Pages

Tuesday, December 6, 2011

ကတ်သီးကတ်သတ်

တစ်နေ့က ကျွန်တော်သန်လျင်ပြန်တော့ မြို့မကားဂိတ်နားက သံပန်း၊ သံတံခါး ဆိုင်လေးတစ်ခုကို တွေ့ပြီး အတွေးတစ်ခု ၀င်မိတယ်။ ဘာမှတော့ မဟုတ်ပါဘူး။ နေ့တိုင်းလည်း သွားလာနေကြ။ မြင်နေကြ။ အဲ့ဒီနေ့မှ ထူးထူးဆန်းဆန်း ကတ်သီးကတ်သတ် အတွေးဝင်မိတယ်။ သန်လျင်မြို့မကားဂိတ်နားမှာ သံပန်း၊ သံတံခါး၊ ဒန်းတွေ အစုံရောင်းဆိုင်ရှိတယ်။ သူ့ဆိုင်းဘုတ်က ဒီလို။

ကြည်
သံပန်း၊ သံတံခါး ရောင်းဝယ်ရေး... တဲ့။

အဲ့ဒီ ဆိုင်းဘုတ်ဖတ်ပြီး ကျွန်တော်လည်း မဆီမဆိုင် သွားတွေးမိတယ်။ တခြားတော့မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းဝင်စာလေး တစ်စောင်ပါ။ အားလုံးလည်း သိကြမှာပါ။ ဒေါ်ခင်ကြည်ကို ရေးတဲ့စာလေးပါ။

ကြည်
ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်...။

ကျွန်တော်ခေါင်းထဲမှာ အီလည်လည်ကြီးခံစားရတယ်။ အပေါ်က စာနှစ်ခုက မတူပါဘူး။ ဒါပေမယ့် ကျွန်တော်စိတ်ထဲမှာ တစ်ခုခုလွဲနေသလို ကိုးလိုးကန့်လန့် အတွေးကြီးသွားဝင်တယ်။ ဘာကြီးမှန်းလည်း မသိပါဘူး။ အဲ့ဒီနေ့က ညဘက်အိပ်တာတောင် လူက ခိုးလိုးခုလုကြီးနဲ့ ဘယ်လိုကြီးမှန်းကို မသိတော့တာ။
ကဲ... ခင်ဗျားတို့ရော အဲ့ဒါကို ဘယ်လိုမြင်ကြသလဲဗျာ..။


2 comments:

ကိုရင် said...

ဟုတ်တော့ ဟုတ်သလိုလိုပဲဟ..ဟုတ်သလားဆိုပြီး တကယ်စဉ်းစားတော့လည်း မဟုတ်သေးပြန်ဘူး..

သန်လျင်သားရေ
ကျဆိမ့်နဲ့ အီကြာကွေးလေးရရင် စားချင်တယ်.. :D

♫♪★လွမ်းပိုင်ရှင်★♪♫ said...

ကျွန်တော်တောင် ဘယ်လိုတွေးရမှာပါလိမ့်