Pages

Wednesday, January 25, 2012

ပြန်လာမယ်ဆို...



ငါ့ဘ၀မှာ
မင်းရဲ့ မာဖလာလေးရယ်
သမီးလေးရဲ့ မွှေးပွခွေးရုပ်လေးရယ်ပဲရှိတယ်

ငါပထမဆုံး
မျက်ရည်ကျတာ လေယာဉ်ကွင်းမှာ
မင်းကငါ့ကို အိပ်မက်အကြီးစားတစ်ခုနဲ့ ထားပစ်ခဲ့တယ်

ကံမကုန်ရင်ပေါ့လို့ ပြောခဲ့ရင်း
တို့နှစ်ယောက်ကံကုန်အောင် မင်းတယုတယ ထိုင်ခြွေခဲ့တယ်
မင်းသိပ်ရက်စက်တယ်
ဒီမြေမှာ တော့
အကြီးစား ငတုံးတစ်ကောင် ကျန်ခဲ့ရပေါ့ကွယ်
မင်းလုပ်သမျှ
အံဝင်ခွင်ကျ မှားပြရင်း အလွဲတွေနဲ့အသားကျခဲ့ရ
သကြားဆိုတာ
သမီးလေးရဲ့ အကြည့်လောက်မချိုဘူး
လမင်းဟာ
သမီးမျက်နှာလေးလောက် မ၀ိုင်းဘူး
စောင်းသံဟာ
သမီးရဲ့ အသံလေးလောက် မသာယာဘူး
ငါမင်းတို့ကို လွမ်းတယ်
ရေဆာသူ ရေငတ်သလိုကို လွမ်းတယ်
တကယ်ပါ
ငါ့ဘ၀မှာ
မင်းရဲ့ မာဖလာလေးရယ်
သမီးလေးရဲ့ မွှေးပွခွေးရုပ်လေးရယ်ပဲ ရှိခဲ့တာပါကွာ

2 comments:

အလင်းသစ် said...

ကဗျာလေး ကောင်းတယ်ဗျာ။။ စပါရှယ် အားပေးခဲ့ပါတယ်။။။ :P

မဒမ်ကိုး said...

ဒါဆို ကလေးတစ်ယောက်အဖေလေးပေါ့နော်

ကဗျာထဲကလူပြောပါတယ်း)

ခင်မင်လျှက်