထဲမှာ
သိမ်းထားတတ်တာကြောင့် စိတ်ဖိစီးမှုများရှိနေတတ်ပါတယ်..

ဒေါသထွက်တဲ့အခါမှာလည်း ဒေါသကို ဖော်ပြလေ့မရှိတာကြောင့် စိတ်ဖိစီးမှု ပိုများတာ ဖြစ်ပါတယ်...
စိတ်ဖိစီးမှုတွေများနေတာကြောင့် စိတ်ဓါတ်ကျနေရတဲ့ နေရက်တွေလည်း
ရှိတတ်ပါတယ်တဲ့... ဒါကြောင့်မို့ စိတ်ထဲက မကြေနပ်ချက်လေးတွေကို တခါတလေ
ဖော်ပြဘို့ လိုပါတယ်..

ဒီကနေ့ ဖော်ပြပေးလိုက်တာကတော့ အေသွေးပိုင်ရှင်များရဲ့ စရိုက်သဘာဝများဘဲ ဖြစ်ပါတယ်... ကျွန်တော်နဲ့
ကျွန်မက စံ ဇာဏီဘို မဟုတ်ပေမယ့် စိတ်နှလုံး အပန်းဖြေနိုင်ရန် အတွက်
ဖော်ပြပေးလိုက်ပါတယ်... နောက်နေ့ နောက်နေ့တွေမှာတော့ ကျန်နေသေးတဲ့
သွေးအုပ်စုများ အကြောင်းကို ဆက်လက် တင်ပြသွားပါဦးမည်...

" B "သွေးပိုင်ရှင်များ

ဘီသွေးပိုင်ရှင်များရဲ့ စိတ်နေသဘောထားများကို တင်ပြမှာ ဖြစ်ပါတယ်

ဘီသွေးပိုင်ရှင်များကတော့ အရမ်းငယ်စဉ်မှာတော့ သွက်လက်ဖျက်လတ်ပြီး တက်တက်ကြွကြွနဲ့ လှုပ်ရှုားတတ်ပေမယ့် ကျောင်းစတတ်တဲ့
အရွယ်လောက်ကစပြီး ပတ်ဝန်းကျင်က လူတွေနဲ့ လိုက်လျောညီထွေအောင် မနေတတ်ဘဲ
လေလွင့်နေတတ်ပြန်ပါသတဲ့... ဒါပေမယ့် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီ
ဆိုရင်တော့ အားလုံးထက် ပိုပြီး ကြိုးကြိုးစားစားနေတတ်ကြတဲ့ သူများဖြစ်လို့
ရှုံးနိမ့်မှုကို မကြောက်ဘဲ မပြတ်သော ဇွဲလုံ့လနဲ့သာ ဆက်လက်ပြီး ကြိုးစားပါ...
ကိုယ်သဘောကျတဲ့ အလုပ်တစ်ခုတည်းမှာဘဲ အာရုံအားလုံးကို နှစ်မြုပ်ထားတတ်တဲ့
စတိုင်လ် ဖြစ်ပါတယ်... ဒါပေမယ့် ပတ်ဝန်းကျင် အခြေအနေက မပေးခဲ့ဘူးဆိုရင်တော့
သိပ်မကြိုးစားတတ်ကြပါဘူးတဲ့... ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး
ပြောရမယ်ဆိုရင်တော့ ဘီသွေးပိုင်ရှင်များဟာ သတ်မှတ်ထားတဲ့ ပုံစံအတိုင်း
ဆက်ဆံရတာမျိုးကို မနှစ်သက်ကြပါဘူး... ကိုယ်နဲ့ သိပ် မခင်လှတဲ့
မိတ်ဆွေတွေနဲ့ အတူရှိတဲ့ အချိန်မှာတော့ ဟန်မပျက် အလိုက်တသင့်
နေတတ်ကြသူများလည်း ဖြစ်ပါတယ်... မျက်နှာခွဲခြားတတ်ပြီးတော့ တခြားသူတွေရဲ့
ရှေ့မှာ လူတတ်လုပ်ရတာမျိုးကိုလည်း မနှစ်သက်တတ်ကြပါဘူး...
ဘီသွေးပိုင်ရှင်များဟာ ပုံစံခွက်ထဲမှာ ချုပ်နှောင်ခံရတာမျိုးကို မုန်းပြီး
လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားရတာကို နှစ်သက်ကြပါတယ်တဲ့... ဒါပေမယ့်
သတိပြုစရာ တစ်ခုကတော့ လွတ်လပ်မှုကိုဘဲ အစဉ် တောင့်တနေခြင်းကြောင့်
ပတ်ဝန်းကျင်က လူတွေကို ဒုက္ခပေးတတ်တယ်ဆိုတာကိုပါဘဲ...

ဘီသွေးပိုင်ရှင်များရဲ့ သူများနဲ့မတူ တမူထူးခြားနေတာကတော့ လွတ်လပ်စွာ တွေးခေါ်တတ်တဲ့အပြင်
သူတပါးကို မှီခိုအားကိုနေရတာမျိုးကို မနှစ်သက်ကြပါဘူး...
ကိုယ်အားကိုကိုးပြီး အလုပ်အားလုံးကို ဆောင်ရွက်ချင်ကြပါတယ်...
အလုပ်တစ်ခုကို လုပ်နေစဉ်မှာတောင် တခြားအလုပ်တစ်ခုကို တပြိုင်တည်း
ဆောင်ရွက်တတ်သူများလည်း ဖြစ်ပါတယ်... စည်းမျဉ်းစည်းကမ်းတွေကို သိပ်
ဂရုမစိုက်တတ်လို့ ကိုယ့်ထက် အငယ်တွေရဲ့ ချစ်ခင်မှုကို ခံရတတ်ပေမယ့်
လူကြီးတွေဆီကတော့ ဆူပူကြိမ်းမောင်းတာကို ခံရတတ်ပါတယ်... တခါ
ဒေါသထွက်ပြီဆိုရင်လည်း အဖြူအမည်း မခွဲခြားနိုင်လောက်အောင်ပါဘဲတဲ့...
ဒေါသပြေတဲ့ အခါမှ အခြေအနေတွေကို ပြန်ရှင်းပြပြီး နားလည်မှုကို ယူတတ်ကြတဲ့
စတိုင်လ်မျိုးပါတဲ့... အမှားတစ်ခုကို လုပ်မိတယ် ဆိုရင်လည်း ကိုယ်လုပ်တဲ့
အမှားအတွက် တောင်းပန်ဘို့ ၀န်မလေးသူများလည်း ဖြစ်ပါတယ်... တနည်းအားဖြင့်
အတွင်းစိတ်ထား ပွင့်လင်းသူများ ဖြစ်ကြလို့ အထင်အလွဲခံရတာတို့ ရန်ညှိးတို့
မရှိတဲ့ သွေးပိုင်ရှင်များ ဖြစ်ပါတယ်

ကျန်ရှိနေသေးတဲ့ သွေးအမျိုးအစားများ အကြောင်းကိုလည်း ဆက်လက် ဖော်ပြသွားပါမည်..

" O " သွေးပိုင်ရှင်များ

ဒီတစ်ခါ အိုသွေးပိုင်ရှင်များ အကြောင်း တင်ပြသွားမှာဖြစ်ပါတယ်... အိုသွေးပိုင်ရှင်များကတော့ စရိုက်သဘာဝက
ထူးခြားပါတယ်...

အိုသွေးပိုင်ရှင်များကတော့ အိမ်မှာတော့ ပြဿနာရှာတတ်ကြပေမယ့် သူငယ်ချင်းတွေနဲ့ဆိုရင်တော့ သူငယ်ချင်းတွေကို
ကြည့်ရှုစောင့်ရှောက်တတ်ပြီး လူတကာနဲ့ လိုက်လျောညီထွေအောင်
နေတတ်သူများဖြစ်ကြပါတယ်... အရာအားလုံးကို တက်တက်ကြွကြွနဲ့
ပါဝင်ဆောင်ရွက်တတ်သူများ ဖြစ်ကြပါတယ်... အလုပ်အားလုံးကိုလည်း
ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား ဆောင်ရွက်တတ်ကြသူများ
ဖြစ်ပါတယ်... လုပ်ငန်းခွင်ကို ရောက်ပြီဆိုရင်လည်း သူတပါးကို
စာနာထောက်ထားတတ်ကြပါသတဲ့... အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု ရှိပြီဆိုရင်
တစိုက်မတ်မတ်နဲ့ လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့
ထင်မိပြီဆိုရင်တော့ အစွဲအလမ်း တစ်ခုမှမထားဘဲ လက်လျှော့ပစ်တဲ့
အကျင့်လေးများလည်း ရှိပါတယ်တဲ့... အလုပ်တစ်ခုကို လုပ်ကိုင်နိုင်စွမ်း
မြင့်မားသလို အခြေအနေ အလိုက် စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့...
ရလဒ်ကိုဘဲ ဦးစားပေးသူများလို့လည်း ဆိုနိုင်ပါသတဲ့... အလုပ်တစ်ခုကို
လုပ်တော့မယ်ဆိုရင် plan အရင်ချပြီးမှ လုပ်ကိုင်လေ့လည်း ရှိပါသတဲ့... ကိုယ့်
စတိုင်လ်နဲ့ကို နေတတ်သူများဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို
ပိုင်ဆိုင်သူများလည်း ဖြစ်ပါတယ်... ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ
ဖြစ်တာမို့ အနုပညာလောကကို ခြေချမယ်ဆိုရင်လည်း အောင်မြင်နိုင်တဲ့သူများ
ဖြစ်ပါတယ်တဲ့.... ဒါပေမယ့် ကိုယ်ရဲ့ အတွေးအမြင်ကသာ အမှန်ဖြစ်တယ်ဆိုတဲ့
ယုံကြည်မှု ပြင်းထန်ချင်းက တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျှူရှုသလို
ဖြစ်နေတတ်ပါတယ်... အပန်းဖြေတာတို့ ၀ါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့
သိပ်မနှစ်သက်လှပါဘူး... အိုသွေးပိုင်ရှင်များက လက်တွေ့ကျကျ လုပ်ကိုင်ရတာကို
နှစ်သက်ကြသူများလည်း ဖြစ်ပါတယ်... တခါတလေမှာတော့ Romantic
ဆန်တာလေးတွေကိုလည်း ကြိုက်နှစ်သက်ကြပါတယ်တဲ့...

အိုသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေအတွက် အများကြီး
သည်းခံတတ်ပေမယ့် ရေရှည်တော့ သည်းမခံနိုင်ပါဘူးတဲ့... လူတွေနဲ့ ဆက်ဆံတဲ့
အခါမှာ ယုံကြည်မှု ရှိရှိနဲ့ ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ ဆက်ဆံတဲ့
အခါမှာတော့ နွေးနွေးထွေးထွေး သဘောထား ကြီးကြီးနဲ့ ဆက်ဆံတတ် ကြပါသတဲ့...
ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့ တခါတလေမှာ မလိုအပ်ဘဲ
စိတ်ဆင်းရဲရတာမျိုးလည်း ရှိပါတယ်... အိုသွေးပိုင်ရှင်များက တခါတလေမှာ
စကားနည်းပြီး အေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရတာကို
ကြိုက်နှစ်သက်ကြပါသတဲ့... တစ်ယောက်ယောက်နဲ့ စိတ်ကသိကအောင့် ဖြစ်တဲ့
အခါတိုင်း စိတ်ထဲမှာ စုမထားဘဲ တဘက်သားကို ပြတ်ပြတ်သားသား ပြောတတ်ပါသတဲ့...
ဒါပေမယ့် အားလုံး ပြီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါ ဘယ်တုန်းက လုပ်ခဲ့လို့လဲ
ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီးနေနိုင်သူများပါ...

ကျန်နေသေးသော အေဘီသွေး အကြောင်းကိုလည်း ဆက်လက် တင်ပြသွားပါဦးမည်....

" AB "သွေးပိုင်ရှင်များ..

အေဘီသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ဒီလို ဖြစ်ပါတယ်... အေဘီသွေးပိုင်ရှင်များဟာ သိပ်ပြီး မထူးခြားလှတဲ့
စရိုက်သဘာဝကို ပိုင်ဆိုင်ထားပါတယ်တဲ့...

မိဘကို ဆိုးတာမျိုးလည်း မရှိတဲ့ အေဘီသွေးပိုင်ရှင်များက အရာအားလုံးကို ကွက်ကျော်မြင်တတ်လို့
အဆူခံရတာမျိုးလည်း လုံးဝ မရှိသလောက်ပါတဲ့... ကိုယ့်ပတ်ဝန်းကျင်မှာ
ဘာတွေဖြစ်နေတယ် ဆိုတာကို လျင်လျင်မြန်မြန် အကဲခတ်နိုင်စွမ်းရှိသူများလည်း
ဖြစ်ပါတယ်... ဒါကြောင့်မို့ ပတ်ဝန်းကျင်က လူတွေက အေဘီသွေးပိုင်ရှင်များကို
စကားနည်းပြီး ဘုကျကျနိုင်လိုက်တာလို့ အပြောခံရတာမျိုးလည်း ကြုံရတတ်ပါတယ်...
ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင်
နေတတ်လာပြီး လူမှုဆက်ဆံရေးလည်း ကောင်းမွန်ပြေပြစ်လာပါတယ်တဲ့...
အစပိုင်းမှာတော့ အလုပ်တစ်ခုကို ကြာရှည်လုပ်နိုင်တဲ့ ဇွဲ နည်းပါးတာကြောင့်
အလုပ်တစ်ခုကို လုပ်တဲ့ အခါမှာ မြန်မြန် ပင်ပန်းအားလျော့ လွယ်ပါတယ်တဲ့...
ဒါပေမယ့်လည်း ၀ီရိယစိုက်ပြီး ကြိုးစားနေတဲ့ ကိုယ်ကိုတိုင်ရဲ့ ပုံစံကို
နှစ်သက်သူများ ဖြစ်လို့ ဘယ်အရာကိုမဆို လုပ်လိုစိတ် ပြင်းထန်ပြီး
ကြိုးကြိုးစားစား တက်တက်ကြွကြွနဲ့ လုပ်ဆောင်တတ်ပါတယ်တဲ့... လူတွေနဲ့
ဆက်ဆံတဲ့ အခါမှာလည်း အပြောအဆိုကို အတတ်နိုင်ဆုံး သတိထားတတ်ပြီး
လုပ်ငန်းခွင်မှဆိုရင်လည်း အမှားမလုပ်မိအောင် သတိထား လုပ်ကိုင်တတ်သူများ
ဖြစ်ပါတယ်... လူတစ်ယောက်နဲ့ တော်တော်လေး ရင်းနှီးလာတာတောင်မှ အဲဒီလူနဲ့
ကိုယ့်ရဲ့ ကြားမှာ အတားအဆီး တစ်ခုကို
ထားပြီးဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်... ဒါကတော့ သူတပါးအပေါ်မှာ
အမှားလုပ်မိမှာကို စိုးရိမ်တတ်တဲ့ အေဘီသွေးပိုင်ရှင်များရဲ့ အသေးစိတ်လှတဲ့
အတွေများကြောင့်ဘဲ ဖြစ်ပါတယ်... ဒါ့ပြင် အေဘီသွေးပိုင်ရှင်များဟာ
တစ်ယောက်တည်းကိုဘဲ ခင်တတ်တဲ့ အကျင့်လည်းမရှိပါဘူးတဲ့... အလုပ်အများကြီးကို
တစ်ပြိုင်နက်တည်း လုပ်ကိုင်နိုင်စွမ်းရှိသူများ ဖြစ်သလို အရာအားလုံးကို
လက်တွေ့ကျကျ တွေးခေါ်ဆင်ချင်တတ်သူများလည်း ဖြစ်ပါတယ်... အလုပ်တစ်ခုကို
လုပ်တဲ့အခါမှာလည်း ထောင့်ပေါင်းစုံကနေ တွေးခေါ်ဆင်ချင်တတ်သူများ
ဖြစ်ပါတယ်တဲ့... မိဘဆွေမျိုး သူငယ်ချင်းရယ်ဆိုပြီး သီးသန့် မခွဲခြားတတ်ဘဲ
လူသားအားလုံးကို တန်းတူညီတူ ဆက်ဆံတတ်သူများလည်း ဖြစ်ပါတယ်... ဒါပေမယ့်
တဘက်မှာလည်း အမြဲတမ်း ငွေရေးကြေးရေးကို စိတ်ပူနေတာကြောင့်
ပိုက်ဆံရှာနိုင်မယ့် အခြေအနေများကို အပူတပြင်း ရှာဖွေနေတတ်ပါတယ်တဲ့...
အေဘီသွေးပိုင်ရှင်များက ကိုယ့်ရဲ့ ခံစားချက်ကို မျက်နှာမှာ
မဖော်ပြတတ်သူများ ဖြစ်သလို တော်ရုံတန်ရုံနဲ့ ဒေါသလည်း မထွက်တတ်ပါဘူးတဲ့...
ကိုယ့်ကို သစ္စာဖောက်သွားတဲ့သူကိုတော့ သေချာ မှတ်ထားပြီး ကလဲ့စားခြေတတ်တဲ့
စရိုက်သဘာဝကို ပိုင်ဆိုင်သူများ ဖြစ်ပါတယ်... တခါတလေတော့ နူးညံ့တဲ့
စိတ်နေစိတ်ထားကို အေဘီသွေးပိုင်ရှင်များရဲ့ မျက်နှာမှာ မြင်နိုင်သလို
တခါတလေမှာတော့ ခက်ထန်မှုတွေကိုသာ မြင်ရတတ်ပါတယ်.... ဒါတွေအားလုံးကတော့
အေဘီသွေးပိုင်ရှင်များ အကြောင်းသာ ဖြစ်ပါတယ်... 
 
credit: www.myanmaronlinenetwork.com

Monday, February 20, 2012

သင်္ကြန်နောက်ဆုံးနေ့...

အချိန်ကား နေ၀င်ရီတရော..။
လူကြီးပြောတတ်သည်က နွားရိုင်းသွင်းချိန် (သို့)အပုပ်ချိန်..။
ဖိုးထူးတစ်ယောက် ဂဏာမငြိမ်ဖြစ်နေသည်။ သူကျောင်းနေသည့် နွားတွေဆီပင် အာရုံမရောက်နိုင်။ နေ၀င် သည့်ဘက်သို့သာ လှမ်းလှမ်းကြည့်နေသည်။ သည်နေ့က သင်္ကြန်နောက်ဆုံးနေ့။ ရပ်ရွာဓလေ့ထုံးစံအတိုင်း ပုံးတွေ၊ ခွက်တွေ တီးနေကြသည်။ မကောင်းဆိုးဝါးများကို ရပ်ရွာထဲမှ နှင်ထုတ်ခြင်း အလေ့အထပင် ဖြစ်သည်။ သို့သော် ဒါတွေလည်း ဖိုးထူး ဂရုမစိုက်အား။ သူတွေးနေသည်က ညနေက ဦးမြင့်အောင်ပြောသွားသော စကားပင်ဖြစ်သည်။ ဦးမြင့်အောင်နှင့်သူတို့နဲ့က တကယ့်မိသားစုအရင်းချာတွေလိုဖြစ်သည်။ ဦးမြင့်အောင်က လယ်လုပ်သည်။ အဝေးကြီးတော့ မဟုတ်။ သူတို့ရွာအနောက်ဘက်တွင်သာ။ သူတို့နှစ်ယောက်က ရင်းနှီးသည်ထက် ပိုသည်။ အမှန်တော့ သောက်ဖော်သောက်ဖက်တွေသာ။ မနက်က သူ့ဆီလာသည်။ ညနေကျလျှင် သူကွင်းမြှောက်မယ်..မင်းလာချင်ရင်လာခဲ့..တဲ့။ ကွင်းမြှောက်တယ်ဆိုတာက ကွင်းပိုင်အဘိုးကို အရက်နဲ့ တင်မြှောက်ခြင်းဖြစ်သည်။ လယ်မြေအထွက်ကောင်းဖို့ တခြားအနှောက့်အယှက်တွေကင်းဖို့..ဒါတွေက လယ်သမားတွေရဲ့ အယူအဆ။ အခုလည်း ဦးမြင့်အောင်က ကွင်းမြှောက်မည်..အရက်နှင့်..အမြည်းကတော့ ကြက်ကောင်လုံးကြော်ဆိုတော့ ဖိုးထူးအတွက် မပစ်ရက်နိုင်စရာ အခွင့်အရေးကြီးတစ်ခုဖြစ်နေသည်။ သူနွားတွေကို စောစောသိမ်းလိုက်သည်။ အိမ်ကထွက်တော့ အမေက မှာနေသည်။ ရွာအပြင်မထွက်ဖို့..။ အခုချိန်က သရဲမောင်းချိန် ဘာညာဖြင့် ပြောနေသည်။ ဖိုးထူးက သိပ်တော့ အယုံကြည်မရှိ။ ယုံဖို့လည်း မစဉ်းစား။ သူစဉ်းစားသည်က ကွင်းမြှောက်ပြီးလျှင် သောက်မည်။ မနက်ကျမှ ဦးမြင့်အောင်နှင့်ပြန်တက်လာမည်။ အတွေးထဲမှာတော့ အားလုံး အိုကေ။   တစ်ရွာလုံးဆူညံနေသည်။ ပုံးသံတွေအပြင် တခြားအမျိုးမည်မသိ အသံပေါင်းစုံ။ လူကြီးတွေက ပုံးတွေ၊ သံစည်ပိုင်းတွေ တီးသည်။ ကလေးတွေကတော့ ဘာမှန်းညာမှန်းမသိ လက်ထဲရှိတာတီးကာ ပျော်နေကြသည်။ ဖိုးထူးတစ်ယောက် ခပ်သုတ်သုတ်ဖြင့် ရွာအနောက်ဘက်လမ်းအတိုင်း ထွက်လာသည်။ သူတို့နေတာက ရွာဆိုပေမယ့် အရမ်းရွာအဆန်ကြီးတော့ မဟုတ်။ အိမ်ခြေစေ့သည်။ ဟိုမရောက်၊ ဒီမရောက် ရွာဖြစ်သည်။ ရွာနဲ့ ဦးမြင့်အောင် တဲနဲ့ကလည်း သိပ်မဝေး။ နာရီဝက်လောက်လျှောက်လိုက်လျှင် ရောက်ပြီ။ ပြီးတော့ လမ်းတစ်လျှောက်ကလည်း ပြတ်လပ်နေတာမဟုတ်။ ဘုန်းကြီးကျောင်းလည်း ရှိသေးသည်။ ဒါ့အပြင် သွားနေကြခရီးလည်း ဖြစ်ပြန်တော့ တခြားဘာတွေ၊ညာတွေ သူသိပ်ဂရုမစိုက်။ ရွာကထွက်လာတော့ ပဲ အတော်မှောင်နေပြီ။ ပြောမယ့်သာပြောတာ တစ်လမ်းလုံးမှ သူတစ်ယောက်တည်း။ ခဏကြာတော့ ရှေ့မှာ လူတစ်ယောက်ကို လှမ်းမြင်ရသည်။ သိပ်တော့ မသဲကွဲ။မှောင်ကလည်း မှောင်နေပြီ။ ထိုလူက ခပ်သွက်သွက်လျှောက်နေသည်။ ဖိုးထူးကလည်း မှီအောင်လိုက်လျှောက်သည်။ နည်းနည်းနီးလာတော့ ထိုလူက လမ်းဘေးချုံထဲသို့ ၀င်သွားသည်။ အပေါ့၊အပါး သွားတာဖြစ်လိမ့်မည်။ သူနည်းနည်းလျှောက်လိုက် ရင်တော့ အတူတူလောက်ဖြစ်သွားလိမ့်မည်။ စကားပြောဖော်တော့ ရပြီဟု ဖိုးထူးစဉ်းစားကာ အားတက်သွားသည်။ ချုံနားသို့ ရောက်လာသည်။ စောစောက လူကိုမတွေ့။ ဘယ်နားဝင်သွားလဲဟုတွေးကာ လိုက်ရှာကြည့်သည်။ မရှိ။ မြင်ကွင်းကလည်း အရှင်းကြီး။ ဖိုးထူးခေါင်းနည်းနည်း ကြီးသွားသည်။ ရင်တွေလည်း ခုန်လာသည်။ ဆက်လျှောက်တော့ ဘုန်းကြီးကျောင်းနား ရောက်လာသည်။ သူ့ဦးနှောက်ထဲသို့ အတွေးတစ်ခု ၀င်လာသည်။ သူတို့ငယ်ငယ်ကတည်းက ကြားဖူးသည် အရာတစ်ခု။ ဇီးပင်သရဲ..။ ဘုန်းကြီးကျောင်းနားမှာ ရှိသော ဇီးပင်က သရဲခြောက်သည်ဟု ရွာထဲမှာ နာမည်ကြီးသည်။ ဘယ်သူ့၊ဘယ်သူတွေကို ခြောက်ခဲ့သည်လည်းတော့ မသိ။ ဒါပေမယ့် အကုန်းလုံးလိုလိုတော့ ကြောက်ကြသည်။ ဖိုးထူး ခြေလှမ်းတွေတုံ့ခနဲ ဖြစ်သွားသည်။ သူသွားမည့် လမ်းက ဇီးပင်ဘေးက။ အရင်တုန်းက ခဏခဏသွားသည်ဆိုသော်လည်း နေ့ခင်းကြောင်တောင် ကြီးဆိုတော့ ပြဿနာမရှိ။ အခုက မိုးတောင် အတော်ချုပ်နေပြီ။ ပြီးတော့ သူတစ်ယောက်တည်း။ အားငယ်စိတ်က ငယ်ထိပ်ကို တက်ဆောင့်သည်။ထိုအချိန် ဦးမြင့်အောင်စကားကို ကြားယောင်လာသည်။ အရက်နဲ့ကြက်ကြော်..။ သည်နှစ်ခုက ဖိုးထူးကို ဆွဲဆောင်နေသည်။ မသွားရင်လည်း မကောင်းဘူးဟု စိတ်ထဲမှာ တွေးမိသည်။ ဒါ့အပြင် သူ့ကို သူရဲဘော်ကြောင်သည်ဟု ထင်သွားမှာလည်း မလိုလား။ ဖိုးထူး ဆက်လျှောက်သည်။ ထိုအချိန် သူ့အနောက်မှ ၀ုန်းဝုန်းဆို လူအုပ်ကြီးတစ်အုပ်ပြေးလာသည်။ အရွယ်စုံ၊ ဆိုဒ်စုံ၊ ဂိုက်စုံ။ ထူးခြားတာက သူတို့အကုန်လုံး အ၀တ်စားမရှိကြ။ ဗလာတီးကိုယ်လုံးတွေဖြင့်။ အကုန်လုံးက ၀ရုန်းသုန်းကားဖြင့် ပြေးလာကြသည်။ လဲသူကလဲ၊ ပြန်ထူသူကထူဖြင့် သူ့ဘေးနားက ဖြတ်ပြေးသွားကြသည်။ ထူးဆန်းသည်က သူ့ကိုတစ်ယောက်မှ ၀င်မတိုက်ကြ။ တချို့ဆို သူ့ကိုယ်ကိုပင် ဖြတ်တိုက်သွားသလာဟု ထင်မိသည်။ သူ့ဘေးနားက ဖြတ်ပြေးသည်ဆိုသော်လည်း လေတိုက်သလို ဟူးခနဲဖြစ်သည်။ သိပ်မကြာ သူတို့အားလုံး ရပ်လိုက်ကြသည်။ ညီညီညာညာစီတန်းလျက်။ ဇီးပင်ဘေးမှာ..။ ဖိုးထူး ကြက်သီးတွေတဖြန်းဖြန်ထလာသည်။ ခေါင်းတွေလည်း အဆမတန်ကြီးလာသည်။ တစ်ကိုယ်လုံးလည်း ချွေးစေးတွေ ပြန်လို့..။ သူသိလိုက်ပြီ။ သရဲအခြောက်ခံရပြီ။ အရှေ့မှာပိတ်ရပ်နေသော လူတန်းကြီးက နည်းသည်မဟုတ်။ ကိုယ်လုံးတီးတွေနဲ့..။ လက်သည်းတွေကလည်း အရှည်ကြီးတွေ။ ဆံပင်ဖားလျား..မျက်လုံးစိမ်းစိမ်းတွေနဲ့ သူ့ကို ကြည့်နေကြသည်။ ဖိုးထူးတစ်ကိုယ်လုံး အသက်မဲ့သလို တောင့်တောင့်ကြီး။ သူတော့ သွားပြီဟု ထင်လိုက်သည်။ သို့သော် သူနောက်လှည့်ဖို့ မစဉ်းစားမိ။ သူ့ခေါင်းထဲသို့ အတွေးတစ်ချက်ဝင်လာသည်။ ဘုန်းကြီးကျောင်း..။ သူတို့ရပ်နေကြသည်က ဘုန်းကြီးကျောင်းဘေးနားက ဇီးပင်ဘေးမှာ။ ဘုန်းကြီးကျောင်းကလည်း လှမ်းခေါ်လျင် ကြားရသည်။ သူလည်းချောင်းထဲက ခြစ်ကာအော်လိုက်သည်။ “ဦးဇင်း..ဦးဇင်း..”..ခေါ်သံဆုံးတော့ ကျောင်းအပေါ်ထပ်က ပြတင်းပေါက်တစ်ခုမှ ဦးဇင်းတစ်ပါး ခေါင်းထွက်လာသည်။ သူအားတက်သွားသည်။ ဦးဇင်းက ဘာလဲဟု လှမ်မေးသည်။ သူဘာပြန်ပြောရမှန်းမသိ။ ပါးစပ်ထဲရှိရာ..ကောက်မေးလိုက်သည်။ ဦးမြင့်အောင်ရှိလား ..ဘုရား..။ဦးဇင်းက သူ့ကိုကြောင်တောင်တောင်ဖြင့်ကြည့်ကာ မရှိဘူးဟုပြော၍ တံခါးပြန်ပိတ်သွားသည်။ သူနောင်တရသွားသည်။ နောက်တစ်ကြိမ်ခေါ်လျင်တော့ ဖွင့်တော့မဟုတ်မှန်းစိတ်ထဲကသိနေသည်။ ဒီကြားထဲ ဗြုန်းဆို ဇီးပင်ပေါ်က ဇောက်ထိုးကြီး တွဲလောင်းကျလာသည်။ ဘာကောင်ကြီးမှန်းမသိ။ ဖိုးထူးတစ်ယောက် ကူကယ်ရာမဲ့သူလို ကြောင်တောင်တောင်ကြီး ဖြစ်နေသည်။ သရဲတန်းကြီးက ရှေ့က ပိတ်လျက်။ သူ့ခေါင်းထဲမှာက အရက်နဲ့ကြက်ကြော်။ သူဘာလုပ်ရမလဲဟု အပြင်းထန် စဉ်းစားသည်။ ဖိုးထူးခါးတောင်းကို မြှောင်နေအောင်ကျိုက်လိုက်သည်။ ထို့နောက် ဖိနပ်ကို ခါးကြားထိုးသည်။ သူ့ကိုယ်သူ ဘာတွေလုပ်နေမှန်းလဲ မသိတော့။ နောက် အသက်ကို ၀၀ရှုကာ အသံကုန်အော်ကာ ရှေ့မှာပိတ်ရပ်နေသော သရဲတန်းကြီးကြားကာ ဖြတ်ကာ စွတ်ပြေးလေတော့သည်။ ဟူးခနဲ့ဆို တစ်စုံတစ်ခုကို ၀င်တိုးလိုက်သလို ခံစားရသည်မှာအပ ကျန်တာသူဘာမှမသိတော့။ သူနောက်သို့လုံးဝလှည့်မကြည့်။ ဦးမြင့်အောင်တဲသို့ ဘယ်လိုရောက်မှန်းတောင် မသိတော့။ သူသတိရတော့ အိမ်ပြန်ရောက်နေသည်။ တစ်အိမ်လုံးက သူ့ကိုစိုးရိမ်တကြီး ၀ိုင်းကြည့်နေကြသည်။ ဘာဖြစ်လာတာလဲဟုလည်း အလုအယက်ဝိုင်းမေးကြသည်။ သူခေါင်းခါက ဘာမှမဖြစ်ပါဘူးဟုပြောကာ နေလိုက်သည်။ သူ့အတွေးထဲမှာတော့ မျက်လုံးစိမ်းစိမ်းကြီးတွေက မထွက်။ လူတန်းကြီး၊ ဇီးပင်ပေါ်က ဇောက်ထိုးကောင်။ နောင်မှသိရသည်မှာ သူပြေးတာ ဦးမြင့်အောင်တဲကိုပင်ကျော်သွား၍ မနည်းပင်လိုက်ဖမ်းရသည်ဟု ဆိုလေသည်။ ဘာပဲပြောပြော ဖိုးထူးတစ်ယောက် ရွာထဲမှာ ငြိမ်သွားသည်။ အရင်လိုလပ်လျားလပ်လျားမဟုတ်တော့။ အိမ်ကိုစောစောပြန်သည်။ မိုးချုပ်သည်ထိအောင် မနေတော့။ အရက်လည်း မသောက်ဖြစ်တော့။ သူ့အိမ်က ဘာဖြစ်လာမှန်းမသိသော်လည်း ဖြစ်သွားတာပဲကောင်းပါတယ် ဟုသာ ဆိုသည်။ ထူးခြားသည်က ဖိုးထူးတစ်ယောက် သင်္ကြန်ရောက်လျှင် ရိပ်သာဝင်ခြင်း ပင်ဖြစ်လေတော့သည်။

(ဤဖြစ်ရပ်သည် ဖြစ်ရပ်မှန်ဖြစ်ကြောင်း ၀န်ခံအပ်ပါသည်)

Monday, February 13, 2012

အနောက်အရပ်က..ဓါး


ဒီရင်မှာလည်း
ခ၀ဲပန်းတွေ တဖြာကြီး
ငါ့ရင်ကို
ထမနဲလို မွှေတဲ့ မိန်းမအတွက်
အစိမ်းရောင် ပန်းတစ်ခက် ယူသွား
..........
ဝံပုလွေတစ်ကောင်လို
မာယာပြာပြာတွေနဲ့
နေ၀င်ရီတရောမှာ လွှတ်ချ
နင်ဟာ
ရေထုလို သိပ်သည်းပျော့ပြောင်းတယ်
သိရဲ့လား
........... 
ပင်လယ်လို လှည့်စား
သက်တန့်ကိုမှ ဒန်းစီးချင်တဲ့
မိန်ရာသီဖွား မိန်းမ
ငါနင့်ကို ဒီညမုန်းမယ်
..............

Thursday, February 9, 2012

မှတ်မိသမျှ (၁)

 စိတ်ကူးယဉ်စာပေ

အမျိုးသား တစ်ယောက်သည် စာအုပ်ဝယ်ရန်အတွက် စာအုပ်ဆိုင်တစ်ဆိုင်ထဲသို့ ၀င်သွားသည်။ အတော်ကြာကြာ ရှာဖွေသော်လည်း သူလိုချင်သော စာအုပ်ကို မတွေ့ရချေ။ ထို့နောက် ကောင်တာမှ စာရေးမလေးအား မေးကြည့်လေသည်။

''ဒီမယ်..ခင်ဗျ.. မိန်းမနိုင်နည်း စာအုပ်ကာ ဘယ်အတန်းမှာလည်း မသိဘူး ခင်ဗျ..။''

ထိုအခါစားရေးမလေးကာ ယဉ်ယဉ်ကျေးကျေး ပြန်ပြောသည်။

" စိတ်ကူးယဉ် စာပေတန်းက ဟိုဖက်မှာရှင့်..။''

မပြေးနဲ့

သူငယ်ချင်းနှစ်ယောက် လမ်းမှာတွေ့ကြသည်။ တစ်ယောက်က မေးသည်။

''ဟေ့..မင်းတို့ လင်မယားနှစ်ယောက် မနေ့က ရန်ဖြစ်ကြတယ်ဆို..။"

"အေးလေ."

"ဘာတွေ ဖြစ်ကြသေးလဲ"

".နောက်ဆုံးတော့လည်း သူဒူးထောက်သွားရတာပဲလေ..။"

"ဟလား..ပြီးတော့ ဘာပြောလည်း..။"

"ကုတင် အောက်က ထွက်ခဲ့စမ်း..တဲ့"

 ငတုံး

တစ်ခါက ရုရှားဗိုလ်ချုပ်ကြီးသည် သူ့၏စစ်သားများအား မိန့်ခွန်းပြောသည်။
"ရဲဘော်တို့ အမေရိကန်တွေကတော့ လကမ္ဘာကို သွားကြပြီ.. တို့လည်း အားကျမခံ မင်းတို့ကို နေကမ္ဘာပေါ် လွှတ်မယ်..။"
"ဟာ... ဗိုလ်ချုပ်ကြီးကလည်း အားလုံးပူပြီး သေကုန်မှာပေါ့...။ "
စစ်သားတစ်ယောက်က ထပြောသည်။ထိုအခါ ဗိုလ်ချုပ်ကြီးက ဒေါသတကြီးဖြင့် ပြန်ပြောလေသည်။
"ငတုံးတွေရဲ့ မင်းတို့ကို ညကျမှ လွှတ်မှပေါ့.."

အရေးပေါ်အခြေအနေ

ရဲစခန်းသို့ အရေးပေါ်ဖုန်းတစ်လုံးဝင်လာသည်။ စခန်းမှုးက ကိုင်လိုက်သည်။
"ဟဲလို.. နယ်မြေရဲစခန်းကပါခင်ဗျာ..ဘာကူညီလိုပါသလဲ"
"ကျွန်တော်အသက် အန္တရာယ် စိုးရိမ်ရလို့ပါ.."
"ဘာဖြစ်လို့ပါလဲ ခင်ဗျာ"
"ကျွန်တော့် အခန်းထဲကို ကြောင်တစ်ကောင်ဝင်လာလို့ပါ..။"
"ဒါရဲစခန်းပါ..မနောက်ပါနဲ့"
"မနောက်ပါဘူးခင်ဗျာ"
"အခုဖုန်းဆက်နေတာ ဘယ်သူပါလည်း"
"ကျွန်တော် ကြက်တူရွေးပါ.."

ဖောက်သည်တွေ

တရားရုံးတစ်ခုတွင် အမှုတစ်ခု စစ်နေလေသည်။
ပြည့်တန်ဆာများအား ဖမ်းဆီးကာ စစ်ဆေးသောအမှုဖြစ်သည်။
တရားသူကြီးက တရားခံမိန်းမအား စစ်ဆေးနေသည်။
"ဟဲ့..နင့်နာမည် ဘယ်လိုခေါ်သလဲ"
ထိုအခါ တရားခံမိန်းမက ပြုံးစိစိဖြင့် ပြန်ပြောလေသည်။
"ဟွန်း..သိရဲ့သားနဲ့"



Saturday, February 4, 2012

သင့်နာမည်လေးကို စစ်ကြည့်ပါ..

သူငယ်ချင်းရေ...
သင်ရဲ. နာမည် မှာပါတဲ. ABCD အက္ခရာ လေးတွေကနေ သင့်ရဲ့ စရိုက် ကို ခန်.မှန်းနိုင်ပါတယ်။ မဆိုးဘူးနော်။ မှန်မမှန်သိချင်ရင် စမ်းလုပ်ကြည့်လိုက်လေ။ ကျွန်တော် တော့ စမ်းပြီးသွားလို့ မှန်တယ်လို့ ဆိုရမယ်။ လုပ်နည်းက ဒီလို .......

ဥပမာ . သင့်နာမည်က Lin Lin ဆိုပါတော့ .. ဒါဆို

L = သင်ဟာ အချစ်ကို ကိုးကွယ်သူ
I = သင်.ဟာ အမြဲ တမ်း ပြုံးနေပြီး တပါးသူကိုလဲ ပျော်ရွင်စေတယ်
N = သင်ဟာ အလုပ်မရှိရင် မနေတက်သူ ဒါပေမယ်. ရှိရင်လဲ ငြီးငြူတက်သူ

ဒါဆို သဘောပေါက်ပြီနော်။ ကဲ အခု အောက်က ဖော်ပြထား တဲ့ A ကနေ Z ထဲ က သာရှာကြည်.
ကြပေတော. ။




A = သင်ဟာ အင်မတန် အေးတဲ.သူဖြစ်သော်လည်း သင်.စိတ်ထဲမှာ အကြံ တခုခုရှိတယ်
B = သင်ဟာ သူစိမ်းတစ်ယောက်နဲ. ဆက်ဆံရတိုင်း အမြဲ သတိရှိတယ်
C = သင်.မှာ လုပ်ဖော်ကိုင်ဖက် စိတ်ဓါတ်အပြည်.ရှိတယ်
D = သင်.ဟာ လူတယောက် ကို ယုံကြည်ဖို. အင်မတန် ခက်ခဲတယ်
E = သင်ဟာ အင်မတန် စိတ်ဝင်စား စရာ ကောင်းတဲ့သူပဲ
F = သင့်မှာ ချစ်မွေး ပါတယ်
G = သင့်ဟာ လူတွေ ကို အကဲခတ်အရမ်းတော်တယ်
H = သင့်မှာ ဆင်ခြင်တုံ တရား မရှိဘူး
I = သင်ဟာ အမြဲ တမ်း ပြုံးနေပြီး သူတပါးကိုလဲ ပျော်ရွင်စေတယ်
J = သင်မှာ မနာလိုမရှုစိတ် ရှိတယ်
K = သင်မှာ စူးစမ်း စမ်းသပ် လိုစိတ် ရှိတယ်
L = သင်ဟာ အချစ်ကို ကိုးကွယ်သူ
M = အောင်မြင်မူ တွေကို သင်အလွယ်တကူရတယ်
N = သင်ဟာ အလုပ်မရှိရင် မနေတက်သူ ဒါပေမယ့် ရှိရင်လဲ ငြီးငြူတက်သူ
O = သင်ဟာ အင်မတန် ပွင့်လင်း တဲ့သူ
P = သင်ဟာ အင်မတန် ရည်မွန် ပြီး နားလည်မူ အပြည့်ရှိတယ်
Q = သင် ဟာ သူတော်ကောင်း ယောင်ဆောင်ထားတယ်
R = သင်ဟာ လူမူရေး ကိစ္စ္စ္စ တွေမှာ မပါမဖြစ်
S = သင်ဟာ သဘောထား ကြီးတယ်
T = သင့်မှာ ကြီးမားတဲ့ ရည်မှန်းချက်ရှိတယ်
U = သင်.ကိုယ်သင် အားလုံး နဲ. ရင်ဘောင်တန်း နိုင်တယ်လို့ မှတ်ယူထားတယ်
V = သင်.ကိုယ်သင် အရမ်းချောတယ် ထင်ထားတယ်
W = သင်ဟာ သင့်အကြောင်းတွေကို သူများ ကို မပြောပြချင်ဘူး
X = သင်ဟာ သူများ လမ်းပြ၊ ဆရာလုပ်တာမကြိုက်ဘူး
Y = သင့်မှာ အခက်အခဲတွေ များကြီး ရှိတယ်၊ ရှိခဲ့တယ်
Z = သင်ဟာ အမြဲ တမ်း တယောက်ယောက်နဲ့ ရန်ဖြစ်နေရမှ ကျေနပ်တယ်။

ကဲ ဘယ်လိုလဲ ? တိုက်ဆိုင်မှုရှိမရှိ ကိုယ်ကိုတိုင်ဘဲ သိမှာပေါ့။ အားလုံး ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်..

credit-http://www.myanmarnursesinsingapore.org

Thursday, January 26, 2012

ကလေးပေးသော အတွေး

ကောင်လေးက ကလေးသာသာအရွယ်လေး.. အလွန်ဆုံးရှိမှ ဆယ်နှစ်၊ ဆယ်နှစ်နှစ်ပဲ ရှိဦးမည်။ လူကြီးတွေ ကြားထဲမှာ သူက ကြပ်ညှပ်လျက်။ လူက ပိန်ပိန်၊ အသားက နေလောင်ခံ ညိုညစ်ညစ်။ ဆံပင်လေးက ကျဲတဲတဲနှင့် သေးသေးကလေး ဖြစ်နေသည်။ တစ်ပတ်တစ်ခါ သမ၀ါယမမှ ဆီပေးသည့်အခါ လာတိုးကြသည် သူတွေက အများသာဖြစ်သည်။ အဲ့ဒီအထဲမှာ ဆိုဒ်စုံ၊ ဂိုက်စုံ။ ဒါပေမယ့် သူ့လိုပုံစံမျိုးတော့ တစ်ခါမှ မတွေ့ဖူး။ မနက် (7) နာရီလောက် ကတည်းက ဆီစပေးကာ (8)နာရီလောက်ကျတော့ လူအတော်ပါးလာပြီ။ ကောင်လေးက ကလေးဆိုတော့ လူကြီးတွေက ကျော်တက်လိုက်၊ သူ့ထက် အကောင်ကြီးတဲ့သူတွေက အနောက်ပို့လိုက်နဲ့ အရှေ့ကို မရောက်နိုင် လုံးချာလည် လိုက်နေသည်။ ကြာတော့ သူ့ကို သနားလာတာနဲ့ လှမ်းခေါ်ရတော့သည်။

“ဟေ့.. ဟိုကလေး ဒီကိုလာဦးကွဲ့..”

ကျွန်တော်လှမ်းခေါ်တော့ ကောင်လေးက ၀မ်းသာအားရပြေးလာသည်။ ဖိနပ်တောင်မပါရှာ။ အကျီ င်္ကလည်း စွပ်ကျယ် အပေါက်ကလေးနှင့် သနားစရာကလေးဖြစ်နေသည်။

“မင်း ဆီ လာတိုးတာလား”

“ဟုတ်ကဲ့.. ဦး” ကောင်လေးက ရိုရိုသေသေလေး ပြန်ဖြေသည်။ ယဉ်ကျေးပုံရသည်။ ဆီ မြန်မြန်လိုချင်လို့ ဖြေတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

“သန်းခေါင်စာရင်း ပါလား”

“ဟုတ်ကဲ့..ဒီမှာပါ” ပလတ်စတစ်လောင်းထားသော သန်းခေါင်စာရင်းလေးကို ထုတ်ပြသည်။

“မင်းအိမ်မှာ လူကြီးတွေ မရှိဘူးလားကွ”

“ရှိပါတယ်..။အရင်က အမေတိုးနေကြပါ။ အခုအမေက နေမကောင်းဖြစ်နေလို့ သားလာတိုးတာပါ”
သူ့ဟန်ပန်က ပုံစံနှင့်မလိုက်အောင် ယဉ်ကျေးသဖြင့် မမေးသင့်သော မေးခွန်းကို ကျွန်တော်မေးလိုက်မိသည်။ မတော်တဆ သူဝမ်းနည်းစိတ်မကောင်းဖြစ်သွားမှာလည်း စိုးရိမ်မိသေးသည်။

“မင်းကျောင်းမတက်ဘူးလား”

“ဟုတ်ကဲ့.. တက်ပါတယ်”

“ဘယ်နှစ်တန်းလဲ..ကွ”

“သုံးတန်းပါ..” သူက ပြောပြီး သူ့ရဲ့ ပြူတစ်ပြူတစ် နှပ်ချီးကို ဗြစ်ခနဲညှစ်ပြီး သူ့လက်ခုံလေးနှင့် သုတ်နေသေးသည်။

“ဒီနေ့တော့ ကျောင်းမတက်ဘူးပေါ့..ဟလား”

“မမှီရင်တော့ သွားမတက်ဘူးပေါ့ ..ဦးရာ”သူက လူကြီးဟန်လေးနဲ့ ပြောပြန်သည်။

“မင်းအမေက ကျောင်းမတက်ခိုင်းဘဲ ဆီလာတိုးခိုင်းတာလား”ကျွန်တော့်ကို တစ်ချက်မော့ကြည့်သည်။ သူ့စိတ်ထဲမှာ ဒီလူကြီးက တော်တော်လျှာရှည်တာပဲဟုလည်း ထင်ကောင်းထင်သွားနိုင်ပါသည်။ ဒါပေမယ့် သူပြန်ဖြေပါသည်။

“မဟုတ်ပါဘူး.. အမေကကျောင်းသွားခိုင်းပါတယ်..သားက အမေမသိအောင် လာတိုးတာ..ဒီက ဆီရလို့ သွားရောင်းပြီးရင် ကျောင်းသွားတက်မှာ..” ကျွန်တော်အံ့သြသွားသည်။ သမ၀ါယမက ပေးသောဆီသည် ဘယ်လောက်မှ မရှိ။ တစ်ဆယ်သား ၊နှစ်ဆယ်သားကို သူဘယ်လိုရောင်းမလဲဟု စိတ်ဝင်စားသွားသည်။

“ဘာဖြစ်လို့လဲကွ.. ဒီက ဆီက ဘယ်လောက်ရမှာမို့လို့လဲ”

“ဒီက ဆီတိုးပြီးလို့ လမ်းထိပ်က ဆိုင်မှာသွားရောင်းရင် ၉၀ လောက်ရတယ်လေ.. အဲ့ဒါဆို ဆန်ဝယ်လို့ရပြီ.. အမေက နေမကောင်းတော့ အ၀တ်တွေ မလျှော်နိုင်ဘူး.. ပိုက်ဆံကလည်း မရှိဘူးလေ”
ကျွန်တော်ရင်ထဲ တော်တော် နင့်သွားသည်။ ပိုက်ဆံ 90 ဆယ်သည် ဆန်နှစ်လုံး၊ သုံးလုံးအပြင်ပိုမရ။ တစ်နပ်စာတောင် မရှိ။ သူတို့ ဘယ်လိုစားမှာပါလိမ့်ဟု စဉ်းစားမိသည်။

“ မင်းတို့မောင်နှမ ဘယ်နှစ်ယောက်ရှိလဲ”

“သားတို့ မောင်နှမ လေးယောက်ရှိတယ်.. သားကအကြီးဆုံး” ဆုံးဆိုသော နေရာမှာ သူ့အသံကလေးက နည်းနည်းဆောင့်သွားသည်။ ကောင်လေး စိတ်မရှည်တော့ဘူးဟု ကျွန်တော်သိလိုက်သည်။ ဒါနဲ့ပဲ တခြား မေးချင်တာများကို အောင့်အည်းကာ ဆီမြန်မြန်ထည့်ကာ ပေးလိုက်သည်။ ဆီရတော့ သူ့မျက်နှာကလေးက ပြုံးရွှင်လို့။ ကျွန်တော်ကိုလည်း ကျေးဇူးပဲဟု ပြောသွားသေးသည်။ သူသွားတော့ ကျွန်တော့်ရင်ထဲမှာ တစ်ခုခုကို မကျေမနပ်ဖြစ်မိသည်။  ကောင်လေးကိုပဲ ငယ်ငယ်ရွယ်ရွယ်နှင့်တော်လိုက်တာဟုပဲ ချီးမွမ်းရမလား။ သူ့ရဲ့ ကံကြမ္မာကြီးကိုပဲ ယိုးမယ်ဖွဲ့ရမလား။ သူ့မိသားစု အသိုင်းဝိုင်းကိုပဲ အပြစ်တင်မရမလား။ ဘာကို ပြောလို့ပြောရမှန်းပင်မသိတော့။ ဒီလောက်အရွယ်လေးနှင့် ဒီလို သိတတ်တဲ့ ကလေး အတော်ရှားသည်ဟု ဆိုရမည်။ သို့ပေမယ့် သူပြောသွားတာတွေကိုလည်း အမှန်တွေပဲဟုလည်း ယူဆ၍ မရ။ သူမုန့်ဖိုး လိုချင်လို့ လာပြီး ခိုး တိုးတာလည်း ဖြစ်နိုင်သည်။ တခြားကိစ္စ အများပြားလည်း ရှိနေနိုင်သည်။ သို့သော် ဒီဟာသာ တကယ့်အဖြစ်ဆိုရင်တော့ ဒီကောင်လေးကို ကျွန်တော်ချီးကျူးသည်ဟု ဆိုချင်ပါသည်။ ဘာကြောင့်ဆို ကျွန်တော်တို့သည် သူ့လောက် မိဘအပေါ်သိတတ်မှုမရှိသေးသောကြောင့်ဖြစ်သည်။


Wednesday, January 25, 2012

ပြန်လာမယ်ဆို...



ငါ့ဘ၀မှာ
မင်းရဲ့ မာဖလာလေးရယ်
သမီးလေးရဲ့ မွှေးပွခွေးရုပ်လေးရယ်ပဲရှိတယ်

ငါပထမဆုံး
မျက်ရည်ကျတာ လေယာဉ်ကွင်းမှာ
မင်းကငါ့ကို အိပ်မက်အကြီးစားတစ်ခုနဲ့ ထားပစ်ခဲ့တယ်

ကံမကုန်ရင်ပေါ့လို့ ပြောခဲ့ရင်း
တို့နှစ်ယောက်ကံကုန်အောင် မင်းတယုတယ ထိုင်ခြွေခဲ့တယ်
မင်းသိပ်ရက်စက်တယ်
ဒီမြေမှာ တော့
အကြီးစား ငတုံးတစ်ကောင် ကျန်ခဲ့ရပေါ့ကွယ်
မင်းလုပ်သမျှ
အံဝင်ခွင်ကျ မှားပြရင်း အလွဲတွေနဲ့အသားကျခဲ့ရ
သကြားဆိုတာ
သမီးလေးရဲ့ အကြည့်လောက်မချိုဘူး
လမင်းဟာ
သမီးမျက်နှာလေးလောက် မ၀ိုင်းဘူး
စောင်းသံဟာ
သမီးရဲ့ အသံလေးလောက် မသာယာဘူး
ငါမင်းတို့ကို လွမ်းတယ်
ရေဆာသူ ရေငတ်သလိုကို လွမ်းတယ်
တကယ်ပါ
ငါ့ဘ၀မှာ
မင်းရဲ့ မာဖလာလေးရယ်
သမီးလေးရဲ့ မွှေးပွခွေးရုပ်လေးရယ်ပဲ ရှိခဲ့တာပါကွာ

Friday, January 20, 2012

ရင်ခုန်စရာ အော်စကာည

"လာပြီဟေ့..."
သတင်းထောက်တစ်ယောက်ရဲ့ အော်သံအဆုံးမှာတော့ ဟိုတယ်ကြီးရဲ့ ဆင်ဝင်အောက်မှာ လူများပျာပန်း ခတ်မျှ လှုပ်ရှားသွားကြသည်။ ကင်မရာမီးများက တဖျတ်ဖျတ်။ မေးခွန်းမေးတဲ့သူကမေး။ အော်တိုထိုးခိုင်းတဲ့ သူက ထိုးခိုင်းနဲ့ လူအုပ်ကြီးမှာ အုန်းအုန်းထသွားသည်။ နက်ပြောင်လှတဲ့ မားစီးဒီးကားကြီးရဲ့ အထဲမှာတော့ မြန်မာပြည်ရဲ့ နိုင်ငံကျော် ရုပ်ရှင်မင်းသား တစ်ယောက်။ ပြည်တွင်းတွင်မက ကမ္ဘာကပါ ချစ်ရသော အနုပညာ ရှင်တစ်ယောက်။ သူက ကမ္ဘာလုံးဆိုင် ရာအော်စကာဆုပေးပွဲသို့ မြန်မာပြည်၏ ကိုယ်စား တက်ရောက်လာခြင်း ဖြစ်သည်။ ဤရုပ်ရှင်ဆုပေးပွဲကို နိုင်ငံပေါင်း (128) နိုင်ငံမှာ ကိုယ်စားလှယ်အနုပညာရှင်များ တက်ရောက် ကြသည်။ ကမ္ဘာကျော် ဒါရိုက်တာကြီးများ၊ သရုပ်ဆောင်များ၊ အဆိုတော်များသာမက စာရေးဆရာ၊ဓါတ်ပုံ ဆရာများပါ တက်ရောက်ကြသဖြင့် ဂျာနယ်များ၏ အကြိုက်ဖြစ်သွားသည်။ ပွဲမစခင် 5 နာရီ အလိုလောက် ကတည်းက ဂျာနယ်လစ်များ၊ သတင်းထောက်များနဲ့ လူပေါင်းထောင်ချီမျှရောက်နေကြပြီ။ သူတို့ချစ်သော အနုပညာရှင်များကို လာရောက်အားပေးမိတ်ဆက်ကြခြင်းဖြစ်သည်။ ထိုအထဲမှာ မြန်မာပြည်၏ ကိုယ်စား ပြု ရုပ်ရှင်မင်းသား သာဂိက အထင်ရှားဆုံး ပေါ်ပြူလာ အဖြစ်ဆုံးဖြစ်နေပြန်သည်။ ဖြူဝင်းသော အသားရေ၊ အရပ်မောင်းကောင်းကောင်း၊ ခန့်ညားထည်ဝါသော ရုပ်ရည်က ပျိုမေတို့ အကြိုက် ဖြစ်နေလေ သည်။ သူ့ရဲ့ အသီးတစ်ထောင် အညှာတပြွတ် ဇာတ်ကားက ၀င်ငွေအကောင်းဆုံး ဒရာမာ ရုပ်ရှင်အဖြစ် အမေရိကန် နိုင်ငံ၏ The Sun သတင်းစာတွင် လေးပါတ်ဆက်တိုက် နေရာယူနိုင်ခဲ့ခြင်းက သူ့ရဲ့ ပရိသတ်ကို ဤမျှ ခိုင်မာစေခဲ့ခြင်းလည်း ဖြစ်သည်။ များပြားလှသော ပရိသတ်များထဲမှာ သာဂိမှာ ဟော်တယ်ခန်းမထဲသို့ တစ်နာရီကျော်ကြာ တိုးဝင်ခဲ့ရသည်။ ဒါတောင် ဘော်ဒီဂတ်အယောက်ငါးဆယ်က လမ်းရှင်းပေးသောကြောင့် တစ်နာရီပဲ ကြာခဲ့ခြင်းဖြစ်၏။ သာဂိ၊ သာဂိ ဟု မပီကလာ၊ပီကလာ အော်သံက ဆင်ဝင်အောက်မှာ ဟိန်းဟိန်းထနေဆဲ ဖြစ်လေသည်။
       ဆုပေးပွဲက မကြာခင်စတင်တော့မည် ဖြစ်သည်။ အစီအစဉ်တင်ဆက်သူများကတော့ ကမ္ဘာကျော် စုံတွဲ အင်ဂျလီနာဂျိုလီနှင့် ဘရက်ပစ်တို့ စုံတွဲဖြစ်သည်။ သူတို့စုံတွဲက ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အစီအစဉ် များကို ထင်ရှားသော အနုပညာရှင်များနှင့် ပူးပေါင်းတင်ဆက်သွားသည်။ သုံးနာရီကျော်မျှ အစီအစဉ်များ တင်ဆက်ပြီးသွားသောအခါ ဆုပေးပွဲအစီအစဉ်သို့ ရောက်ရှိလာလေသည်။ ဂျိုလီက ဆုပေးပွဲအစီအစဉ် အတွက် ဆုများကို ကြေငြာရန် လူမည်းမင်းသားကြီး မော်ဂန်ဖရီးမင်းကို စင်ပေါ်သို့ဖိတ်ခေါ်သည်။ အနက် ရောက်ကုတ်အကျီ င်္နှင့် အမည်းရောင်အသားရေက မင်းသားကြီးကို စင်ပေါ်မှာ ပျောက်နေစေသည်။ တစ်ချက်တစ်ချက်ရယ်လိုက်မှသာ သွားဖြူဖြူလေးကို မြင်ရပြီး မျက်နှာကို မှန်းလို့ရလေသည်။ မင်းသား ကြီးက စကားအနည်းငယ် ပြောကြားပြီး ဆုရသည် ဇာတ်ကားများကို စတင်ကြေငြာသည်။ နိုင်ငံပေါင်း 128 နိုင်ငံမှ ကားပေါင်း 500 ကျော်ဝင်ရောက်ယှဉ်ပြိုင်ရာ အကောင်းဆုံးဇာတ်ကား တစ်ဆု၊ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး သရုပ်ဆောင်ဆု နှင့် အကောင်းဆုံး နောက်ခံတေးဂီတ ဆုများကိုသာ ပေးအပ်ခြင်းဖြစ်သည်။ ဇာတ်ကား 500 ကျော်ကို ကျွမ်းကျင်ပညာရှင် ငါးထောင်ကျော်မှ အကဲဖြတ် အမှတ်ပေးသည်။ ငါးနှစ်တိတိကြာမြင့်သည်။ ဒိုင်ငါးယောက်သေသွားသောကြောင့် ငါးလ နားရသေးသည်။ 2005 ခုနှစ်၊ ငါးလပိုင်း၊ ငါးရက်မှာ ပြန်လည် စတင်သည်။
       '' အကောင်းဆုံး ဇာတ်ကားဆုကို တော''့ မင်းသားကြီးမှ မပြောသေးဘဲ ပရိသတ်ဘက်ကို တစ်ချက်ကြည့် လိုက်သည်။ ဘယ်သူမှတော့ မမြင်ရပါ။ စကားသံရပ်သွားသောကြောင့် ကြည့်သည်ဟုသာ ထင်ရခြင်းဖြစ်သည်။ မင်းသားကြီးက ဆက်ပြောသည်။ အတော်လည်း ရှက်သွားပုံရပါသည်။ အဘယ်ကြောင့်ဆိုသော သူရပ်နေတာတခြား၊ ပရိသက်များက စိတ်ဝင်တစားပြူးကြည့်နေတာက တခြား ဖြစ်နေသောကြောင့်ပင်။" အကောင်းဆုံးဇာတ်ကားဆုကိုတော့ ဂျပန်နိုင်ငံမှ အိုက်တတ်ရင် ပန်ကာဝယ် ဇာတ်ကားနဲ့ ရရှိသွားပါတယ်။" လက်ခုပ်သံတွေ တဖြောင်းဖြောင်းဆူညံသွားသည်။ ဇာတ်ကားထုတ်လုပ်သူ အား ၀ိုင်းနမ်းကြသည်။ ဓါတ်ပုံတွေ ရိုက်ကြသည်။ (မြန်မာပြည်၏ အကယ်ဒမီပေးပွဲ အတိုင်းပင်ဖြစ်၏)။ မော်ဂန်ဖရီးမင်းကို ဖုတ်လေသည့် ငပိရှိတယ်ပင်မထင်ကြ။ အတော်ကြီးကြာမှ ငြိမ်သွားကြသည်။ မင်းသားကြီးက ဆက်ကြေငြာသည်။ "အကောင်းဆုံး ဒါရိုက်တာဆုကိုတော့ အီသီယိုးပီးယား နိုင်ငံမှ ဒါရိုက်တာ အီစီကလီက အီဖေကို ဇာတ်ကားနှင့်ရရှိသွားပါတယ်။" ခုနကအတိုင်းပင်ဖြစ်၏။ "အကောင်းဆုံး နောက်ခံတေးဂီတဆုကိုတော့ ဆိုမာလီနိုင်ငံမှ ဓါးပြများက ဓါးပြတစ်ယောက်ရဲ့ နှလုံးသား ဇာတ်ကားနဲ့ ရရှိသွားပါတယ်။" အားလုံးငြိမ်ကျသွားသည်။ တစ်ယောက်နှင့် ဘေးဘီလှည့်ကြည့်ကြသည်။ ပြီးမှ အသံများ ပြန်ထွက်လာသည်။ ၀ိုင်းနမ်းကြသူများလည်း မတွေ့ရ။ ဓါတ်ပုံလည်း မရိုက်ကြပေ။ ကပ္ပလီတစ်ယောက်က သေနတ်နှင့် ထပစ်သောကြောင့် ထပြေးကြရသေးသည်။ ဂုဏ်ပြုခြင်းဖြစ်သည်ဟု ပြောသည်။ "အကောင်းဆုံးသရုပ်ဆောင် ဆုကိုတော့ မြန်မာနိုင်ငံမှ သာဂိက မီးမလာတဲ့ရက်များထဲက ပျက်တဲ့တစ်ည ဇာတ်ကားနဲ့ ရရှိသွားပါတယ်။ "ထို့နောက် ဖြတ်ခနဲဆို မီးများ ပိတ်ကျသွားသည်။ ထောင်ချီသော လူအုပ်ကြီးထဲမှ ဟာခနဲဆိုသောအသံက ၀ုန်းဆို ပြဲထွက်လာသည်။ မင်းသားကြီးကိုတော့ လုံးလုံးမမြင်ရတော့ ချေ။ ဆောင်းဘောက်(စ်)မှ မင်းသားအသံက ကွဲထွက်လာသည်။ "ဘာမှ မဖြစ်ပါဘူး ခင်ဗျာ။ စိတ်မပူကြပါနဲ့ မြန်မာနိုင်ငံက ဆုရသွားတဲ့အတွက် ရန်ကုန်မြို့ထုံးစံအတိုင်း ဂုဏ်ပြုတာပါ။ အားလုံး အချိန်အကန့်သတ်မရှိ ငြိမ်ပြီး ဂုဏ်ပြုပေးရန် မေတ္တာရပ်ခံပါတယ်။ ကျွန်တော့်တို့ စက်ဆရာအဖွဲ့မှ မီးစက်သွား နိုးနေပါတယ်။" ပရိသတ်များထံမှ အသံများ ကျွတ်စီ၊ တာယာစီ၊ ဂွေစီများ ထွက်ပြီး ငြိမ်သွားကြသည်။ ခဏအကြာ မီးများက ပြန်လင်းလာသည်။ မင်းသားကြီးကိုတော့ မမြင်ရပေ။ မီးပြန်လာမှ ၀ိုင်းနမ်းကြသူများ၊ လက်ဆွဲနူတ်ဆက်သူများ၊ ဂုတ်ခွစီးသူများ၊ ဓါတ်ပုံရိုက်သူများ၊ ကင်မရာနှင့် အားမရလို့ တုတ်နှင့်ဝင်ရိုက်သူများဖြင့် ကျွတ်ကျွတ်ညံသွားလေသည်။ အားလုံးပြီးသောအခါ သာဂိတစ်ယောက်ခေါင်း မှာ သွေးစက်များဖြင့် ရယ်ကာ လိုက်ကာကြီးကို လက်ပြနေလေသည်။ အကုန်လုံးကြောင်သွားကြသည်(လေးဖက်ကြီး)။ သွေးများစီးကျနေသောကြောင့် ဘာမျှမမြင်ရပေ။
        ဆုများကို ကြေငြာပြီး ဖြစ်သောကြောင့် ဆုယူရန် စင်ပေါ်သို့ ကြွရောက်ဖို့ ဆုရသူများကို စင်ပေါ်သို့ စုတက်လာရန် ဖိတ်ကြားအပ်ပါသည်။ ဆုရသူ သုံးယောက်စင်ပေါ်သို့တက်လာသည်။ ပထမတစ်ယောက် က ဂျပန်နပမ်းသမားကြီးဖြစ်သည်။ လှုပ်လှုပ်နှင့်စင်ပေါ်တက်လာသည်။ သူက အိုက်တက်ရင် ပန်ကာဝယ် ဇာတ်ကားထုတ်လုပ်သူဖြစ်သည်။ သူ့ရဲ့ ကျေးဇူးတင်စကားကတော့ "သည်ဇာတ်ကားကို ထုတ်လုပ်ဖို့ ကျွန်တော် ဆယ်နှစ်ကြာ ပိုက်ဆံဆုရပါတယ်။ လမ်းဘေးမှာ ပလက်စတစ်ကောက် ၊ပိုးကောင်းလေးတွေ ဖမ်းစားတဲ့ဘ၀ကနေ စတင်ပြီးဆုခဲ့တာ ယန်းငွေ 100 ကျော်စုမိပါတယ်။ ဆယ်နှစ်ကြာစုပြီး ယောက္ခမသေတော့ အမေရိကန်ဒေါ်လာ 10 ဘီလီယံလောက်ရပြီး ဒီကားကို ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်တော့် ယောက္ခမက မာဖီးယားဂိုက်ချုပ်ဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ပါတယ်။" နောက်တစ်ယောက်ကတော့ အီသီယိုးပီးယား ဒါရိုက်တာဖြစ်သည်။ လူပုံစံကတော့ ဗေလုဝစတိုင် အတိုင်းပင်။ စင်ပေါ်ကို ထမ်းစင်နှင့် ခေါ်လာရသည်။ သူက အီသီယိုးပီးယားမှာ အစာငတ်ခံဆန္ဒပြနေတုန်း ဖမ်းခေါ်လာခြင်းဖြစ်သည်။ ဒါတောင် မလိုက်ဘူးဟု ငြင်းနေသေးသည်။" ကျွန်တော် ဒီကားကို ရိုက်ဖြစ်ပုံက ဆန်းကြယ်ပါတယ်။ တစ်နေ့မှာ ကျွန်တော် အိပ်မက်မက်ပါတယ်။ အိပ်မက်ထဲမှာ ကျွန်တော်ဟာ တိမ်တွေပေါ်မှာ လမ်းလျှောက်နေရပါတယ်။ ခဏအကြာ ကျွန်တော်ဗိုက်ထဲက တဂွီဂွီဆာလာပါတော့တယ်။ အဲ့ဒီမှာ ကျွန်တော်အိပ်မက်က လန့်နိုးပါတယ်။ အဲ့ဒါနဲ့ ဒီဇာတ်ကားကို ရိုက်ဖြစ်ခဲ့ပါတယ်။ "ပရိသတ်ထဲမှာ အသံလေး တစ်သံ ထွက်လာသည်။ ဘာမှလည်း မဆိုင်ဘူး..ဟု။ "နောက်တစ်ယောက်ကတော့ ဆိုမာလီနိုင်ငံသား ပင်လယ်ဓါးပြဖြစ်ပါတယ်။ သူကတော့ ဒီနေ့ဆုလာမယူနိုင်ပါဘူး။ တရုတ်သဘောင်္ကို ဓါးပြသွားတိုက်နေရပါတယ်။ သူ့အစား မြန်မာနိုင်ငံမှ ဂုဏ်သရေရှိ ဓါးပြတစ်ဦးမှ တက်ယူမှာဖြစ်ပါတယ်။ "နောက်ဆုံးတစ်ယောက်ကတော့ မြန်မာနိုင်ငံသား သာဂိဖြစ်ပါတယ်။ သူရဲ့ရင်တွင်းစကားသံလေးကတော့ "ကျွန်တော် ဒီဆုရဖို့ မမျှော်လင့်ပါဘူး။ လိုချင်လို့သာ လာခြင်းဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို ကျွန်တော်ရိုက်ဖြစ်ခဲ့တာက ရန်ကုန်မြို့သူမြို့သားတွေရဲ့ တောင်းဆိုမှုကြောင့်ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ကျွန်တော်တို့ တစ်ရက်တည်းနဲ့ အပြီးရိုက်ခဲ့တာပါ။ မြန်မာငွေ ဆယ်သိန်းလောက်ပဲကုန်ပါတယ်။ ဒီဇာတ်ကားမှာ ကျွန်တော်ပဲမင်းသား၊ ကျွန်တော်ပဲ ဒါရိုက်တာ၊ ကျွန်တော်ပဲ ပရိုဂျူဆာ ဖြစ်ပါတယ်။ 
        ထို့နောက်မှာတော့ ဆုရရှိသူများကို ဆုများပေးအပ်ပွဲ အခမ်းနားကျင်းပသည်။ အကောင်းဆုံးဇာတ်ကားဆုရ ထုတ်လုပ်သူ ဂျပန်းနပမ်းသမားကြီးအား ဂျမ်ဘို ခြင်ဆေးခွေ တစ်ဘူး၊ အကောင်းဆုံးဒါရိုက်တာ ဆုရ အီသီယိုးပီယားမှာ ဒါရိုက်တာ အီစီကလီအား ပေါင်မုန့်တစ်လုံး(ပေါင်မုန့်ရသဖြင့် ဒါရိုက်တာကြီးမှာ အတော်ပျော်သွားလေသည်။ ပြီးတော့ အငမ်းမရစားလေသည်)၊ အကောင်းဆုံးနောက်ခံတေးဂီတဆုရ ဆိုမာလီနိုင်ငံမှ ပင်လယ်ဓါးပြများအား အရုပ်သဘောင်္လေးတစ်စင်း(အတော်လက်ရမြှောက်သည်။မြင်တာနှင့် ဓါးပြတိုက်ချင်စရာကောင်းသည်)၊ အကောင်းဆုံး သရုပ်ဆောင်ဆုရ မြန်မာပြည်မှာ မင်းသားသာဂိအား မီးချောင်းတစ်ချောင်း၊ ဘတ်ထရီအိုးတစ်လုံး နှင့် မီးအားမြှင့်စက်တို့အား ဆုအဖြစ်ချီးမြှင့်သည်။ ထိုနောက့်မှာတော့ အခမ်းနားပြီးဆုံးကြောင်း ကြေငြာကာ ဆုပေးပွဲအခမ်းနားအား ရုပ်သိမ်းလိုက်လေသည်။ ဖိတ်ကြားထားသော ဧည့်သည်များနှင့် တက်ရောက်လာသော ဂုဏ်သရေရှိလူကြီးများအား ဂုံနီအိတ်တစ်လုံးစီ လက်ဆောင်အဖြစ် ပေးအပ်သည်။ ထို့နောက် အီရက်မှ အသေခံဗုံးခွဲသမားများမှ အိုစမာဘင်လာဒင်အား ဂုဏ်ပြုသည့် အနေဖြင့် ၀င်ရောက်ဗုံးခွဲရာ လူငါးထောင်ကျော် သေဆုံးကာ၊ သုံးထောင်ကျော်မှာ ပွဲချင်းပြီး၍ ကျန်နှစ်ထောင်မှာ ဆေးရုံမှာသေဆုံးလေသည်။


(မည်သူ့ကိုမှ မရည်ရွယ်ပါ တမင်တကာ စောင်းမြောင်းရေးလိုက်ခြင်းဖြစ်၍ တိုက်ဆိုင်မှုရှိပါက မသိချင်ယောင်ဆောင်နေကြပါရန် မေတ္တာကို အလျားလိုက်ခံအပ်ပါသည် :P)

Sunday, January 15, 2012

ရာဇ၀င်တို့ရဲ့ သူရဲကောင်းများ..သို့

ဒီမိုကရေစီ သူရဲကောင်းတွေ



ဒီမိုကရေစီ
သူတို့ လက်တွေကိုမြှောက်
ရင်ကော့လျှောက်ကာ
ကျည်ဆံအောက်မှာ ဒူးမထောက်ကြဘူး
.......
သမိုင်းကပေး
တာဝန်ကို ပွေ့ထွေးကာ
တိုင်းပြည်ရာဇ၀င် ၀င်ရေးကြတဲ့ အမည်မသိသူရဲကောင်းတွေ
ကမ္ဘာမြေက စောင့်ရှောက်ပါစေ
........
ဒီနေ့တော့ 
တို့တွေ အောင်ကြပြီ
သွေးတွေနဲ့ စိုက်ခဲ့တဲ့အပင်ဟာ
အရွက်တွေတဖားဖားနဲ့ တင့်တယ်လို့လှပ
ကြယ်တွေ မစုံတော့တဲ့ညမှာ
(ဒါဟာ တကယ်ဝမ်းနည်းစရာပါ)
..........
တချို့က ငိုကြ၊ တချို့ကလည်း ရယ်ကြ
ဘ၀ဆိုတာ ဘယ်လိုရှင်သန်ရသလဲ
ကျောင်းသားတွေက သင်လို့ပြ
သြော်....
အမျှ...အမျှ....အမျှ
မစားဘဲ စွန့်ခဲ့သူတွေအတွက်
မျက်ရည်တွေနဲ့ ရေစက်ချ

***********

Saturday, January 14, 2012

ထီးမပါလို့ပါ

တစ်ခါက လူတစ်ယောက်ဟာ သေလွန်ပြီးနောက် ကောင်းကင်ဘုံကို ရောက်ရှိလာပါတယ်။ ထို့နောက်ဘုရား သခင်နဲ့တွေ့ပြီး သူ့အပြစ်တွေကို ၀န်ခံပါတယ်။
 လူသား။ ။ဘုရားသခင် ကျွန်တော်ဘုရားသခင်ထံမှာ ကျွန်တော်ရဲ့အပြစ်တွေကို ၀န်ခံချင်ပါတယ်။

ဘုရားသခင်။ ။ရပါတယ် ချစ်သား။ ချစ်သားရဲ့အပြစ်တွေကို ၀န်ခံလို့ရပါတယ်။

လူသား။ ။ကျွန်တော်လူ့ဘ၀တုန်းက အပြစ်တွေအများကြီးလုပ်ခဲ့မိပါတယ်။ အဲ့ဒီအပြစ်တွေကို ဘုရားသခင် ခွင့်လွှတ်ပေးစေချင်ပါတယ်။

ဘုရားသခင်။ ။ခွင့်လွှတ်ပေးပါမယ် ချစ်သား။ပြောပါ။

လူသား။ ။ကျွန်တော်လူ့ဘ၀မှာတုန်းက အိမ်ထောင်ရှိပါတယ်။ တစ်နေ့မှာကိစ္စတစ်ခုနဲ့ ကျွန်တော့်ရဲ့ မရီးဆီကို သွားရပါတယ်။ အဲ့ဒီနေ့က သူတစ်ယောက်တည်းရှိပါတယ်။ ကိစ္စပြီးလို့ ပြန်ခါနီးမှာ မိုးတွေက အရမ်းကိုရွာပါတယ်။ ကျွန်တော့်မှာ ထီးလည်း မပါခဲ့ပါဘူး။ အဲ့ဒါနဲ့ မိုးတိတ်အောင်စောင့်ရင်း ကျွန်တော့်မရီးနဲ့ မှောက်မှားခဲ့မိပါတယ်။

ဘုရားသခင်။ ။ ရပါတယ် ချစ်သား။လူဆိုတာ တကြိမ်တစ်ခါတော့ မှားယွင်းတတ်ကြပါတယ်။

လူသား။ ။မပြီးသေးပါဘူး။ နောက်တစ်နေ့ကျတော့ သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်ကိုသွားပါတယ်။ အဲ့ဒီနေ့က သူငယ်ချင်းက မရှိပါဘူး။ သူ့ညီမလေး တစ်ယောက်တည်းပဲ ရှိပါတယ်။ သူငယ်ချင်းမရှိလို့ ပြန်မယ်လုပ်တုန်း  မိုးတွေက အရမ်းရွာလာပါတယ်။ ကျွန်တော့်မှာ ထီးကလည်း မပါပြန်ပါဘူး။ အဲ့ဒါ မိုးတိတ်အောင်စောင့်ရင်း သူငယ်ချင်းရဲ့ ညီမလေးနဲ့ မှောက်မှားခဲ့မိပါတယ်။

ဘုရားသခင်။ ။ ရပါတယ် ချစ်သား။ ဘ၀မှာလူတွေဟာ ခဏခဏမှားတတ်ကြပါတယ်။

လူသား။ ။မပြီးသေးပါဘူး။ နောက်တစ်ခါ ကျွန်တော့်အဒေါ်အိမ်ကို သွားပါတယ်။ အဲ့ဒီနေ့က အဒေါ်က အလုပ်ကိစ္စနဲ့ အပြင်ကိုသွားပါတယ်။ အိမ်မှာ သူမွေးစားထားတဲ့ ကောင်မလေးတစ်ယောက်ပဲရှိပါတယ်။ ပြန်ခါနီးမှာ မိုးကရွာလာပြန်ပါတယ်။ထီးကလည်း မပါပြန်ပါဘူး။ အဲ့ဒါနဲ့ မိုးတိတ်အောင်စောင့်ရင်း အဒေါ့်ရဲ့ မွေးစားသမီးလေးနဲ့ မှောက်မှားခဲ့မိပါတယ်။

ဘုရားသခင်။ ။ရပါတယ် ချစ်သား။ လူတွေဟာ တစ်ခါတလေမှာ စိတ်လွတ်ကိုယ်လွတ်ဖြစ်တတ်ပါတယ်။

လူသား။ ။မပြီးသေးပါဘူး။ နောက်တစ်ခါ ကျွန်တော့်ဘကြီးအိမ်ကို သွားရပါတယ်။ ဘကြီးက မရှိပါဘူး။ သူ့အိမ်မှာ ကောင်လေးတစ်ယောက်ပဲရှိပါတယ်။ အဲ့ကောင်လေးကလည်း နွဲ့တဲ့တဲ့နဲ့ အခြောက်ကလေးပါ။ ဘကြီးမရှိလို့ ပြန်မယ်လုပ်တော့ မိုးကရွာပြန်ပါတယ်။ ထီးကလည်း မပါပြန်ပါဘူး။ အဲ့ဒါ မိုးတိတ်အောင်စောင့်ရင်း အဲ့ကောင်လေးနဲ့ လည်း မှောက်မှားခဲ့မိပါတယ်။

ဘုရားသခင်။ ။ရပါတယ်ချစ်သား။ ခွင့်လွှတ်ပေးပါ့မယ်။

အဲ့အချိန် ကောင်းကင်ဘုံမှာ တိမ်တွေမည်းပြီးညို့လာတယ်။ ခဏကြာတော့ မိုးစက်ကလေးဖွဲဖွဲနဲ့ ကျလာတယ်။ သိပ်မကြာခင်ပဲ မိုးတွေရွာလာပါတော့တယ်။ အဲ့ဒီအခါ ဘုရားသခင်က လူသားကို အလန့်တကြားထအော်တယ်။
 “ဟေ့မင်းငါ့ဆီ လာတာရော ထီးပါခဲ့ရဲ့လား”

Friday, January 13, 2012

အချစ်

“ရင်မှာ ဖြစ်သော” 
ကိုယ်က 
စာအုပ် တစ်အုပ်ပါ
မင်းလက်နဲ့ ရင်ကိုရေးသွား
ငြိမ်သက်စွာ ကျေနပ်မှာ
......
ကိုယ်က 
ဖန်မီးအိမ် တစ်လုံးပါ
မင်းကဗျာတွေ ဖတ်တဲ့အခါ
လင်းတောက်စွာ လဲ့ဖြာပေးမှာ
........
ကိုယ်က
ပြတင်းတံခါးလေးတစ်ခုပါ
မင်းလက်ထောက်မှေးမှီ အပြင်ကိုငေးကြည့်တဲ့အခါ
လုံခြုံနွေးထွေးစွာ ခိုင်မတ်ပေးမှာ
..........
ကိုယ်က
မင်းရဲ့ ပထမဆုံးရည်းစားစာလေးပါ
မင်းအမှတ်တရ ထုတ်ကြည့်ဖို့ကို
ရင်ခုန်စွာနဲ့ စောင့်နေတာ
...........

Friday, January 6, 2012

အဖေ..သို့



သွားတော့ အဖေရေ

ဘယ်တော့မှ ပြန်မရွေးနိုင်တဲ့

သေခြင်းတရားဆီ အဖေ့ကို

 ရောင်းခဲ့ရပြီ

ကျွန်တော့်တို့က အဖေ့ကို လက်ပြ

အဖေ့က ကျွန်တော်တို့ကို လက်ပြ

ဘ၀ဆိုတာ ဒီလိုပါပဲ

တစ်နေ့ကျတော့

ကောင်းကင်နဲ့ မြေကြီး

တစ်ခုခုထဲကို လွင့်မျောသွားကြတာပါပဲ

လူ့ဘ၀ဆိုတာ

ဘောပွဲတစ်ပွဲလို ပါပဲ အဖေရယ်

အနိုင်ရဖို့ ရုန်းကန် ကြိုးစားရင်း

တစ်ဝက်တစ်ပျက်နဲ့လည်း

အားလုံးကို လက်ပြနူတ်ဆက်ကြရတာပါပဲ

ကျွန်တော်တို့လည်း 

ပွဲပြီးထိ တောင့်ခံနိုင်မလားဆိုတာ

ရာနူန်းပြည့်တောင် မရေရာ မသေချာပါဘူး အဖေ

အဖေပြောဖူးတဲ့ စကားလိုပဲ

အချိန်တန်တော့လည်း အိမ်ပြန်ချိန်ဆိုတာ

ဘယ်ဆီမှာမှန်းမသိရင်

တကယ့်ကို လွမ်းမောစရာကြီးပါ အဖေရာ

..............