Pages

Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Saturday, March 17, 2012

ငါ..မှားသလား ?????


ဒီနေရာမှာ

ကမ္ဘာကြီး တစ်ခုခြားနေလည်း

အဲ့ဒါ တို့နှစ်ယောက်ရဲ့ ရွေးချယ်ခွင့်ပဲ

ငါဟာ

မိန်းခလေးတွေကို ဂစ်တာတစ်လက်လောက် မချစ်ဘူးဆိုတာ

မင်းက လွဲရင်ပါ...

ကျေးဇူးပြုပြီး ငါ့ကို မမုန်းနဲ့

မချစ်ဘဲနဲ့လည်း ဟန်ဆောင်မပြုံးနဲ့

သံယောဇဉ်ရှိတောင် တိတ်တိတ်ကလေးနေပေးပါ..

ငါယုံကြည်ပါတယ်

ရောမဓါးတစ်လက်ရဲ့ အနားသတ်မျဉ်းတွေလို

တစ်နေ့မှာ တို့နှစ်ယောက်ဆုံရမယ်

ဒါဟာ ဆုတောင်းပဲ

မင်းလိုအပ်ရင် ဆက်သွယ်ပေါ့

ငါဒီနားမှာ ငြိမ်ငြိမ်လေး ...ရပ်နေမယ်..။

Saturday, March 10, 2012

မင်း...သွား...



ငါ့ကိုယ်ပေါ်ကို 

မိုးကြိုး တစ်လုံးလောက် 

ပစ်ချလိုက်စမ်းပါ

ဒီရင်မှာ မည်းနက်သွားလည်း

ချစ်ရသူနဲ့

ဝေးလွင့်ခွဲခွာရခြင်းထက်တော့

ခံသာပါသေးတယ်

မင်ထားခဲ့တဲ့ နေ့ကစပြီး

ငါ့ဘ၀ဟာ အသက်ရှုရင် တစ်ခန်းရပ်သွားပြီ

မင်းဘက်ကို ကြည့်နေရင်း

ငါ့ဘက်ကို ငါမမြင်နိုင်ခဲ့ဘူး......

အိပ်မက်တွေ ပျောက်ရှ

တို့အမှတ်တရတွေလည်း ဖျောက်ဖျက်ပစ်လိုက်ပြီ...

ဒါဟာ...ငြင်သာတဲ့..ငါ့ရဲ့..ကလဲ့စား

ဒီနေရာက ဘယ်မှမသွားဘူး

အခုတော့ နေ၀င်ချိန်ဟာ ငါ့အတွက်ဖြစ်သွားပြီ

မင်းမှန်နေတုန်း ဆိုရင်တော့

နူတ်မဆက်ပါနဲ့ ချစ်သူရယ်

ရင်ခုန်သံကို ဆုံးရှုံး

ငါ့...၀ိဥာဉ်ကို စားသုံးဖို့

နတ်ဆိုးတွေကိုပဲ နိုးလိုက်တော့မယ်
.........


Tuesday, March 6, 2012

ယုံလား


အဲ့ဒီညက

နာရီပြန် နှစ်ချက်တီးထိ

ငါ..စိတ်ကူးကို ထိုင်ငေးကြည့်တယ်

ပင်လယ်အောက်ခြေမှာ

ငါတစ်ယောက်တည်း အထီးကျန်စွာ

ကန္တာရတွေ ...

တစ်ကြောင်းပြီး၊ တစ်ကြောင်း..ရေးချ

ဒို၊ ရေ၊ မီ၊ ဖာ

ငါဘယ်သူ့ကိုမှ ပြန်မပြောပြဘူး

................

ငါ့ရင်ကို 

တိတ်တိတ်ကလေး ဖွင့်ပြီး

ကောင်းကင်နဲ့ တီးတိုးပြောချိန်

ကြယ်စင်တွေ လဲ့ရီဝေဖြာ

 တိမ်စိုင်ထဲမှာ ရင်တွေ အရမ်းခုန်တယ်

.................

ငါသိချင်တယ်

လှောင်အိမ်မှာ တကယ်ပျော်သလား ငှက်ငယ်ရယ်

အချစ်ဆိုတာ

ငါနားမလည်တဲ့ တင်း၊ ကျပ်၊ ပြား ပုစ္ဆာတွေလိုပါပဲ

ဟိုဒီငေးငိုင် ကြည့်ရင်းနဲ့...

နံရံမှာ  ရေးနေကြ စာတစ်ကြောင်းကို သတိရတယ်

ငါနင့်ကို “...........” ။

Monday, February 13, 2012

အနောက်အရပ်က..ဓါး


ဒီရင်မှာလည်း
ခ၀ဲပန်းတွေ တဖြာကြီး
ငါ့ရင်ကို
ထမနဲလို မွှေတဲ့ မိန်းမအတွက်
အစိမ်းရောင် ပန်းတစ်ခက် ယူသွား
..........
ဝံပုလွေတစ်ကောင်လို
မာယာပြာပြာတွေနဲ့
နေ၀င်ရီတရောမှာ လွှတ်ချ
နင်ဟာ
ရေထုလို သိပ်သည်းပျော့ပြောင်းတယ်
သိရဲ့လား
........... 
ပင်လယ်လို လှည့်စား
သက်တန့်ကိုမှ ဒန်းစီးချင်တဲ့
မိန်ရာသီဖွား မိန်းမ
ငါနင့်ကို ဒီညမုန်းမယ်
..............

Wednesday, January 25, 2012

ပြန်လာမယ်ဆို...



ငါ့ဘ၀မှာ
မင်းရဲ့ မာဖလာလေးရယ်
သမီးလေးရဲ့ မွှေးပွခွေးရုပ်လေးရယ်ပဲရှိတယ်

ငါပထမဆုံး
မျက်ရည်ကျတာ လေယာဉ်ကွင်းမှာ
မင်းကငါ့ကို အိပ်မက်အကြီးစားတစ်ခုနဲ့ ထားပစ်ခဲ့တယ်

ကံမကုန်ရင်ပေါ့လို့ ပြောခဲ့ရင်း
တို့နှစ်ယောက်ကံကုန်အောင် မင်းတယုတယ ထိုင်ခြွေခဲ့တယ်
မင်းသိပ်ရက်စက်တယ်
ဒီမြေမှာ တော့
အကြီးစား ငတုံးတစ်ကောင် ကျန်ခဲ့ရပေါ့ကွယ်
မင်းလုပ်သမျှ
အံဝင်ခွင်ကျ မှားပြရင်း အလွဲတွေနဲ့အသားကျခဲ့ရ
သကြားဆိုတာ
သမီးလေးရဲ့ အကြည့်လောက်မချိုဘူး
လမင်းဟာ
သမီးမျက်နှာလေးလောက် မ၀ိုင်းဘူး
စောင်းသံဟာ
သမီးရဲ့ အသံလေးလောက် မသာယာဘူး
ငါမင်းတို့ကို လွမ်းတယ်
ရေဆာသူ ရေငတ်သလိုကို လွမ်းတယ်
တကယ်ပါ
ငါ့ဘ၀မှာ
မင်းရဲ့ မာဖလာလေးရယ်
သမီးလေးရဲ့ မွှေးပွခွေးရုပ်လေးရယ်ပဲ ရှိခဲ့တာပါကွာ

Sunday, January 15, 2012

ရာဇ၀င်တို့ရဲ့ သူရဲကောင်းများ..သို့

ဒီမိုကရေစီ သူရဲကောင်းတွေ



ဒီမိုကရေစီ
သူတို့ လက်တွေကိုမြှောက်
ရင်ကော့လျှောက်ကာ
ကျည်ဆံအောက်မှာ ဒူးမထောက်ကြဘူး
.......
သမိုင်းကပေး
တာဝန်ကို ပွေ့ထွေးကာ
တိုင်းပြည်ရာဇ၀င် ၀င်ရေးကြတဲ့ အမည်မသိသူရဲကောင်းတွေ
ကမ္ဘာမြေက စောင့်ရှောက်ပါစေ
........
ဒီနေ့တော့ 
တို့တွေ အောင်ကြပြီ
သွေးတွေနဲ့ စိုက်ခဲ့တဲ့အပင်ဟာ
အရွက်တွေတဖားဖားနဲ့ တင့်တယ်လို့လှပ
ကြယ်တွေ မစုံတော့တဲ့ညမှာ
(ဒါဟာ တကယ်ဝမ်းနည်းစရာပါ)
..........
တချို့က ငိုကြ၊ တချို့ကလည်း ရယ်ကြ
ဘ၀ဆိုတာ ဘယ်လိုရှင်သန်ရသလဲ
ကျောင်းသားတွေက သင်လို့ပြ
သြော်....
အမျှ...အမျှ....အမျှ
မစားဘဲ စွန့်ခဲ့သူတွေအတွက်
မျက်ရည်တွေနဲ့ ရေစက်ချ

***********

Friday, January 13, 2012

အချစ်

“ရင်မှာ ဖြစ်သော” 
ကိုယ်က 
စာအုပ် တစ်အုပ်ပါ
မင်းလက်နဲ့ ရင်ကိုရေးသွား
ငြိမ်သက်စွာ ကျေနပ်မှာ
......
ကိုယ်က 
ဖန်မီးအိမ် တစ်လုံးပါ
မင်းကဗျာတွေ ဖတ်တဲ့အခါ
လင်းတောက်စွာ လဲ့ဖြာပေးမှာ
........
ကိုယ်က
ပြတင်းတံခါးလေးတစ်ခုပါ
မင်းလက်ထောက်မှေးမှီ အပြင်ကိုငေးကြည့်တဲ့အခါ
လုံခြုံနွေးထွေးစွာ ခိုင်မတ်ပေးမှာ
..........
ကိုယ်က
မင်းရဲ့ ပထမဆုံးရည်းစားစာလေးပါ
မင်းအမှတ်တရ ထုတ်ကြည့်ဖို့ကို
ရင်ခုန်စွာနဲ့ စောင့်နေတာ
...........

Friday, January 6, 2012

အဖေ..သို့



သွားတော့ အဖေရေ

ဘယ်တော့မှ ပြန်မရွေးနိုင်တဲ့

သေခြင်းတရားဆီ အဖေ့ကို

 ရောင်းခဲ့ရပြီ

ကျွန်တော့်တို့က အဖေ့ကို လက်ပြ

အဖေ့က ကျွန်တော်တို့ကို လက်ပြ

ဘ၀ဆိုတာ ဒီလိုပါပဲ

တစ်နေ့ကျတော့

ကောင်းကင်နဲ့ မြေကြီး

တစ်ခုခုထဲကို လွင့်မျောသွားကြတာပါပဲ

လူ့ဘ၀ဆိုတာ

ဘောပွဲတစ်ပွဲလို ပါပဲ အဖေရယ်

အနိုင်ရဖို့ ရုန်းကန် ကြိုးစားရင်း

တစ်ဝက်တစ်ပျက်နဲ့လည်း

အားလုံးကို လက်ပြနူတ်ဆက်ကြရတာပါပဲ

ကျွန်တော်တို့လည်း 

ပွဲပြီးထိ တောင့်ခံနိုင်မလားဆိုတာ

ရာနူန်းပြည့်တောင် မရေရာ မသေချာပါဘူး အဖေ

အဖေပြောဖူးတဲ့ စကားလိုပဲ

အချိန်တန်တော့လည်း အိမ်ပြန်ချိန်ဆိုတာ

ဘယ်ဆီမှာမှန်းမသိရင်

တကယ့်ကို လွမ်းမောစရာကြီးပါ အဖေရာ

..............



Friday, December 30, 2011

Happy New Year !!!!!


တစ်နေ၀င်လို့
တစ်မိုး ချုပ်
တစ်နှစ်ကုန်လို့
နှစ်သစ်ဝင်
အဟောင်းကို မေ့၍
အသစ်ဆင်
စိတ်ဓါတ်အင်အားပြင်
.........

ငါတို့တော့ 
2011 ကို သမိုင်းမှာ ထားခဲ့ပြီ
မင်းရင်ခုန်တဲ့အခါ
အမှတ်တရ ပြန်ကြည့်ပါ

ငါတို့တော့
2011 ကို လက်ပြနူတ်ဆက်ခဲ့ပြီ
မင်း သတိရတဲ့အခါ
မကြာမကြာ လှည့်ကြည့်ပါ

ငါတို့တော့
2011 ကို တံခါးပိတ်လိုက်ပြီ
မင်း လွမ်းတဲ့အခါ
ရိုရိုသေသေ ဖွင့်ကြည့်ပါ
ငါတို့တော့
2011 ကို မသိချင်ယောင်ဆောင်လိုက်ပြီ
မင်း နဲ့ ပြန်တွေ့တဲ့အခါ
ဖော်ဖော်ရွေရွေ နူတ်ဆက်လိုက်ပါ

ငါတို့တော့ 
2012 ကို ကြိုဆိုလိုက်ပြီ
ဘာတွေ ဖြစ်ဦးမလဲဆိုတာ
အတူတူ စောင့်ကြည့်ကြတာပေါ့ကွာ
..........
အားလုံးအားလုံး Happy New Year ပါခင်ဗျာ ပျော်ရွှင်စရာ နှစ်သစ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်..”
(12 နာရီ တိတိမှာ တင်ဖို့ကြိုးစားပါသော်လည်း ဥသြများဆွဲနေပါသောကြောင့် အချိန်လွန်မှ တင်လိုက်ရပါကြောင်း :D)

Wednesday, December 21, 2011

အမှောင်

ကိုယ်က
အမှောင် တစ်ကောင်ပါ
တစ်ခါမှ 
လင်းလက်ဖို့တောင်
မကြိုးစားခဲ့ပါဘူး
မင်းရဲ့
အလင်းချိုချိုကလေးတွေ
ကိုယ့်ကို မျှဝေ
နွေးထွေးပေးပါ
အလင်း နတ်သမီးလေးရေ
မင်းရင်တွေ မွန်းကြပ်တဲ့အခါ
အိမ်ကို ပြန်ခဲ့ပါ
ဆက်သွားဖို့ လမ်းပျောက်တဲ့အခါ
အိမ်ကိုပြန်ခဲ့ပါ
အရာအားလုံး မင်းဆုံးရှုံးသွားတဲ့အခါ
အိမ်ကိုပြန်ခဲ့ပါ
ကိုယ်ဟာ ငြိမ်သတ်တိတ်ဆိတ်စွာ
အမှောင်ထုတစ်ခုနဲ့
စောင့်နေမှာ
ကိုယ်က အမှောင် တစ်ကောင်ပါ
တစ်ခါမှ လင်းလက်ဖို့တောင်
မကြိုးစားခဲ့ဖူးပါဘူးကွာ

.................

Sunday, December 4, 2011

ရင်ခွင်ထဲ..သို့

  
ကံကြမ္မာ အလိုကျ

တို့တွေ ငိုရင်လည်း ငိုရမှာပေါ့ကွယ်

ဘယ်ဥာဉ့်သန်းခေါင်ယံမှ

နံနက်ခင်းလောက် မနွေးထွေးပါဘူး

လာပါ..ချစ်သူရယ်

ရေမှုန်တွေ သီတဲ့ ကြိုးပုခက်မှာ

ဘုရားသခင် အမျက်တော်ရှဖို့

တို့တွေ ပန်းသီး

စားကြမယ်

***************

Thursday, November 24, 2011

မနှင်းဆီ...သို့


Connection ကမတက်
မီးက ပျက်
မင်းကလည်း ငါ့ကို ဖြတ်
ငါ့ဘ၀ဟာ
ရိုမီယိုနဲ့ ဂျူးလိယတ်ထက်တောင်
ကံဆိုးပါတယ်
မနှင်းဆီ .... ရယ် ..

လမ်းဘေးဈေးသည်တွေ
စည်ပင်ကို ကြောက်သလို
မင်းနဲ့ဝေးမှာကို ကြောက်ခဲ့ရသူပါ
(မင်းသိမှာပါ)
..........
ဒီမှာ မနှင်းဆီ
ကိုရီးယားမကြိုက်တဲ့ မယား
ရဲမဖမ်းတဲ့ ကားနဲ့
supply မထိတဲ့ Dayကျောင်းသားဟာ
မတင့်တယ်ပါဘူး..မနှင်းဆီ
(ငါ့ကို မထားခဲ့ပါနဲ့)

............

ယုံပါ..မနှင်းဆီရယ်
Connection တွေ ကောင်း
လျှပ်စစ်မီးတွေ တဖြောင်းဖြောင်းနဲ့
မြန်မာပြည်ကြီး ပြောင်းမှ
မင်းကို မေ့မယ်
ဒါငါ့ရဲ့ သစ္စာတရား ပေါ့ကွယ်

*******

Thursday, November 17, 2011

အိမ်ကို လွမ်းတယ်


ငါ့အိမ်ပါလား
ဆောင်းတွင်းအိပ်မက်တွေ တရေးနိုးမှာ
ငါ့လက်မှာ မင်နီတွေတထွေးကြီးနဲ့
တိုင်ကပ်နာရီက
လူမျိုးခြား စံတော်ချိန်ကြားရတယ်
ငါအိမ်ကလေးကို လွမ်းနေတယ်

တိုးတက်ဖို့ပါကွယ်
ခံစားချက်တွေ နင်းပြီ
မျှော်လင့်ချက် တံခါးပေါက်ဆီ
ဒဏ်ရာတွေရင်းပြီး ထွက်လာခဲ့တယ်
ငါ့အိမ်ကလေးကို လွမ်းတယ်

ပြန်မရောက်နိုင်ဖို့
သေချာတဲ့လား
မြူမှုန်ဆန်ဆန် လောကဓံမှာ
လှော်တက်တွေ ကိုယ်စီနဲ့
အသက်ရှုသံအတွက် လှော်ခတ်နေရတယ်
ငါအိမ်ကလေးကို လွမ်းတယ်

အိမ်ပြန်ချင်တယ်
ပြန်သွားသူတွေမြင်တိုင်း ရင်ထဲမှာနင့်တယ်
ငါသာ ငှက်ကလေးတစ်ကောင်ဆို
အိမ်ကို ပြန်တယ်

အခုတော့ ငါဟာ
ပြန်မလှည့်နိုင်တဲ့ မြှားတစ်စင်းလို့
မဆုံးနိုင်တဲ့ ပစ်မှတ်တစ်ခုဆီ
ဦးတည် ၀ပ်တွားနေရတယ်

ငါလွမ်းတဲ့ 
အိမ်ကလေးရေ
ပင်လယ်လှိုင်းလုံးတွေကို ကျော်ပြီး
မြစ်ကမ်းဘေးကို လာခဲ့ကွယ်
မမြင်ရပေမယ့်
ငါ့လက်နှစ်ဖက်နဲ့ မင်းကို   သေချာထွေးဖက်ချင်တယ်

********

Thursday, October 27, 2011

ရင်နာတယ်



တာဝက အပြန်

စီးချင်တယ် ထိုင်ခုံဆိုလို့

ကိုယ်ထကာပေး
......
ချစ်ဆုံးသူက ချိုကြည်သာအသံလေးနဲ့

သူ့ဘဲကိုခေါ်ကာ 

ထိုင်ခိုင်းတယ်လေး
...........

Thursday, October 13, 2011

ယုံပါ


တစ်နေ့တော့ ၀တ်မှုန်တစုံထဲ

တိတ်တိတ်လေး   ငုံလျိုးဝင်မိတယ်.. 

ငါ့တစ်ကိုယ်လုံး အ၀ါတွေဖုံးလို့

ပင်လယ်ရေကလည်း ငန်လိုက်တာ.. ကွယ်

ကမ်းခြေက ကျောက်ဆောင်မှာ

ငါထိုင်ငေးနေမိတယ်...

မငိုပါနဲ့

ကလေးရယ်.. 

ဟိုးမိုးသားပြာပြာထက်က 

အလင်းလက်ဆုံးကြယ်ဟာ

မင်းပဲလို့ ကိုယ်အမြဲယုံကြည်ပါတယ်

.................

Tuesday, October 11, 2011

ချစ်တယ်

ချစ်တယ်

တီကောင်က မြေကြီးကို

ချစ်သလိုမျိုး

နင့်ကို အရမ်းချစ်ပါတယ်...
နင့်နဲ့ ဝေးရမှာကို
လိပ်ခေါင်းထွက်မှာ ကြောက်သလို

ငါကြောက်ပါတယ်...

ငါ့ရဲ့ အချစ်က 

ကာနေရှင်း သုတ်ထားတဲ့ ချိုင်းလို

သန့်ရှင်း လတ်ဆက်ပါတယ်...ချစ်သူ

(နင့်မှာချိုင်းမွှေးရှိရင်သိမှာပါ)

နင့်ကို တွေ့တဲ့ အခါ

ဗိုက်နာတဲ့သူ အိမ်သာတွေ့သလို

အတိုင်းအဆမရှိ ၀မ်းမြောက်မိပါတယ်...ယုံပါ

(ခဏခဏ ၀မ်းမြောက်မိပါတယ် )
ဒီမှန်သော သစ္စာစကားကြောင့်

 တို့တတွေ မပေါင်းရရင်တောင်

တင်ပါးနဲ့ဖနောင့်လို 

အိမ်သာတက်တိုင်း နီးရပါစေ..ကွယ်

(ဒါပေမယ့်် ဘိုထိုင်တော့ ရွေးမတက်နဲ့ပေါ့ : D )


ငရုတ်သီး

မင်းက မျက်ရည်

ကိုယ်က နှပ်ချီး

အချစ်ဆိုတာ ငရုတ်သီး
..........

Thursday, October 6, 2011

အမိန့်


မမေ့ရဲဘူး

သူပေးတဲ့ အမိန့်ကို

ကျွန်တော် ချစ်တယ်..

မလွမ်းရဲဘူး

ထားခဲ့တဲ့ ကတိကို

ကျွန်တော် မြတ်နိုးရမယ်..

မျက်ရည် ကျမိတယ်

ဒီတစ်ကြိမ်ဟာ

ပထမဆုံး သစ္စာဖောက်ခြင်းပါ..။

ဆုတောင်း

မခွဲပါရစေနဲ့

တစ်နေ့၊ တစ်ရက်၊ တစ်မနက်သော်တောင်မှ...

မလွဲပါရစေနဲ့

တစ်နာရီ၊ တစ်မိနစ်၊ တစ်စက္ကန့်သော်တောင်မှ...

မလွမ်းပါရစေနဲ့

တစ်နှစ်၊ တစ်လ၊ တစ်ပတ်သော်တောင်မှ...

မမုန်းပါရစေနဲ့

တစ်ဘ၀၊ တစ်သက်၊ သံသရာ တစ်လျှောက်လုံးသော်တောင်မှ...။

လွမ်းသူ့ စာခွေ

လွမ်းစ ထွေသည်

အတူဖြေဆယ်တန်း 

ချစ်သူ ကျကျန်ခဲ့ သောကြောင့်...

နွမ်းလျ ခွေရီ

ကြင်ဖော်သက်နှင်း ချစ်ဦးသူသတင်း

စွန်းရိပ်စမျှ မရသောကြောင့်...

တောင်းဆုချွေသည်

ဆံတော်ရှင်ပေါင်း စေတီသောင်း၌

ချစ်သူ နေမကောင်း နေသောကြောင့် ....။