Pages

Friday, December 9, 2011

မတူရင် မတုနဲ့

နယ်စပ် စစ်တပ်မှ ထိုင်းစစ်သား များသည် မြန်မာစစ်သားများကို တိုက်ရန် အင်မတန်း ဆန္ဒပြင်းပြနေကြသည်။ ယင်းတို့၏ ဗိုလ်မှုးကိုလည်း တိုက်ခွင့်ပြုရန် စာတင်ကြသည်။ အကယ်၍ ခွင့်မပြုပါက ကိုယ်သဘောနှင့် ကိုယ် တိုက်မည်ဟုလည်း ခြိမ်းခြောက်ထားကြသည်။ ထိုကိစ္စသည် ထိုင်းနိုင်ငံ၏ ထိပ်ပိုင်း ခေါင်းဆောင်များဆီသို့ ရောက်သွားလေသည်။ ထိုအခါ ကာကွယ်ရေးဦးစီးချုပ်သည် ဖြေရှင်းရန် နယ်စပ်သို့ ကိုယ်တိုင် ရောက်လာ သည်။ ထို့နောက် စစ်သားများကို တန်းစီခိုင်းလိုက်သည်။

ဗိုလ်ချုပ်- မြန်မာစစ်သားတွေကို တိုက်ချင်တာ ဘယ်ရဲဘော်တွေလဲ

ရဲဘော် - ကျွန်တော်တို့ပါ ဗိုလ်ချုပ်ကြီး..

 ဗိုလ်ချုပ်- ကောင်းပြီ..ရဲဘော်တို့ ထွက်ခဲ့ပါ..ပြီးရင် ဟိုဘက်နားမှာ တန်းစီလိုက်ကြပါ။ 

ရဲဘော်များ စနစ်တကျ တန်းစီလိုက်ကြသည်။ အကုန်လုံးလည်း တက်ကြွနေကြသည်။
ဗိုလ်ချုပ်-ရဲဘော် တစ်ယောက် ထွက်ခဲ့ပါ။

ရဲဘော်တစ်ယောက်ထွက်လာသည်။ ယူနီဖောင်းအပြည့်အစုံ၊ လက်နက်အပြည့်အစုံနှင့်။

ဗိုလ်ချုပ်- ကောင်းပြီ..ရဲဘော်..မင်းရဲ့ ယူနီဖောင်းကို ချွတ်လိုက်ပါ။ 

ရဲဘော်က ယူနီဖောင်းကို ချွတ်လိုက်သည်။ အထက်ပိုင်း ဗလာကျင်းဖြစ်သွားသည်။ ထို့နောက်ခြေကိုခွဲပြီး အသင့်ရပ်လိုက်သည်။

ဗိုလ်ချုပ်- အဆင်သင့်ဖြစ်ပြီလား ရဲဘော်..

ရဲဘော်- ဖြစ်ပါပြီ ..ဗိုလ်ချုပ်

ဗိုလ်ချုပ်-ကောင်းပြီ.. အဲ့ဒါဆို ဟိုရှေ့တည့်တည့်က ဆူးခြုံထဲကို ပြေးဝင်လိုက်ပါ ရဲဘော်..

ရဲဘော် - ဟာ..ဗိုလ်ချုပ် ကလည်း ယူနီဖောင်းလည်း မပါပဲနဲ့ သေကုန်မှာပေါ့...

ထိုအခါ ဗိုလ်ချုပ်ကြီး ထိုရဲဘော်အား စေ့စေ့ကြည့်ကာ ဒေါသတကြီးပြောလိုက်လေသည်။

ဗိုလ်ချုပ်- အေး..မြန်မာတွေက အဲ့လိုဝင်တာကွ..။

0 comments: