Pages

Sunday, November 27, 2011

ကျွန်တော် နှင့် ငရဲပြည်

တစ်နေ့ ကျွန်တော် ဘလောဂ့်တစ်ခုအတွက် ပို(စ်)့ရေးနေရင်း သေသွားသည်။ ရုပ်မပါသော နာမ်သည် ပေါ့ ပါးစွာ လွင့်မျောနေသည်။ အမှောင်ထု တစ်ခုဆီသို့ ဦးတည်နေသည်ဟု ထင်သည်။ သိပ်မကြာပါ ဆိုင်းဘုတ် တစ်ခုကို တွေ့ရသည်။ ငရျဲပည္မွ ၾကိဳဆိုပါ၏ ...။ ၀က်သီးတော့ နည်းနည်းထမိသည်။ ကျွန်တော်ကကြက်သား မကြိုက် ၀က်သားပဲစားသည်။ ထို့ကြောင့် ၀က်သီးထခြင်းဖြစ်သည်။ ငရဲပြည်က ထင်သလောက် မခမ်းနားပါ။ လမ်းတွေမှာလည်း ချိုင့်တွေ၊ ကျင်းတွေနှင့်။ ဒါပေမယ့် နည်းနည်းတော့သန့်သည်ဟု ထင်စရာရှိပါသည်။ ဗွက်တွေဘာတွေ မရှိပါ။ လမ်းအနည်းငယ် လျှောက်မိသောအခါ ငရဲပြည်၏ စည်ကားမှုကို မျက်ဝါးထင်ထင် 
တွေ့ရပါတော့သည်။ ဈေးတန်းကြီးက အရှည်ကြီး ဖြစ်သည်။ အော်သူ၊ ရောင်းသူများနှင့် ငရဲပြည်က ကုန်ဈေးတန်းအလားပင် ထင်ရသည်။ ကျွန်တော်က စပ်စုလိုသဖြင့် ဘေးနားက ဖြတ်သွားသော ရုပ်ဆိုးဆိုးနှင့် လူတစ် ယောက်ကို မေးကြည့်သည်။

နောင်ကြီး.. ဒါဘာပွဲတော်လည်း ဟင်..

မင်းငရဲပြည် ရောက်တာ သိပ်မကြာသေးဘူး ထင်တယ်

ဟုတ်ကဲ့ .. ကျွန်တော်သေတာ နာရီပိုင်းပဲ ရှိပါသေးတယ်..

သြော်. ဂလို့ကို.. ဒီနေ့က လပြည့်နေ့လေ .. ဒါက ငရဲဈေးပွဲတော်..

ဘယ်နှယ့်ဟာပါလိမ့်..။ နိဗ္ဗာန် ဈေးပွဲတော်လည်း မဟုတ်။ မရှင်းသဖြင့် ထပ်မေးမိပြန်သည်။

ငရဲပြည်က လပြည့်နေ့ရှိလို့လား..
ထိုသူက ကြောက်လန့်တကြားဖြင့် ပါးစပ်ကို လက်ညိုးနှင့် ပိတ်ကာ တိုးတိုးပြောဟု လုပ်ပြသည်။

ဟေ့ကောင်..တိုးတိုးပြောပါကွ။ ငရဲပြည်မှာ ဘယ်ကလရှိမလဲ။ ဒါက လူ့ပြည်က မီးသွယ်ထားတာ။ သူ့တိုက အဲ့ဒါကို လလို့ ခေါ်ကြတယ်ကွ။ တစ်နေကုန် မီးလာတဲ့ ရက်ဆို လပြည့်နေလို့ သတ်မှတ်တယ်။

သြော်... ဒီလိုလား..ဒါနဲ့ ခင်ဗျာကဘယ်သူလဲ... ဒီကို ဘယ်လိုရောက်လာတာလဲ..။

ငါ့နာမည်က ကိုငြိမ်းနိုင်ကွ.. အင်တာနက်မှာ ဘလောဂ့်လေး ထောင်ထားတယ်ကွ..
ဒီကို ဘယ်လိုရောက်လာသလဲဆိုတော့... ပို(စ်)့လေးတွေရေးရင် စိတ်ဝင်စားစရာကောင်းတယ်နေရာ
ရောက်ရင် ဖြတ်ဖြတ်ထားခဲ့လို့ သေတာနဲ့ ငရဲပြည်ကို တန်းရောက်တာပဲ...

နေပါဦး.မင်းကကော ..ဘယ်သူလဲ...

ကျွန်တော်လည်း သန်လျင်သားဆိုပြီး..ဘလောဂ့်လေး ထောင်ထားတာဗျ... ဘယ်လိုကြောင့် ငရဲပြည်
ရောက်တာလဲတော့ မသိသေးဘူး...

အေး.. မသိသေးရင် ငရဲမင်းကြီးနဲ့ သွားတွေ့လိုက်ဦး.. ငါကတော့ ဟိုဘက်ဘလောဂ့်ဂါ ငရဲအဆောင်ကို သွားလိုက်ဦးမယ်...

ဟမ်... ငရဲပြည်မှာ အဆောင်ရှိတယ် ... ဟလား

အစတုန်းကတော့ မရှိဘူးကွ...အေး..နောက်ပိုင်းမှာ ဘလောဂ့်ဂါတွေ ငရဲရောက်တာများလို အဆောင်
ဆောက်ပေးထားရတယ်.. သွားလိုက်ဦးမယ်ကွာ... သြော်..ဒါနဲ့ မင်းအကူအညီလိုရင် မရွှေစင်ဦးဆီကို သွား သူက ငရဲရောက်တဲ့ ဘလောဂ့်ဂါတွေအတွက် အကူညီပေးဖို့ အေဂျင်စီ ဖွင့်ထားတယ်.. သူကတော့ ငရဲပြည်မှာ ၀ါအကြီးဆုံးပဲ.. သွားပြီဟေ့...ငါလည်း နောက်ကျနေပြီ...
ထိုရုပ်ဆိုးဆိုးနှင့် ကိုငြိမ်းနိုင်ဆိုသော လူကြီးသည် ထွက်သွားတော့သည်။
 ကျွန်တော်လည်း ဟိုကြည့်ဒီကြည့်နှင့် ဆက်လျှောက်သွားသည်။ တစ်နေရာအရောက်တော့ လူတစ်
ယောက် ကုန်းကုန်းကွကွနှင့် တစ်ခုခုကို ရှာနေသည်။ ကျွန်တော်လည်း ထိုလူနားသို့သွားကာ ကြည့်မိ သည်။

ဘာဖြစ်နေတာလဲ.. နောင်ကြီး.. ဘာကူညီပေးရမလဲ..

အာ..ဒီမှာ မြှားပျောက်သွားလို့ ဗျ...

ဟမ်.. ခင်ဗျားက မြှားနဲ့ ဘာလုပ်မလို့တုန်း...

ဟာ.. ဒီလူတော်တော်ခတ်တာပဲ... ၀တ်စားဆင်ယင်ပုံလေး ဘာလေးကြည့်ပါဦးဗျ.. စွတ်ရွတ်ပြောမနေ နဲ့။


ထိုလူပြောမှ ကျွန်တော်လည်း သူ့ကို သေသေချာချာ ကြည့်မိသည်.။ ပုံစံက အချွန်တွေ ၊ အတက်တွေနှင့်
ကျန်စစ်သားလိုလို၊ ဘုရင်နောင်လိုလိုနဲ့ယူနီဖောင်းက နည်းနည်းတော့ဆန်းသည်။ ရင်ဘက်မှာက Made in Burma လို့ရေးထားသည်။ ကြည့်ရတာ တောင်ဒဂုံစက်မှုဇုန်က ထုတ်လုပ်လိုက်ပုံရသည်။ ကျောမှာ လည်း မြှားထည့်တဲ့ ကျယ်တောက်နဲ့။ ဘယ်လို သတ္တ၀ါလိမ့်..။

ကျွန်တော် မသိဘူးဗျ..ခင်ဗျားက ဘယ်သူတုန်း..

ခင်ဗျား..တော်တော်တုန်းတဲ့လူပဲ... ဒီလိုပုံစံမျိုး ဘယ်နှစ်ယောက်ဝတ်တာတွေ့ဖူးလဲ.. မြှားနတ်မောင်ဗျ ၊ မြှားနတ်မောင်..ဟွန်း.. ရှင်းပြရတာ လေကုန်လိုက်တာ ..

ထိုမြှားနတ်မောင်က ကျွန်တော့်ကို မြည်တွန်တောက်တီးပြီး မြှားကို ပြန်ရှာနေပြန်သည်။ကျွန်တော်လည်း
မေးလက်စနှင့် မထူးတော့။ ဆက်မေးရပြန်သည်။
ဟို... ငရဲပြည်မှာ မြှားနတ်မောင်ရှိတယ်လို့ မကြားမိပါလားဗျာ...

ဟုတ်တယ်... အစတုန်းကတော့ မရှိဘူး... အခုရှိတယ်..တွေ့ပြီလား

အင်...ဒါနဲ့ ခင်ဗျားက ငရဲပြည်ကို ဘယ်လိုရောက်လာတာလဲ ... ဗျ..

ဒီလူ တော်တော်လျှာရှည်တာပဲ... ကျုပ်လူ့ဘ၀တုန်းက ချောကလက် ကျူးပစ်လေးဆိုပြီး ဘလောဂ့်ရေး တယ် သေလည်း သေရာ ငရဲပြည်မှာ ဒီလိုပုံစံဖြစ်သွားတာပဲ...

သြော်... ဂလို့ကို .. နို့သိမှသိပဲကို ဗျ..

မသိရင် ဒီမှာကြည့်..။ထိုမြှားနတ်မောင်က သူ့အကျီ င်္အား အတင်းလှန်ပြ သည်။

ဘာလုပ်တာလဲ..ဗျ

ဟာ..ခင်ဗျားပဲ နို့မသိဘူးဆို

အာ.. ဒီလူတော်တော်ယုတ်မာတာပဲ.. ဒါနဲ့ ခင်ဗျားမြှားက ဘယ်လိုဖြစ်လို့ ပျောက်သွားတာတုန်း..

သမီးစံဆိုတဲ့ မိန်းမကြီးပေါ့ဗျာ... သူဟာ့သူ ယောကျာ်းလိုချင်တာနဲ့ ကျုပ်ဟာကျုပ် ဇိမ်ကျနေတာကို အတင်းလာနိုးတယ်..။ပြီးတော့ ဟိုဂူပါ ကျွံပြီး ပြိုသွားတဲ့ အကောင်နဲ့ ...

ဂူဂျွန်ပျိုပါ ..ဗျာ..ခင်ဗျားကလည်း..

အင်းအင်း.. အဲ့ကောင်နဲ့ ညားအောင်မြှားနဲ့ပစ်ပေးရမယ်တဲ့...ပြီးတော့ သူ့ကိုယ်သူလည်း ဂျင်းထည့်တဲ့ ဆန်းမီဆိုပြီး လိုက်ကြွားနေတယ်..

ဂျင်ဆန်းမီပါ..ဗျာ..

အင်းအင်း.. ဂျင်းဆန်းမီဗျာ..အဲ့ဒါ..ကျုပ်က မပစ်ပေးဘူးလုပ်တော့ နင့်ကို အန်တီတင့်နဲ့ တိုင်ပြောပြီး အဆောင်က နေပြောင်းခိုင်းမယ်တဲ့.. တော်တော်ယုတ်မာတဲ့ မိန်းမကြီး.. ကျုပ်လည်း နတ်ဂျစ်ပစီ ဘ၀ ရောက်မှာ ကြောက်တာပေါ့.. အဲ့ဒါနဲ့... သူ့ကို မြှားနဲ့ ပစ်လိုက်တာ.. မြှားက ဘယ်ရောက်သွားလဲ မသိဘူး..ဗျာ.. အဲ့မြှားပျောက်ရင် ငရဲမင်းကြီးဆီမှာ ဒဏ်ငွေဆောင်ပြီး ယမန်ကြီး နှစ်ပတ်လောက်နေရဦး မယ်.. အဲ့ဒီသမီးစံဆိုတဲ့ မိန်းမကြီးကလည်း ကျုပ်ကို ဒုက္ခပေးဦးမယ်... အဲ့ဒါအခု မြှားကို လိုက်ရှာနေတာ..
မတွေ့သေးဘူး.. အဟင့်ဟင့်...

ချောကလက်ကျူးပစ်လေး ခမျာ.. မျက်ရည်လေးဝဲ၀ဲနှင့် ကျွန်တော့်ကိုပြောပြနေသည်။ ကျွန်တော်လည်း သနား သွားသည်။

ဘာမှ မပူပါနဲ့ ကျုပ်လျှောက်သွားရင် ခင်ဗျားမြှားကို တွေ့ရင် .. အကြောင်းကြားပေးမယ်..ဟုတ်လား..

အင်းအင်း.. တွေ့ရင် မြန်မြန်သာ အကြောင်းကြားလိုက်ပါဗျာ...

ကျွန်တော်လည်း စိတ်မကောင်းစွာနဲ့ ဆက်လျှောက်ခဲ့သည်။ အပေါ်ကြည့်လိုက်၊ အောက်ကြည့်လိုက်
လျှောက်ရင်း...  လားလား တစ်သက်နှင့်တစ်ကိုယ် မတွေ့ဖူးသော အရာအား တွေ့ရလေသည်။


(ဆက်ရန် ရှိသေးသည်... ဘလောဂ့်များ သတိသာ ထားပေတော့..ငှဲငှဲ)

6 comments:

♫♪★လွမ်းပိုင်ရှင်★♪♫ said...

ရောက်ခဲ့ပီးစာတွေဖတ်ခဲ့တယ်နော် ညီလေးရေ

ညိမ်းနိုင် said...

ဝဲလကမ်းဖရောင်ဟဲ.....:P
အေး....နင်လည်း ခုလိုတန်းလန်းကြီးထားလို့ ငရဲပြည်ရောက်လာတယ်
မှတ်....:)

Anonymous said...
This comment has been removed by a blog administrator.
ချောကလက်ကျူးပစ်လေး said...

အောင်မလေး....ဗျာ့..သေရော
အဆက်ရှိသေးပုံရတယ်.....စောင့်ဖတ်ဥိးမယ်
ဘယ်သူ့အလှည့်လဲဆိုတာကို...ပီားး

မုန်တိုင်း said...

I like it.

အောင်မျိုးမင်း said...

ဟားးးးး