Pages

Sunday, January 15, 2012

ရာဇ၀င်တို့ရဲ့ သူရဲကောင်းများ..သို့

ဒီမိုကရေစီ သူရဲကောင်းတွေ



ဒီမိုကရေစီ
သူတို့ လက်တွေကိုမြှောက်
ရင်ကော့လျှောက်ကာ
ကျည်ဆံအောက်မှာ ဒူးမထောက်ကြဘူး
.......
သမိုင်းကပေး
တာဝန်ကို ပွေ့ထွေးကာ
တိုင်းပြည်ရာဇ၀င် ၀င်ရေးကြတဲ့ အမည်မသိသူရဲကောင်းတွေ
ကမ္ဘာမြေက စောင့်ရှောက်ပါစေ
........
ဒီနေ့တော့ 
တို့တွေ အောင်ကြပြီ
သွေးတွေနဲ့ စိုက်ခဲ့တဲ့အပင်ဟာ
အရွက်တွေတဖားဖားနဲ့ တင့်တယ်လို့လှပ
ကြယ်တွေ မစုံတော့တဲ့ညမှာ
(ဒါဟာ တကယ်ဝမ်းနည်းစရာပါ)
..........
တချို့က ငိုကြ၊ တချို့ကလည်း ရယ်ကြ
ဘ၀ဆိုတာ ဘယ်လိုရှင်သန်ရသလဲ
ကျောင်းသားတွေက သင်လို့ပြ
သြော်....
အမျှ...အမျှ....အမျှ
မစားဘဲ စွန့်ခဲ့သူတွေအတွက်
မျက်ရည်တွေနဲ့ ရေစက်ချ

***********

3 comments:

camomilla said...

“ကျည်ဆံအောက်မှာဒူးမထောက်ကြတဲ့ အမည်မသိသူရဲကောင်းတွေ”တဲ့လား .... ကဗျာကောင်းလေးခံစားအားပေးသွားတယ်မောင်လေးရေ..

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ကြယ်တွေ မစုံတော့တဲ့ညမှာ
(ဒါဟာ တကယ်ဝမ်းနည်းစရာပါ) ဆိုတာလေးက တကယ်အမှန်တရားလေး တစ်ခု။

ဟိုဖက်မှာ (မသမီးစံ) ဖတ်ပြီးလို့ ဒီဖက်မှာပါ ထပ်လာ မန့်တာပါ။

ခင်မင်စွာဖြင့်
မြတ်

ချောကလက်ကျူးပစ်လေး said...

အမောင်ရေ
ခင်ဗျာကဗျာကမိုက်လှချည်လား
ရင်ဘက်ကြီးနဲ့ခံစားသွားတယ်