Pages

Saturday, November 12, 2011

မော်ဒန် ပုဂံပြည်

ဗိုလ် ချုပ်ကြီး ကျန်စစ်သားတို့ ပြန်လာပါပြီ..
 ရှေ့ပြေးဆတ်သားရဲ့ လျှောက်တင်သံအဆုံးမှာ နန်းတွင်းတစ်ခုလုံး လှုပ်လှုပ်ရွရွဖြစ်သွားတယ်။ အဆိုးဆုံး ကတော့ အနော်ရထာမင်းကြီးပေါ့။ ဘာလို့လဲဆိုတော့ ဒါက သူ့ကိစ္စကိုး။ ဥဿာကို ဂျွမ်းအရမ်းပစ်တဲ့ စစ် သည်တွေ ၀င်ရောက်ကျူးကျော်တိုက်ခိုက်တော့ ဥဿဘုရင်က အနော်ရထာမင်းကြီးကို အကူညီတောင်း တယ်။ တစ်ဖက်စစ်သည်တွေက တစ်ချိန်လုံး ဂျွမ်းပစ်နေတာ ဥဿာပဲခူးက စစ်သားတွေ ခမျာ ခေါင်းတွေ မူးနောက်ပြီး တစ်ချို့ဆို ရူးတောင်ရူးကုန်ပါပြီလို့ e-mail ပို့ ပြီး အကူညီတောင်းတယ်။ ဖုန်းနဲ့ဆက်သွယ် လည်း ရပေမယ့် ကြားဖြတ်နားထောင်မယ့် ဟက်ကာတွေကို ကြောက်တာကြောင့် e-mail နဲ့ပဲ လှမ်းပို့ တယ်။ e-mail က ဒီလို ]]ဥဿာကို ဂျွမ်းဝင် စစ်သည်တွေရူးချင် ကျေးဇူးပြု၍ အကူညီပေးပါ အနော်ရထာ ဘုရင်.}}အနော်ရထာလည်း mail ရတာနဲ့ ချက်ခြင်းပဲ ကူညီဖို့ ပြင်ဆင်တယ်။ ဒါနဲ့ပဲ သူ့ရဲ့ အားအထား ရဆုံး စစ်သူကြီးလေးယောက်ကို လွှတ်လိုက်တယ်။ မရောက်ခင် mail အရင်လှမ်းပို့လိုက်တယ်။ သူပို့လိုက် ပြီပေါ့ စစ်သူကြီးလေးယောက်ကို။ အဲ့ဒီမှာ မေလ်းပို့တဲ့သူ က မှားရိုက်ပြီး လေးသိန်းဖြစ်သွားတယ်။ ဥဿာ ဘုရင်လည်း အရမ်းပျော်သွားတာပေါ့။ စစ်သည်လေးသိန်းဆိုတော့ နည်းတာမဟုတ်ဘူး။ ဂျွမ်းစစ် သည်တွေတော့ သေပြီပေါ့။ ဒါနဲ့ပဲ ချက်ခြင်း မေလ်းပြန်ပို့လိုက်တယ်။ စစ်ပွဲနိုင်ရင် သူ့ရဲ့သမီးတော်ဖြစ်တဲ့ မဏိစန္ဒာကို ဆက်သပါ့မယ်။ နောင်လည်း ချစ်ချစ်ခင်ခင်နေသွားကြမယ်လို့ ပို့လိုက်တယ်။ ဘာပြောကောင်း မလဲ အနော်ရထာကြီး ပျော်လိုက်တာ နိုက်ကလပ်တောင် လေးညဆက်တိုက်တက်လိုက်တယ်ဆိုပဲ။ ခိုင်လုံ တဲ့သတင်းရပ်ကွက်က ရတာ။ ထားပါတော့။ စစ်သူကြီးလေးယောက်လည်း ကားလေးစီးနဲ့ စစ်တိုက်ဖို့ ထွက်သွားကြတယ်။ ဟိုလည်းရောက်ရော ဥဿာဘုရင်လည်း ကြောင်တောင်တောင်ဖြစ်သွားတယ်။ ဘယ်နှာတုန်းဟ။ ဟင်..ပြောတော့ စစ်သည်လေးသိန်းဆိုပြီး လာတော့ လေးယောက်တည်း အနော်ရထာ ငါ့ကို လိမ်တာပဲဆိုပြီးတော့ ဒေါတွေခွီးရော။ အဲ့မှာ ကျန်စစ်သားက ဘာညာနဲ့ ၀င်ဖြီးလိုက်တာအဆင်ပြေ သွားတယ်။ ပြောရမယ်ဆိုရင် သွားတဲ့စစ်သူကြီးလေးယောက်ထဲမှာ ကျန်စစ်သားက ရုပ်အဖြောင့်ဆုံး။ တော်ကီကလည်း ဘာညှက်သလဲမမေးနဲ့။ တစ်ခါတုန်းက နန်းတွင်းက ဆင်တစ်ကောင် မုန်ယိုပြီး လူတွေ လိုက်နင်းတာ။ နန်းတွင်းသူ၊ နန်းတွင်းသားတွေလည်း ခွေးပြေး၊၀က်ပြေး ပြေးကြ။ အနော်ရထာမင်းကြီးဆို နန်းဆောင်အပေါ်ထပ်ကနေ ဆင်းကိုမဆင်းတော့ဘူး။ တစ်ခါတော့ နန်းတွင်းသူ တစ်ယောက် ပြေးရင်ချော် လဲသွားရော။ ဆင်ကြီးက အနောက်ကပြေးလာပြီး တက်နင်းဖို့လုပ်တုန်း ရှိသေးတယ်…ကျန်စစ်သားက ဆင်ကြီးအရှေ့ကနေပြေးရပ်ပြီး တစ်ခွန်းတည်းပြောလိုက်တာ ဆင်ကြီး အနောက်ကိုပြန်လှည့်ပြီးတော့ သူ့တင်းကုပ်ထဲကို တစ်ခါတည်းပြေးဝင်သွားတော့တာပဲ။ နန်းတွင်းတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ် သွားတယ်။ ကျန်စစ်သားက တစ်ခွန်းတည်း ပြောလိုက်တာနဲု့မုန်ယိုနေတဲ့ဆင်က လှည့်ပြေးတယ်ဆိုတော့ အံသြစရာပေါ့။ ဒါတောင် ဂျာနယ်တိုက်တွေက မသိလို့ သိရင် လာပြီးအင်တာဗျူးဦးမှာ။ အဲ့ဒီမှာ အနော်ရထာ မင်းကြီးက ကျန်စစ်သားကို နန်းတွင်းခေါ်ပြီး မေးတော့တာပဲ။ ဆင်ကိုဘယ်လိုပြောလိုက် သလဲပေါ့။ ကျန်စစ်သားကတော့ အေးဆေးပဲပြန်ဖြေတယ်။ ဟေ့ကောင် စံလှ မင်းမိန်းမမီးဖွားနေပြီ အမြန် ပြန်လို့ ပြောလိုက်တာပဲ။ အဲ့လောက်ထိ ကျန်စစ်သားတို့ တော်ကီကောင်းတာ ။ ဥဿာဘုရင်လောက်တော့ အပျော့ပေါ့။ ဒါနဲ့ပဲ စစ်တိုက်ဖို့လုပ် ပြင်ဆင်ကြတယ်။ လေးယောက်တည်းဆိုတော့ ကျန်စစ်သားက ပြောက် ကျားနည်းနဲ့ တိုက်ဖို့လုပ်တယ်။ ဥဿာဘုရင်က စစ်သူကြီး ပြောက်ကျားနည်းဆိုတာ ဘာကိုပြောတာပါ လဲ လို့မေးတယ်။ ကျန်စစ်သားက ရှင်းပြတယ်။
(ဆက်ဖတ်ရန်)

ပြောက်ကျားနည်းဆိုတာ ပျောက်နေတဲ့ အကောင်တွေကို ကျားနဲ့ လိုက်တိုက်သတ်တာ။


အမ်…ဒါဆိုကျားက ဘယ်ကရမတုန်း။ ငါလည်း ကျားမဖမ်းရဲဘူး။ ငါကိုယ်တိုင်တောင်မှာ ကျားကျားလျား လျား မဟုတ်ဘူး။


ဟာ..အဲ့လောက်တောင် မလိုပါဘူး။ ကျားမရှိလည်း ခွေးလောက်နဲ့ ဖြစ်ပါတယ်။


သြော်… ဂလို့လား..။တော်သေးတာပေါ့။ အဟိ.။ကျားဆိုတော့ 
 ငါကိုယ်တော်မြတ်ကလန့်သွားတာ။ဒါနဲ့ နိုင်ရော နိုင်ပါ့မလား။


မပူပါနဲ့ အချိန်တန်ရင် သိရမှာပါ ရှုံးတော့လည်း အသိသာကြီးပဲဟာကို။


ဘုရင်လည်း ထပ်မပြောရဲတော့ဘူး။ တိုက်ပွဲရောက်တော့ ကျန်စစ်သား လည်း ခွေးတစ်အုပ်ကို ဂျွမ်းစစ် သည်တွေထဲကို ထန်းလျက်ခဲ ပြပြီး မောင်းထည့်လိုက်တာ ဂျွမ်းပစ်နေတဲ့ စစ်သည်တွေ ပြေးလိုက်ကြတာ လမ်းဘေးဈေးသည်တွေကို ရဲလိုက်ဖမ်းတဲ့အတိုင်းပဲ ၀တ်ထားတာမှန်သမျှ တစ်ခုမှ မနိုင်ဘူး။အကုန်ပြေးကြ တာ။ တိုတိုပြောရရင်တော့ နိုင်သွားတယ်ပေါ့။ ဒါတောင် တော်တော်ရှည်သွားသေးတယ်။ ဥဿာပဲခူး ဘုရင်လည်း သူကတိအတိုင်း မဏိစန္ဒာလေးကို ဆက်သရတာပေါ့။ သိပ်တော့ နှမြောပုံမရဘူး။ မိဖုရားကြီး မပါရင်ပြီးတာပဲလို့ ဖြေသိမ့်ထားပုံရတယ်။ အဲ့လိုနဲ့ ကျန်စစ်သားတို့လည်း ပြန်လာလိုက်တာ။ ဟော ..အခု ပုဂံပြည်ကြီးကို ပြန်ရောက်ပြီ။ နန်းတွင်းတစ်ခုလုံးကလည်း မဏိစန္ဒာလေးကို တွေ့ချင်နေကြတာ။ တခြား တော့ မဟုတ်ဘူး။ ဂျီတော့ မှာ ကြူတဲ့သူတိုင်း ပြန်ကြိုက်တယ်ဆိုလို့။

စစ်သူကြီး ကျန်စစ်သားတို့ ရောက်ပါပြီ..မင်းကြီး။
စပီကာ ကြေငြာတဲ့ အမတ်ရဲ့ အသံအဆုံးမှာ နန်းတွင်းတစ်ခုလုံး တိတ်ဆိတ်သွားတာများ ကြိတ်ပြီးပေါက် လိုက်တဲ့ ရှုး..ပစ်.အစ်အစ် ဆိုတဲ့ လေလည်သံမှအပ တိတ်ဆိတ်လို့။ ကျန်စစ်သားတို့လာပါပြီ။ ဒါပေမယ့် ရိုးရိုးတော့ မဟုတ်ဘူး။ ကျန်စစ်သားက လည်းပင်းမှာ သော့ခလောက်ကြီးတစ်ခုကိုဆွဲပြီး လက်မှာလည်း လက်ထိပ်တွေကို သံကြိုးဖြတ်ပြီး ၀တ်ထားတယ်။ တစ်ကိုယ်လုံးလည်း ငြိမ်ငြိမ်မနေဘူး လက်တွေကို မိုးပေါ်မြှောက်လိုက်၊ အောက်ကိုထိုးလိုက်၊ တော်ကြာနေ ဂွကိုကိုင်လိုက်နဲ့ ရှုပ်ယှက်ခတ်နေတာပဲ။ ကျန်တဲ့ လေးယောက်ကလည်း ဒီအတိုင်းပဲ။ မဏိစန္ဒာကိုလည်း ကြည့်ပါဦး ပေါင်ရင်းလောက်စကပ်လေးနဲ့ ဆံပင်ကို အကြေကောက်ထားသေးတယ်။ အကျီ င်္ကလည်း ဂုံနီအိတ်ကို အပေါက်ဖောက်ပြီးစွတ်လာတဲ့ အတိုင်းပဲ။ တစ်ကိုယ်လုံးလည်း လှုပ်ရွလို့ အေသင်ချိုဆွေလိုလို၊ ရတနာမိုင်လိုလို နဲ့-၀င်လာကြတယ်။ အမတ်ကြီးတွေ ပါးစပ်အဟောင်းသား(မဏိစန္ဒာကို ကြည့်နေကြတာ)။မျက်တောင်တောင် မခတ်ဘူး။ အချိန်ရှိခိုက် လုံ့လစိုက် ဆိုတဲ့ စကားကို တော်တော်အရေးထားပုံရကြတယ်။ အားလုံးဟာ အံသြတကြီးနဲ့ ကြည့်နေကြတုန်း။

ရပ်ကြစမ်း..


မည်သူ့ကို မေးမေး ငှက်ဆိုးထိုးသံကမှ သာယာပါသည်ဟု ဖြေကြမည့် အသံနှင့် အော်လိုက်သူက အနော်ရ ထာမင်းကြီး။ ဒါပေမယ့် သူ့ကိုယ်သူ လေးဖြူအသံနှင့်တူသည်ဟု အပြောက ဘယ်တော့မှ မလျှော့။လှုပ်ရွ နေ့တဲ့ ကျန်စစ်သားတို့ အဖွဲ့လည်း တုံ့ခနဲ့ရပ်သွားကြတယ်။ တရို့ရို့နဲ့ ပါးစပ်က အော်နေတဲ့ အသံတွေ လည်း တိတ်ကုန်ရော။ ဖယောင်းတိုင်မီးကို နာဂစ်တိုက်သလို ငြိမ်းခနဲပဲ။


ဒါက ဘယ်လိုဖြစ်လာကြတာလဲဟင်။ မျက်စိကိုနောက်နေတာပဲ။ ငါသာခွေးဆို မဏိစန္ဒာကို ချီပြေး .. အဲ.. နင်တို့ အဖွဲ့ကိုအရင်ကိုက်တယ်။လျှောက်တင်ကြစမ်းပါဦး..ဒါက ဘယ်လိုဖြစ်လာတာတုန်း။

ကျန်းစစ်သားက စိတ်ပြတ်လက်ပြတ်အကျီ င်္လေးနဲ့ လှမ်းကြည့်တယ်။ ဒီအဖိုးကြီးတော်တော် ဒိတ်အောက် တယ်ပေါ့။ ဒါကို အနော်ရထာမင်းကြီး သိတယ်။ ခပ်တည်တည်နဲ့ ပြန်ကြည့်တယ်.. သက်တမ်းတိုးတော့ မယ်ဆိုတဲ့ အကြည့်နဲ့။

ဟဲ့….ကျန်စစ်သား.. နင်တို့က ဘာတွေလဲ..ဘယ်လိုဖြစ်လာတာလဲ..မြန်မြန်ပြောကြစမ်း။


မှန်ပါ့..မင်းကြီး။ မလျှောက်တင်ခင် တစ်ခုတော့ ကြိုပြောထားချင်ပါတယ်။ ကျွန်တော်လေးယောက် နာမည် ပြောင်းလိုက်ပါပြီ။ အရင်လိုကျန်စစ်သားတို့ ၊ ငထွေးရူးတို့၊ငလုံးလက်ဖယ်တို့၊ ညောင်ဦးဖီး တို့ မဟုတ်တော့ ပါဘူး။အခု MC ကျန်စစ်သား၊ MC ငထွေရူး ၊ MC ငလုံးလက်ဖယ်၊ MC ညောင်ဦးဖီးတို့ ဖြစ်နေကြပါပြီ။ နောက်ဆိုရင် အပြောအဆိုဆင်ခြင်ပါ မင်းကြီး..


ကျန်စစ်သားက ရုပ်တည်ပဲ။ ဒီလိုပြောလိုက်ရတဲ့အတွက်လည်း တော်တော်ဂုဏ်ယူနေပုံရတယ်။ ခေါင်းကို မော့၊ ရင်ကိုကော့ထားတာများ ဘေဘီဗိုက်တာကလေးများအားတိုးဆေးထဲက ကလေးပုံလေးအတိုင်းပဲ ဖင်လေးကို ကောက်လို့။ကျန်တဲ့ သကောင့်သားတွေကလည်း ဒီအတိုင်းပဲ။အနော်ရထာမင်းကြီးရဲ့ ဒေါသ မျက်လုံးကတော့ ကြောက်ခမန်းလိလိပါပဲ။ မျက်လုံးနှစ်လုံးဟာ နီရဲပြီး(ညက ၀ီစကီကို ရေမရောပဲ သောက် တာလေ)အခိုးတွေတောင် ထွက်လုနီးပါပဲ။


ဟေ့ကောင် ကျန်စစ်သား မင်းဘာပြောလိုက်တယ်ကွဟေ။ ငါကမင်းတို့ကို တစ်သက်လုံး ဒီအတိုင်းပဲ ခေါ်လာတာ မင်းကဘာဖြစ်လို့ အခုမှ ဖင်ခေါင်းက သန်လျင်နာရီစင်လောက် လာကျယ်နေရတာလဲကွ။



မှန်ပါတယ်မင်းကြီး။ အရင်တုန်းကတော့ ဒါတွေဟာ ဟုတ်ပါတယ်။ အခုခေတ်ကြီးက တိုးတက်ပြောင်းလဲ နေပြီ။ ကျွန်တော်တို့ ပဲခူးက အပြန် ရန်ကုန်ဘက်လှည့်ဝင်ပြီး ရွှေတိဂုံဘုရားကြီး ဖူးတော့ တောင်ဘက်မုခ် မှာ Acid အဖွဲ့နဲ့တွေ့တယ်။သူတို့က မြန်မာပြည်မှာ Hip hop first generation တွေ။ သူတို့ကပြောတယ်။ ကိုကျန်တို့ လုံးဝ Date out နေပြီ အဆင်ဒီဇိုင်းတွေ ပြောင်းလဲလိုက်တော့ ဆိုလို့ ကျွန်တော်တို့ ဒီပုံစံဖြစ်လာ တာပဲ။ ဒီပုံစံကို လုံးဝကြိုက်တယ် လွတ်လပ်တယ်။ မင်းကြီးက ကျွန်တော်မျိုးတို့ကို တစ်သက်လုံး ကျွေးမွေး ပြုစုစောင့်ရှောက်လာသလိုနဲ့ သတင်းအမှောင်ချထားခဲ့တာ ကျွန်တော်မျိုးတို့ ရန်ကုန်ရောက်မှ သိတယ်။ တကယ်တော့ မင်းကြီးက တကိုယ်ကောင်းသမားကြီးပဲ။


နန်းတွင်းတစ်ခုလုံးက အမတ်တွေ မျက်လုံးပြူးနေကြပြီ။ ကျန်စစ်သားဆိုတာက တစ်သက်လုံး ဒီလိုပြန်ပြော ဖို့နေနေသာ။ အနော်ရထာက ဟေ့ကောင် ရပ်စမ်းဆို ချီးပါရင်းနဲ့တောင်ချီးတစ်သွားတာ။ အခုတော့ မင်းကြီးကို တစ်ကိုယ်ကောင်းသမားကြီးဆိုပြီး စွပ်စွဲနေတော့ အမတ်တွေလည်း အံ့သြတကြီးဖြစ်ကုန်ကြတယ်။ ပြီးတော့ အနော်ရထာမင်းဆိုတာ ဘယ်သူမှ ပြန်ပြောရဲတာမဟုတ်ဘူး။ ဘုန်းရှင်ကံရှင် မင်းတရားကြီး။ ကန်ထဲက မြေကြီးတွေကို ပေါက်ပေါက်ပြီး ဖို့ရင်းက မြို့ဖြစ်လာတဲ့ ပေါက်က္ကံ ပြည်ကို အုပ်စိုးရသူ။(နောက်မှ အဲ့ဒီမြေကြီးတွေကို ပုဂံတွေလုပ်ပြီး နိုင်ငံခြားကို တင်ပို့ရင်းကနေ ပုဂံပြည် ဖြစ်သွားတာ)။ ငယ်ငယ်ကတည်းက အနော်ရထားစီးချင်းတယ်၊ အနော်ရထားစီးချင်တယ် ပူဆာလွန်းလို့ သောက်မြင်ကပ်ပြီး အနော်ရထား ပေးထားရာကနေ အနော်ရထာဖြစ်လာတဲ့မင်း။ သိကြားမင်းဆီက အရိန္ဒမာလှံကို ဘောလုံးပွဲအကြွေးနဲ့ နှိမ်ပြီး ရထားတဲ့သူ။ ဘုန်းကကြီးလွန်းလို့ Nokia Handset တစ်လုံးဝယ်ဖို့ ကြိုးစားနေတဲ့သူ။ သာမည လူပြိန်းမဟုတ်။ အခုတော့ သူ့ကို သူစောင့်ရှောက်လာတဲ့ ဘာမဟုတ်တဲ့ ကျန်စစ်သားဆိုတဲ့ ငနဲလေး၊ချာတိတ်လေး၊ ငချွတ်လေး၊ မိုင်နာလေး၊ ဂျွတ်စပွတ်လေးက စော်ကားတော့ ခံရခက်ပြီးပေါ့။ အနော်ရထာ မင်းကြီးဟာ ဒေါသထွက်လွန်းလို့ လက်တွေတောင် တဆက်ဆက်တုန်နေရှာတယ်(အမှန်တော့ မသောက်ရသေးလို့ နေမှာပါ)။ ရောခ့်ဂီတကို ရူးရူးမူးမူး အားပေးတဲ့ သူ့ကို ဟစ်ဟော့ချာတိတ်က လာစော်ကားနေတယ်လေ။ဒီကောင် သေပြီပေါ့..။


ဟေ့… အမတ်ကြီး ပေးစမ်း ငါ့ကို…


အမ်… ဘာပေးရမှာလဲ မင်းကြီး..


နင့်မေကလွှား လှံ၊ လှံ၊ လှံပေးစမ်းလို့ ပြောတာဟ


ဟာ… မင်းကြီးကလည်း ရှက်စရာကြီး..ဘာတွေလျှောက်ပြောနေမှန်းမသိဘူး..လူဆိုး.. ညဘက်အကျီ င်္ ချွတ်ပြီး အောင်ချမ်းသာကုန်းထိပ်ကို တက်မလာနဲ့ တို့ကဆွဲစားမှာ..သိလား..


ဟာ… ဒီကောင် အရိန္ဒမာလှံကို ပြောနေတာဟ


ဘာလုပ် ဖို့လဲမင်းကြီး… 

နင့်အမေကို ပစ်မလို့ ဟေ့..ခွေးမသား စကားရှည်လိုက်တာ.

ဟေ့ကောင်တွေ ကျန်စစ်သားကို ချုပ်ထားစမ်း. တစ်ဖက်ကလည်း 

လှည့်ပြောထားရသေးတယ်။ တော်ကြာထပြေးသွားရင် ဘယ်နှယ့်လုပ်မတုန်း။

ချုပ်ထားစမ်းဆိုပေမယ့် ဘယ်သူမှမချုပ်ရဲဘူး။ နိုင်ငံတော်ရဲ့ ဗိုလ်ချုပ်ကို ဘယ်သူက ချုပ်ရဲမှာလဲ။ အခုနေသာ သူတို့က ချုပ်ထားစမ်းဘာညာနဲ့…လင်မယားတွေ ပြန်တည့်သွားရင် ချုပ်တဲ့ကောင်က နာဦးမှာ။ အကြောင်းသိတွေဆိုတော့ အကုန်လုံးက အေးဆေးပဲ။ တကယ်တော့ ကျန်စစ်သား ဆိုတာက လည်း နှယ်နှယ်ရရမဟုတ်။ မြန်မာပြည်အောက်ပိုင်းကို ဆင်းသိမ်းတုန်းက စစ်သား လေးသန်းကျော် လွှတ်လိုက်တာ ကျန်စစ်သားတစ်ယောက်ပဲ ဘောင်းဘီတိုလေးနဲ့ ပြန်လာတယ်။ စစ်တပ်ထုံးစံအရ တစ်ယောက်တည်း ပြန်လာတော့ သီဟတို့၊ သူရတို့ ဘွဲ့တွေပေးရတာပေါ့။ ဒါပေမယ့် စစ်သားအများကြီး ထဲက တစ်ယောက်တည်း ကျန်နေခဲ့လို့ ကျန်စစ်သားဆိုပြီး နာမည်ကြီးသွားတာ။ ဒါပေသိ လူတွေက သိပ်တော့ မယုံကြပါဘူး။ တိုးတိုးတိတ်တိတ်နဲ့ပဲ။ ကြာတော့လည်း ပြီးသွားတာပဲ။အခုလည်း သူအရှိန်အ၀ါကို လန့်နေကြတာကို။

ဟေ့ကောင်တွေ… ငါ့ကို လာချုပ်ကြစမ်း..။


ကျန်စစ်သား အမိန့်ပေးတော့ မှ ၀ရုန်းသုန်းကားနဲ့ အလုအယက်ပြေးပြီး ကြိုးတွေ၊ သံကွင်းတွေ၊ သစ်သားပြားတွေ၊ ထိပ်တုံးတွေ ခေါင်းစွပ်တွေ နဲ့ ၀ိုင်းချုပ်လိုက်ကြတာ ကျန်စစ်သားခမျာ အီရတ်မှာ ၀က်သားရောင်းတဲ့ တရုတ်ကို ကုလားတွေ ၀ိုင်းနှိပ်စက်သလိုမျိုးကို ဖြစ်တော့တာ။


ဟာ..ဒီကောင်တွေ အဲ့လောက်ချုပ်တော့ ငါတောင် လှံနဲ့မပစ်ရသေးဘူး သူ့ဟာသူသေသွားရင် ငါ့ကို သမိုင်းဖျက်တယ်ဆိုပြီး ဆရာချစ်ဦးညိုက လာသတ်နေဦးမယ်။ အရေးမကြီးတဲ့ဟာတွေ ဖယ်ထား။ မောလိုက်တာ ပြောရတာ..ပေးစမ်းကွာ..အယ်(လ်)ပိုင်း တံဆိပ်နဲ့ သောက်ရေဘူးတစ်ဘူး။

အမတ်တစ်ယောက် အနောက်ပြေးဝင်သွားတယ်။ ပြန်ထွက်လာပြီး မင်းကြီးကို ရေဘူးတစ်ဘူးပေးတယ်..။မင်းကြီးက မောနေတော့ ဂွပ်ခနဲဆို မောချလိုက်တယ်။ပြီးမှ…


ဟေ့ကောင် မင်းရေတွေက ဘာရေတွေလဲကွ.. နောက်ကျိကျိနဲ့..


နောက်ဖေးရေလေ… 

ထွီး ..ခွေးမသား..နောက်ဖေးရေကို သောက်ဖို့လာပေးရလား..ဟေ့ကောင်တွေ ဒီသေနာကောင်ကိုပါချုပ်ကွာ ကြာလို့..


မဟုတ်ဘူး…မင်းကြီးမှားမယ်..မှားမယ်..ဟို..နောက်ဖေးရေဆိုတာ သောက်ရေသန့်ကုန်သွားလို့ ဂျိုးဖြူပိုက် ကရေကို ခပ်လာတယ်လို့ပြောတာ။ အဲ့ရေက နောက်ဖေးမှာလေ..ဟုတ်ဘူးလား..


ဒါဆိုလည်း …ပြီးရော   ဘယ်မှာလည်း ငါအရိန္ဒမာလှံ… 


မရှိတော့ဘူးလေ နိုက်ကလပ်သွားဖို့မရှိလို့ဆိုပြီး သန်လျင်ဈေးက အမိန့်ရ အပေါင်ဆိုင်မှာ ရွှေ့ထားတာ ပြန်မရွေးနိုင်လို့ ဆုံးသွားတာ ငါးလလောက်တောင် ရှိနေပြီ..


အေးဟုတ်သားဟ…ဒါဆိုလည်း လေးနဲ့မြှားပဲပေးတော့…


ရော့..ဒီမြှားက နှယ်နှယ်ရရမြှားမဟုတ်ဘူးနော်… ဂျုမုံကိုယ်တော်လေး မြန်မာပြည်လာတုန်းက မင်းကြီးကို လက်ဆောင်ပေးသွားတာ…အကုန်မပစ်နဲ့…ချွေတာပစ်..


ငါသိပါတယ်ကွာ…လျှာကိုရှည်တယ်..


မင်းကြီးက လေးတင်လိုက်တယ်။ ဒါပေမယ့် မပစ်သေးဘူး။ မျက်စိမှိတ်ပြီးတော့ သစ္စာဆိုတယ်။


အို……လောကကို စောင့်ရှောက်သော နတ်ကောင်း၊ နတ်မြတ်တို့ ကျွန်ုပ်သည် မွေးဖွားလာသည့် အချိန်မှ စ၍ မကောင်းတာမှန်သမျှ အကုန်လုပ်ခဲ့ပါသည်။ အရက်ဆိုလျင် Grandroyal မှလွဲ၍ တခြားဟာ မသောက်ပါ။ ဆေးလိပ်ဆိုလျင်လည်း Ruby မှလွဲလျင် ကျန်တာ ဖွဲနဲ့ဇကွဲဖြစ်ပါသည်။ နိုက်ကလပ် သွားလျင် လည်း ဒေစီဆိုသော ကောင်မလေးမှ လွဲကာ တခြားသူများနဲ့ မကပါ။ ဤမှန်သော သစ္စာစကားကြောင့် သမီးစံတစ်ယောက် ယောက်ျားရပါစေ အဲ .. ကျန်စစ်သားကို မြှားမှန်ပါစေသတည်း..

ကဲ …လာလေ့ရော….

မြှားက မင်းကြီးလက်ထဲကနေ တဟုန်ထိုးပြေးထွက်သွားတယ်။ ကောင်းကင်းထဲကို တိုးဝင်သွားတာများ လေယာဉ်ပျံလား မှတ်ရတယ်။ မင်းကြီးက သစ္စာတွေဘာတွေ ကောက်ဆိုလိုက်တော့ မြှားလည်း နတ်ပြည် ကိုသတင်းသွားပို့တယ်ထင့်ပါ။ ဟော ပြန်ဆင်းလာပြီး ။ ဒါပေမယ့် တစ်စင်းတည်း မဟုတ်။ ကောင်းကင် အပြည့်မြှားတွေ နန်းတော်ဆီကို ဦးတည်ပြီးလာနေတယ်။ အဲ့အခါမှာ အနော်ရထာမင်းကြီးလည်း သတိဝင် ပြီး Linkin park အသံနဲ့ Given up ကို အော်သလို အော်ပြီးတော့ ပြေးတော့တာပဲ။


ပြေးကြဟ..ပြေးကြ .. သေချင်းဆိုးက သူ့လင်တွေ သွားခေါ်ပြီး ငါတို့ဆီပြန်လာတာဟ..


ကျန်စစ်သားလည်း မသိ၊ အနော်ရထာလည်း မသိ၊ ဘယ်သူ့ဘယ်သူမှန်းကို မသိတော့။ ပြေးကြ လွှားကြ၊ တိုးကြဝှေ့ကြ၊ ခုန်ကြ၊ကျော်ကြ နဲ့ ပုဂံပြည်ကြီးရုတ်ရုတ်သဲသဲဖြစ်နေတုန်း… အမေရိကန် ပြည်ထောင်စုမှာ အိုးဘားမားက ပထမဆုံး လူမည်းသမ္မတ ဖြစ်သွားလေသတည်း ။


The End

0 comments: