မိန်းမတို့၏မာယာ ဆိုသည်မှာ မိန်းမတို့၏ လျိုဝှက်သော အပြုအမူသာဖြစ်သည်။မိန်းမတို့၌ မာယာဖြစ်ပေါ်ရခြင်းသည် ပတ်ဝန်းကျင်၏ လှုံဆော်မူ၊ မဟာယောကျာ်းတို့၏ ဖိနှိပ်မူကြောင့်ဟုဆိုနိုင်သည်။ အမှန်မူ မိန်းမသားတို့၌ မာယာဖြစ်ပေါ်ရခြင်းမှာ ယောကျာ်းတို့အား နှိပ်စက်ကလူပြုရန်မဟုတ်။ သူတို့ရင်ထဲ၌ ဖြစ်ပေါ်နေသော အကြောင်းကို မသိမသာ ဖော်ထုတ်ခြင်းသာဖြစ်ပေသည်။ယင်းသို့ မိန်းမသားတို့၏ ရင်တွင်း ဖြစ်ပေါ်မူ မာယာအား အနက်ဖွင့်အမျိုးမည် ခွဲခြားလိုက်လျင် အမျိုးပေါင်း(၄၀) ရှိသည်ဟုတွေ့ရသည်။
၎င်းမာယာ (၄၀)တို့အား ဖော်ပြပါအံ့..။
* မိန်းမမာယာ (၄၀)...
၁။
ဝိဇမ္ဘတိ။ ။ ဦးခေါင်း၊ခြေ၊ လက်တို့ကို ဆန့်ပြခြင်း။(မိမိချစ်သူ ဝေးရာမှဖြစ်စေ၊ နီးရာမှဖြစ်စေ ဦးခေါင်းခြေလက် လှုပ်ရှားဆန့်ပြခြင်း။
၂။
ဝိနမတိ။ ။ ခါးကို ရှေ့နောက်ကုန်းကော့ပြခြင်း။(မိမိချစ်သူ မိမိကိုယ်နေဟန်ထားကို စွဲမက်စေရန် ကိုယ်ကာယကို နွဲ့ညွှတ်ပြခြင်း။
၃။
ဝိလာသတိ။ ။ စောင်း၍လည်းကောင်း၊ ပက်လက်လည်းကောင်း အိပ်ပြခြင်း။ (မိမိချစ်သူ မိမိအားတပ်မက်လာစေရန် ပြခြင်း။)
၎။
ဝိလဇ္ဇာတိ။ ။ ရှက်စနိုးဟန် မရဲတရဲပြခြင်း။(မိမိချစ်သူအား မချိုမချဉ်မျက်နှာပေးဖြင့် နွဲ့သလို ပြုလုပ်ပြခြင်း။)
၅။
နစေန နခိယဋေတိ။ ။ လက်သည်းခြင်း ထိခိုက်ပွတ်ပြခြင်း။(မိမိချစ်သူရှေ့တွင် မျက်လုံးမှေးစင်းကာ စဉ်းစားသလို လက်သည်းခြင်း ပွတ်ပြခြင်း)
၆။
ပါဒေနပါတံ အက္တမဟိ။ ။ ခြေဖြင့် ခြေဖ၀ါးတစ်ဖက်ကို ဖိနင်းပြခြင်း။(မိမိချစ်သူရှေ့တွင် အလိုမပြည့်ဟန် ဖြင့် ခြေဆောင့်နင်းပြခြင်း)
၇။
ကဠေန ပထ၀ိံငိလေတိ။ ။ တုတ်ဖြင့် မြေကြီးကို ရေးခြစ်ပြခြင်း၊(မိမိချစ်သူရှေ့တွင် အတွင်းဆွေး ဆွေးနေဟန် မြေ၊ သင်ဖျူးကို ရေးခြစ်ပြခြင်း။)
၈။
ဒါရကံ၊ နလ္လဃာလတိ။ ။ သူငယ်ကိုမြှောက်ချီပင့်ခြင်း။ (မိမိချစ်သူရှေ့တွင် ကလေးသူငယ်အား မြှောက်ပင့်ချီပြခြင်း။)
၉။
ကိဋတိ၊ ကိဋာလေတိ။ ။ ကလေးနှင့်ကစား၍ ခုန်ပြေးပြခြင်း။(မိမိချစ်သူရှေ့တွင်ကလေးနှင့် ခုန်ပေါက်ပြေးလွှားဆော့ခြင်း။)
္လ၁၀။
ခုမ္ဗတိ၊ ခုမ္ဗပေတိ။ ။ ကလေးကိုနမ်း၏။ နမ်းစေ၏။(မိမိချစ်သူရှေ့တွင် ကလေးကိုနမ်းပြခြင်း၊ နမ်းစေခြင်း)
၁၁။
ကုဉ္စပေတိ။ ။ စားစေ၏။စားသောက်ခိုင်း၏။(မိမိချစ်သူရှေ့တွင် ကလေးကိုစားစေခြင်း၊ စားသောက်ခိုင်းခြင်း)
၁၂။
ပဒါတိ။ ။ လက်ဆောင်ပစ္စည်းပေးကမ်းခြင်း။(မိမိချစ်သူအား လက်ဆောင်ပစ္စည်း ပေးကမ်းခြင်း)
၁၃တ။
ကတံ၊ အနုကယေိာ။ ။ ချစ်သူလုပ်သမျှ အတူလုပ်ပြခြင်း။(မိမိချစ်သူ လုပ်သမျှကို လိုက်၍လုပ်ပြတက်ခြင်း)
၁၄။
နစ္စံတာသတိ။ ။ ချစ်သူဂုဏ်ကို အမြင့်ဆုံး ပြောပြခြင်း။(မိမိချစ်သူအား အမြဲဂုဏ်ယူမြှင့်တင် ပြောခြင်း)
၁၅။
နိစ္စံဘာသတိ။ ။ သူများက ချီးမွမ်းလျင် မိမိက နှိမ်ချပြောခြင်း(သူတစ်ပါး ချီးကျူးသည်နှင့် ဆန့်ကျင်ကာ နှိမ်ချပြောခြင်း)
၁၆။
အ၀ိစ္စံ ဘာသတိ။ ။ ချစ်ကြိုက်ကြောင်းကို ဖွင့်ဟ ဗြောင်ပြောခြင်း။(မိမိချစ်သူအား နှစ်သက်စွဲလမ်းချစ်ခင်ကြောင်း ဖွင့်ဟပြောဆိုခြင်း)
၁၇။
ဇိဝိစ္စံ ဘာသတိ။ ။ ဥပမာ စကားတို့ဖြင့် ချစ်ကြောင်းပြောခြင်း။(မိမိချစ်သူအား စွဲလမ်းချစ်ခင်ကြောင်း ဥပမာတို့ဖြင့် ကွယ်ဝှက်ပြောဆိုခြင်း)
၁၈။
နိစ္စံ။ ။ ကခုန်ပြခြင်း(ချစ်သူရှေ့တွင် ကခုန်တက်ကြောင်း ကပြခြင်း)
၁၉။
ဂီတ။ ။ သီချင်းညည်းခြင်း(ချစ်သူရှေ့တွင် သီချင်းသီဆိုခြင်း)
၂၀
ဝါဒိတံ။ ။ တီးမှုတ်ပြခြင်း( ချစ်သူရှေ့တွင် တီးမှုတ်ပြခြင်း)
(ဆက်လက်ဖော်ပြပေးသွားပါမည်)